မြန်မာ့မီးရထားတစ်ခေတ်လှမ်းဖို့ခြေလှမ်းသစ်တွေစတင်ခဲ့ပါပြီ ''လေအိတ်ကား''တွေ လိုခု''လေအိတ်ရထား''ကြီးပေါ်ထွက်လာပါပြီခင်မျာ. . . .
လေအိတ်ရထားကြီးဆိုတော့. . . .တချို့ကမေးမယ်မင်းဟာကဘာထူးလဲပေါ့?ထူးတာပေါ့ လေအိတ်ကားတွေလိုပေါ့ဗျာ ခုန်တာ ဆောင့်တာတွေမရှိတော့ဘူးပေါ့ဗျာ ယခင်ရထားတွဲဖွဲစည်းပုံတွေနဲ့ ကွဲပြားသွားပြီလေ
လက်ဆတ်ပြီးသစ်လွင်တဲ့မော်ဒန်စိမ်းအရောင်လေးက စီးချင်စဖွယ်လေးလေ ယခင်အသုံးပြုသော coils systemတွေအစား ယခုအခါလေအိတ်စနစ်နှင့်တွဲဆိုင်းရှိတွဲအားလုံး၏လေအိတ်သို့ ပေးပို့သောသောတူညီသော ကွန်ပရက်airconစနစ်နဲ့ပြောင်းလဲတပ်ဆင်ထားပါသည်။ ဘရိတ်ပိုင်းဆိုင်ရာစနစ်တွေကလည်း လုံးဝကောင်းမွန် SAFE ဖြစ်သောကြောင့် မိမိတို့လိုရာခရီးကို သက်တောင့်သက်သာ အန္တရာယ်ကင်းစွာ ဇိမ်ကျကျနဲ့ စီးနင်းနိုင်မှာဖြစ်ပါတယ်။
လေအိတ်ရထားတွေကိုအမှတ်၅/၆ရထားတွင်တွဲဆိုင်းနှစ်ဆိုင်းဖြင့်ပြေးဆွဲနေပါသည်မန်းလေးမှနေ့လယ်၃နာရီထွက်ခွာပြီးခရီးဆုံးဘူတာဖြစ်သော ရန်ကုန်ဘူတာသို့မနက်၅နာရီမှာရောက်မှာဖြစ်ပါသည်ရန်ကုန်မှလည်းထို့အတူဖြစ်ပါသည်။လက်မှက်ခနှုန်းထားတွေလည်းပြောင်းလဲခြင်းမရှိဘဲ ပုံမှန်လက်မှတ်ခသာကျသင့်ပါမည်။
အားသာချက်ကတော့
ယခင်စီးခဲ့ဖူးသောတွဲတွေလို GEMဆော့ ကစားနေရလိုမဖြစ်ခြင်း/ မြင်းစီးနေရသလိုမခုန်ခြင်း/သန့်ရှင်းသပ်ရပ်ခြင်း/ နေရာကျယ်ဝန်းခြင်း/အချိန်မှန်ခြင်း/ ဝန်ဆောင်မှုကောင်းခြင်းရထားပေါ်သံသာသာသီချင်းများနားဆင်ရခြင်း/ ရှုခင်းသဘာဝလှပခြင်း/ အစားအသောက်အတွက်လည်းဝန်ဆောင်မှုကောင်းမွန်ခြင်း/ ပြေပြစ်စွာဆက်ဆံခြင်း /လုံခြုံးရေးအတွက်လည်း မပူပါနဲ့ခင်မျာ CCTVကင်မရာများတပ်ဆင်ထားပေးသောကြောင့်စိတ်ချလက်ချအဆင့်မြင့်မြင့်အိပ်စက်ပြီးအိမ်မက်တွေကောင်းမွန်စွာမက်နိုင်ပါပြီခင်မျာ။
ညရထားဖြစ်တာကြောင့် လမ်းဘူတာမှာမနိုးခဲ့မှာမပူပါနဲ့ခင်မျာ ပြန်ကြားရေးစနစ်လည်းပါသေးခင်မျ ဒါမှမနိုးခဲ့ရင် ရထားပေါ်တာဝန်ကျ ရထားမောင် (တွဲထိန်း)တွေကလာနိုးပါသေးတယ် အထုတ်ပိုးမနိုင်တာမျိုးလည်း ကူညီချပေးတင်ပေးတော့ အရာရာအဆင်ပြေပြီပေါ့ခင်မျာ။
ယခင်ဆိုးရွားခဲ့သောအိမ်မက်တွေ အတိတ်မှာထားခဲ့ပြီး အဆင့်မြင့်လေအိတ်ရထားကိုစီးဖို့ တိုက်တွန်းလိုက်ပါတယ်ခင်မျာ။လေယာဉ်နီးနီး ပေါ့ဗျာ။ရထားလေးကအရင်ကလို ''ပုခက်ကိုမြင်းပေါ်တင်စီးသလိုမျိုး'' 'အိမ်မက်တွေကနိုးခဲ့ပါတော့
အဆင့်မြင့်လေအိတ်ရထားကြီးပေါ်မှာ သံသာသာတေးသီချင်းတွေနားဆင်ရင်း ကော်ဖီပူပူလေးတခွက်ကိုမှာ သာယာတဲ့ရှုခင်းလေးတွေကို ကြည့်ရင်း စိတ်ကူးလေးယဉ်ကာ မိမိလိုရာခရီးကို စိတ်ချမ်းမြေ့ပျော်ရွှင်စွာသွားရောက်နိုင်ပါပြီခင်မျာ။ ခရီးသည်တွေ လိုချင်သော တန်ရာတန်ကြေး ပေးရပြီး တန်ရာတန်ကြေးပြန်ရတဲ့ SERVICE က လေအိတ်ရထားပေါ်မှာရှိနိုင်ပါပြီခင်မျာ။လွန်စွာကောင်းမွန်ပြီး အဆင့်တန်းမြင့်သောရထားကိုစီးရင်းမိမိကိုယ်ကိုဂုဏ်ယူနိုင်ဖို့ အခုပဲရန်ကုန်မန်းလေးခရီးသွားမယ်ဆို မြန်မာ့မီးရထားကို စီးနင်းဖို့ တိုက်တွန်းအပ်ပါတယ်ခင်မျာ ကျနော်သတင်းပေးတာကိုမယုံလျှင် စမ်းစီးကြည့်နိုင်ပါတယ်ခင်မျာ တကယ်လက်တွေ့မှာစားပွဲပေါ်ကော်ဖီခွက်လေးတင်ကြည့်လိုက်ပါ လုံးဝမှောက်မကျပါ ဘူး။
ထို့ကြောင့်ကော်ဖီပူပူလေးသောက်ရင်း
စိတ်ကူးတွေယဉ်နိုင်ဖို့ မြန်မာ့မီးရထားအဆင့်မြင့်လေအိတ်ရထားကိုစီးနင်းကြဖို့တိုကိတွန်းလိုက်ပါတယ်
ကျေးဇူးပြု၍
ကျန်ုပ်တင်ပြတာမှန်ကန်ခဲ့ရင် ကျနော့်အားကျေးဇူးမတင်ပါနဲ့ အဲ့အစားယခုပို့လေးကို လူကြီးမင်းတို့ WALL မှာ share လေးတချက်လုပ်ပေးခြင်းဖြင့် လူကြီးမင်းတို့ ဘောဒါတွေကို ကောင်းကြောင်းလေးပဲပြောပေးပါ
လေးစားစွာဖြင့်
AungZawHtet
Copy for Yin Yin Thein Naba
No comments:
Post a Comment