အစ္စတန်ဘူမြို့ မှာ စစ်ကားတွေ က တံတားတွေ ကို ပိတ်ဆို့တူရကီ စစ်တပ် က သူတို့ နိုင်ငံရဲ့အာဏာ ကို သိမ်းလိုက်ပြီ ဆိုတဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရုပ်မြင်သံကြား ကနေ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီမိုကရေစီ ကို ထိန်းသိမ်းဖို့ အခုလိုလုပ်ဆောင်ရတာ ဖြစ်တယ် လို့ ဆိုပြီး ဥပဒေ စိုးမိုးရေး ကို ဦးစားပေး လုပ်သွားမယ်လို့ ဆိုပါတယ်။
အစ္စတန်ဘူနဲ့ အင်ကာရာ လေဆိပ် တွေ ကို တင့်ကား တွေနဲ့ ပိတ်ထားတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်နေပါတယ်။
အစ္စတန်ဘူ က ထွက်မယ့် လေကြောင်းခရီးစဉ် တွေလည်း ဖျက်သိမ်းထားပါတယ်။
တူရကီ ဝန်ကြီးချုပ် ဗင်နာရီ လီရင် က စစ်တပ်ထဲက အစုအဖွဲ့တခုက အစိုးရ ကိုဖြုတ်ချအောင်ကြိုးပမ်း နေကြတယ်လို့ ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။
မြို့တော် အန်ကာရာမှာ ဂျက်တိုက်လေယာဉ်တွေ၊ ဟယ်လီကော့ပတာတွေ ပျံသန်းခဲ့ပြီးတဲ့နောက်ပိုင်း မစ္စတာ လီရင် က NTV ရုပ်သံ ကနေ ပြောကြားခဲ့တာပါ။
အစ္စတန်ဘူ မြို့ မှာလည်း စစ်ကားတွေ က တံတားတွေ ကို ပိတ်ဆို့ထားတယ်ဆိုတဲ့ သတင်းတွေ သေနတ်သံတွေ ကြားရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
BBC Burmese
No comments:
Post a Comment