Sunday, July 3, 2016

ဘိုကလေး-ဒလပြေးဆွဲသည့် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ



ဘိုကလေး-ဒလပြေးဆွဲ နေသော နိုင်အောင်ကျော် ခရီး သည်တင်ယာဉ်တစ်စီး တိမ်း မှောက်ပြီး အမျိုးသားတစ်ဦး သေ ဆုံးကာ ခရီးသည် ၄၆ ဦး ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

တိမ်းမှောက်ခဲ့သည့် ခရီး သည်တင်ယာဉ်မှာ ဇူလိုင် ၂ ရက် နံနက် ၁၀ နာရီကျော်တွင် ဘိုက လေးမြို့မှ လှိုင်သာယာ အဝေး ပြေးဝင်းသို့အလာ ကွမ်းခြံကုန်း မြို့နယ် တော်ခရမ်းလေး ကျေးရွာ အနီးတွင် တိုက်ရော့ပြုတ်ကျကာ လမ်းဘေးရှိ ထန်းပင်ကို ၀င်တိုက် ခြင်းဖြစ်ကြောင်း ဒါနပါရမီ-ဖေး ကူလက် ကူညီမှုအသင်း တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘ကားက အရှိန်နဲ့လမ်းဘေး က ထန်းပင်ကို ၀င်တိုက်မိတယ်။ အရှိန်ပြင်း၊ မပြင်းတော့ မသိဘူး။ ထန်းပင်တောင် လဲသွားတယ်။ ယာဉ်ပေါ်ပါသူတွေထဲမှာ နှစ် ယောက်ကတော့ ထိခိုက်မှုမရှိ ဘူး။ အမျိုးသားတစ်ယောက် တော့ သေသွားတယ်။ အရေးကြီးတဲ့ လူနာခြောက်ယောက်ကို ကွမ်းခြံကုန်းဆေးရုံနဲ့ ဒေးဒရဲဆေးရုံမှာ တင်ပို့ပေးထားပါတယ်’’ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ဘိုကလေးမှ လှိုင်သာယာသို့ မောင်းနှင်လာသော နိုင်အောင် ကျော် ခရီးသည်တင်ယာဉ်ပေါ် တွင် လိုက်ပါလာသည့် ခရီးသည် များအနက် ထိခိုက်ဒဏ်ရာပြင်း ထန်သူ ခြောက်ဦးရှိပြီး ယာဉ်မောင်း အမျိုးသားနှင့် ယာဉ်နောက်လိုက် တို့မှာ ဇူလိုင် ၂ ရက် ညနေအထိ သတိမရသေးကြောင်း ကွမ်းခြံ ကုန်းရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘အခုအချိန်အထိ ကျား၊ မ စာရင်းတွေ ကောက်နေတုန်းပါ။ လူနာတွေကလည်း ဆေးရုံနှစ်ခု တင်ပို့ထားတော့ သတင်းတွေမေး ရတုန်းပါ။ နောက်ထပ်သေဆုံးသူ တွေရှိတယ် ကြားပေမယ့် ဘယ် သူတွေဆိုတာတော့ အတည်ပြု လို့မရသေးဘူး။ အမျိုးသားတစ်ဦး တော့ သေဆုံးတာမှန်ပါတယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ရခြင်းမှာ ကားရှေ့ဘီးပွင့်ထွက် ကာ တိုက်ရော့ပြုတ်ကျခဲ့ပြီး နောက်လမ်းဘေးရှိ ထန်းပင်ကို ၀င်ရောက်တိုက်ခဲ့၍ ယာဉ်မောင်းအမျိုးသားကို ကွမ်းခြံကုန်းရဲစခန်း က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

No comments: