Tuesday, July 12, 2016

ကျန်းမာရေး ဝန်ကြီးဌာန သို့

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် အနောက်ခြမ်းရှိ ချောင်းနားတိုက်နယ် ဥက္ကံ ချောင်းနား မိုးနံ သရက်ချဉ် ညောင်ပင်လှ စသော တိုက်နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ကလေးသူငယ်များ တုပ်ကွေးရောဂါ နှင့် ပြင်းထန်သောကျန်းမာရေး ကူးစက်ရောများကို ခံစားနေကြရပါသည် ။
စနစ်ကျသော တိုက်နယ်ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ခံယူကြရသောကလေးများရှိသလို စနစ်မကျသော မိရိုးဖလာ ဟိုဟာလေးတိုက်လိုက် သက်သာသွားလိုက် ဒီဟာလေးတိုက်လိုက် သက်သာသွားလိုက်နဲ့ စနစ်မကျ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း တချို့သောမိဘများကိုယ်တိုင် တိုက်ကျွေးပြုစုနေကြပါသည်။ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများမဖြစ်ပေါ်စေရန်အတွက်၎င်း အနှာနင့်လွှဲ ဆေးတလွှဲ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်သော်၎င်း ကျန်းမာရေး ဗဟုတုသများရရှိနိုင်စေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများကို လာရောက်ဟောပြောပေးပါရန် သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ တင်ပြတောင်းဆိုအပ်ပါသည် ကျန်းမာရေးဆိုင်ရာပုဂ္ဂိုလ် များခများ ။ ခြင်များ မပေါက်ဖွားနိုင်အောင် မည်သို့ မည်ပုံ ပတ်ဝန်းကျင်ကို ဘယ်လိုကရုစိုက်သင့်သည် ဘယ်လိုကာကွယ် ထိမ်းသိမ်းသင့်သည် ရောဂါပိုး မကူးစက်နိုင်အောင် ဘယ်လိုကာကွယ်သင့်သည်များကို မိဘပြည်သူများ သဘောပေါက်နားလည်နိုင်စေရန် ဟောပြောဆွေးနွေးပေးပါရန် တင်ပြအပ်ပါသည်။ 12-7-2016 ရက်တွင် ဥက္ကံရွာမှ မောင်ဇင်မျိုးဦး
အသက် ( 9 ) နှစ် အတန်းပညာ ( 4 ) တန်း တက်ဆဲ ကလေးတစ်ယောက် / သရက်ချဉ်ရွာမှ အသက် ( 8 )နှစ်ဝန်းကျင် ကျောင်းနေဆဲ ကလေးတစ်ယောက် / မိုးနံရွာမှ အသက် ( 3 ) နှစ်အရွယ် ကလေးတစ်ယောက် စုစုပေါင်း ( 3 ) ရောက် တစ်လအတွင်း ပျက်စီးဆုံးရှုံး မှုများဖြစ်ပွားခဲ့ရပါသည်။

ပုံများမှာ ကလေးငယ်တစ်ဦး တုပ်ကွေးရောဂါဖြင့်အသက်ဆုံးပါးသွးပုံ

မိဘများအနေဖြင့်လဲ မိမိ၏ကလေးများအား ကျန်းမာရေးအထူးဂရုစိုက်ပေးကြပါရန်နှင့် အကယ်၍ရောဂါဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ကျန်းမာရေးဆေးရုံများသို့အမြန်ဆုံးကုသမူခံယူကြပါရန် အသိပေးအပ်ပါသည်

Credit - Mediar Kawlinn
Via - Ko Gyi Maung

No comments: