Tuesday, July 12, 2016

မောင်ဂွမ်ဆိုင်းအောင် သူငယ်ချင်းများ မြို့မရဲစခန်းသို့ သက်သေထွက်ဆိုနေ


ဇူလိုင် ၁၁

မောင်ဂွမ်ဆိုင်းအောင်သေဆုံးခဲ့သည့်ညက သေဆုံးသူနှင့်အတူပါလာသည့် သူငယ်ချင်းများထဲမှ ၃ ဦးသည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့မရဲစခန်းသို့ လာရောက်သက်သေထွက်ဆိုနေကြသည်။
       အဆိုပါသုံးဦးမှာ မောင်ဂျိုးဇက်ဘရန်နန် အသက် ၁၉ နှစ် တပ်ကုန်းရပ်ကွက် မောင်ထွယ်ဆန်အောင် အသက် ၁၈ နှစ် ကချင်စုရပ်ကွက်နှင့် မောင်ဆွတ်ဂျတ်အောင် အသက် ၁၇ နှစ် ဒူကထောင်ရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။
       ထို့ပြင် ၎င်းတို့သုံးဦးသာမကဘဲ အခင်းဖြစ်ပွားသည့်ညက ပါဝင်ခဲ့ကြသည့် တပ်မတော်သားနှစ်ဦးနှင့် ယောက်ျားလေးနှစ်ဦး မိန်းကလေးနှစ်ဦးတို့ပါ လာရောက်အစစ်ဆေးခံနေကြကြောင်း သိရှိရသည်။
                                    ဝေဖြိုးအောင်

No comments: