Monday, July 11, 2016

ထားဝယ်-ရေး အမြန်လူစီးရထားလမ်းသစ်ပင်လဲ၍ လမ်းပိတ်

ရေဖြူ ဇူလိုင် ၁ဝ

ထားဝယ်မှရေးသို့ မောင်းနှင်လာသော (၁၇၆)အစုန် အမြန်လူစီးရထား သည် ရေဖြူမြို့ နယ် ရေဖြူဘူတာနှင့် သက်ကယ်ကွမ်းဘူတာကြား ရထားလမ်း မိုင်တိုင်အမှတ် (၃၅၇/ ၁၈ မှ ၁၉)တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး လေပြင်း တိုက်ခတ် မှုကြောင့် ဇူလိုင် ၁ဝ ရက် နံနက် ၇ နာရီက သက်တမ်း လွန်ရော်ဘာပင်ကြီးပြိုလဲ၍ ရထားလမ်းပေါ်ကျကာ လမ်းပိတ် သွားသဖြင့် ရထားရပ်တန့်ပြီး ရထားပေါ်တွင် လိုက်ပါတာဝန်ထမ်းဆောင် လာသော စက်ခေါင်းမောင်း၊ ရထားထိန်း၊ တွဲထိန်း၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဝိုင်းဝန်း ခုတ်ထွင်ရှင်းလင်းခဲ့သဖြင့် နံနက် ၇ နာရီ မိနစ် ၂ဝ တွင် ရထားလမ်း ပွင့်သွားပြီး ရထားမှာ ရေးဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

တင်ထွဋ်(မော်လမြိုင်)
MOI

No comments: