Friday, July 15, 2016

အောင်မင်္ဂလာအဝေးပြေးဝင်းမှ လစဉ်ဝင်ငွေ ကျပ်သိန်းငါးရာမှ သိန်းတစ်ထောင်ကြား မထသက အလွဲသုံးစားပြုနေကြောင်း လုပ်ငန်းရှင်များ ဝေဖန်ပြောကြား

အောင်မင်္ဂလာတွင် ရပ်နားထားသော ယာဉ်တစ်စီး (ဓာတ်ပုံ - ကျော်ဇင်သန်း)

 အောင်မင်္ဂလာအဝေး ပြေးတွင် လစဉ်ကောက်ခံမှုများမှ ရရှိသည့် ဝင်ငွေကျပ်သိန်းငါးရာမှ တစ်ထောင်ကြားကို မထသအဖွဲ့က အလွဲသုံးစား ပြုလုပ်နေ ကြောင်း ပို့ဆောင်ရေးလုပ်ငန်းရှင်  များက ထောက်ပြပြောဆိုသည်။

ဇူလိုင် ၁၂ ရက်တွင် ပြုလုပ် သော မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ကုန်းလမ်းခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း တွေ့ဆုံ ပွဲ၌ လုပ်ငန်းရှင်များက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အား အထက်ပါအတိုင်း တင်ပြခဲ့သည်။

‘‘အောင်မင်္ဂလာအဝေးပြေး ကနေထွက်ရင် မထသကလုပ် ထားတဲ့ ဂိတ်သုံးဂိတ်ရှိတယ်။ ဘယ်ကိုပဲထွက်ထွက် အဲဒီဂိတ် တစ်ဂိတ်စီကို ဂိတ်ကြေးကျပ်ငါး ရာပေးရတယ်။ ပြန်လာရင်လည်း ဂိတ်တစ်ဂိတ်စီကို ကျပ်ငါးရာ ပေး ရတယ်။ တချို့ပေးရတဲ့ ငွေတွေ မှာ ပြေစာမရှိပါဘူး။ ကားတစ်စီး ထွက်လို့ တရားဝင် ၂ ရာခိုင်နှုန်း ဆောင်တဲ့နေရာမှာလည်း အနည်း ဆုံးကျပ်နှစ်ထောင်လောက်ပိုပေး နေရတာတွေဖြစ်နေတယ်’’ဟု ကုန်းလမ်းခရီးသည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူး ဦးစိုးသိန်းက ပြောသည်။

အောင်မင်္ဂလာအဝေးပြေးမှ ယာဉ်တစ်စီးထွက်လျှင် ကားအ မျိုးအစားပေါ်မူတည်ပြီး ကားပေါ် တွင် တင်ဆောင်နိုင်သော ခွင့်ပြု ခရီးသည်ဦးရေနှင့် သွားမည့်ခရီး စဉ်လမ်းကြောင်း အသွားအပြန် သတ်မှတ်ယာဉ်စီးခနှုန်းထားကို တွက်ချက်ကာ ၂ ရာခိုင်နှုန်း မထသသို့ တရားဝင်ငွေကြေးပေး ဆောင်ရသည်။ ထိုကဲ့သို့ ကောက် ခံရာတွင်လည်း တရားဝင်ပြေစာ ရေးသွင်းရမည့်ငွေထက် ပါးစပ် ဈေးဖြင့် ပိုမိုကောက်ခံများရှိနေ ကြောင်း အဝေးပြေးယာဉ်လိုင်း ပိုင်ရှင်အချို့က ပြောသည်။

‘‘ပိုက်ဆံပေးနေရတာတွေ က အမှန်တကယ်ဖြစ်နေတယ်။ ဒါပေမဲ့ တရားဝင်တိကျအောင် လုပ်ငန်းရှင်တွေကို မေးတယ်။ အခု သက်ဆိုင်ရာအဖွဲ့အစည်း များရဲ့ ဌာနတွင်း စစ်ဆေးမှုတွေရှိ အောင် တင်ပြမယ်’’ဟု မင်္ဂလာဒုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

ယင်းဖြစ်ရပ်အတွက် ထိထိ ရောက်ရောက် အရေးယူမည်ဖြစ် ပြီး ခေါ်ယူမေးမြန်းခြင်းမျိုး၊ ညှိနှိုင်းခြင်းမျိုး လုပ်သွားမည်မဟုတ်ဘဲ ပြဿနာကိစ္စရပ်တစ်ခုဖြစ်လာပါ က ချက်ချင်းအရေးယူနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောသည်။

‘‘မော်တော်ယာဉ်ထွက်တဲ့ အခါ တရားဝင်ပေးဆောင်ရမယ့် ၂ ရာခိုင်နှုန်းကလွဲပြီး ဂိတ်တွေကို ငွေကြေးကောက်ခံခွင့်မပြုထားပါ ဘူး။ ငွေကြေးကောက်ခံတာ ငွေ ကြေးပိုမိုတောင်းခံတာတွေရှိရင် လည်း အထောက်အထား၊ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြား နိုင်တယ်။ တိုင်ကြားလို့လည်း အရေးယူခဲ့တာတွေရှိတယ်။ တာဝန်ယူခဲ့တဲ့ ခုနစ်နှစ်ကာလမှာ အဂတိလိုက်စားမှု အပါအဝင် တခြားပြစ်မှုတွေကြောင့် အရေးယူအပြစ်ပေးခဲ့တာတွေရှိတယ်’’ ဟု မထသ (အဝေးပြေး)ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောသည်။

ငွေကြေးတရားဝင်ကောက် ခံခိုင်းထားသောနေရာသည် ယာဉ်စတင်ထွက်ခွာချိန် သတ်မှတ်ချက် အတိုင်း ၂ ရာခိုင်နှုန်းကောက်ခံ သည့်နေရာဖြစ်သည်။ အမှန် တကယ် ငွေကြေးပေးသွင်းသည့် အခါ ယာဉ်လိုင်းပိုင်ရှင်များ လာ ရောက်ခြင်းမရှိဘဲ ပွဲစား (သို့) သက်ဆိုင်ရာဂိတ်တွင် တာဝန် ပေးထားသူသာ လာရောက်ပေး ဆောင်သည်။ ထိုသူများ၏ ပြော စကားအရ ငွေကြေးကုန်ကျခြင်း များဖြစ်နိုင်ပြီး ကိုယ်တိုင်ငွေလာ ဆောင်ပြီး ပိုမိုတောင်းခံကြောင်း အထောက်အထားအပြည့်အစုံ ဖြင့် တိုင်ကြားပါက အရေးယူအ ပြစ်ပေးလျက်ရှိကြောင်း ဦးညွန့် ဝေက ပြောသည်။

No comments: