Monday, July 11, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် မွန်ဂိုလီးယားနိုင်ငံ၌ လာမည့် သောကြာနေ့တွင် စတင်ပြုလုပ်မည့် ၁၁ ကြိမ်မြောက် အာရှ - ဥရောပ ဆွေးနွေးပွဲ ( ASEM) သို့ တက်ရောက်ရန် တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြသည်

သမ္မတ ဦးထင်ကျော်သည် ခရီးစဉ်တွင် မွန်ဂိုလီးယားသမ္မတ ဆာခီယာဂျင် အယ်လ်ဘီဒေါ့ဂ်ျနှင့် တွေ့ဆုံမည်ဟု ဆိုသည်။

သမ္မတနှစ်ဦးသည် ကုန်သွယ်ရေး၊ သတ္တုတွင်း၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးမည်ဟု နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြသည်။ ၂ ရက်ကြာ ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ASEM နှစ် ၂၀ ပြည့် အခမ်းအနားကိုပါ ထည့်သွင်း ပြုလုပ်မည် ဖြစ်သည်။ ASEM သည် စတင်ချိန်က နိုင်ငံ ၂၆ နိုင်ငံသာ ပါဝင်ခဲ့သော်လည်း ယခုအခါ နိုင်ငံ ၅၃ နိုင်ငံ ပါဝင်တက်ရောက်ဆွေးနွေးမည် ဖြစ်သည်။

KHTun

The Ladies News

No comments: