Monday, July 25, 2016

အမေရိကန်သံရုံးမှ ပြည်သူသို့ တောင်းပန်မှုပြုလုပ် ------- ------- --------

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးမှ ဇူလိုင်လ ၂၄ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်တွင် အမေရိကန် သံရုံး၌ ဖြစ်ပွားခဲ့သည့် မတော်တဆမှုအတွက် ပြည်သူသို့ တောင်းပန်မှုတစ်ရပ် သံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

သံရုံးအနေဖြင့် ပုံမှန်လုံခြုံရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထိုသို့ ပြုလုပ်ရာတွင် မတော်တဆမှုဖြစ်ခဲ့ကာ လမ်းသွားလမ်းလာများနှင့် သံရုံးအနီးပတ်ဝန်းကျင်ရှိ စီးပွားရေးလုပ်ငန်းများ အတွက် ကသိကအောက်ဖြစ်၍ အဆင်မပြေမှုများ ဖြစ်စေခဲ့ခြင်း၊ ဖြစ်စဉ်အတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခြင်းမရှိခဲ့ကာ သံရုံး၏ လုပ်ငန်းဆောင်တာများလည်း ပုံမှန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသို့ဖြစ်ပွားခဲ့ရခြင်းအတွက် သံရုံးအနီးတစ်ဝိုက် ပတ်ဝန်းကျင်အတွင်း နေထိုင်ကြသူများနှင့် ဤနေရာအတွင်း ရောက်ရှိခဲ့ကြသူများ အားလုံးကို မိမိတို့အနေဖြင့် တောင်းပန်ပါကြောင်းဖြင့် အမေရိကန်သံရုံး၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ မတော်တဆမှုကြောင့် သံရုံးအနီး ဖြတ်သန်းသွာလာသူများသည် မျက်လုံးစပ်လာခြင်း၊ နှာမွှန်လာခြင်းတို့အပြင် အသက်ရှူကျပ်ခြင်းတို့ ဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

The Ladies News

No comments: