Friday, March 18, 2016

မှတ်ဉာဏ်ဆိုးတွေ ဘယ်လို မေ့ဖျောက်ပစ်မလဲ

မှတ်ဉာဏ်ဆိုးတွေဟာ ဦးနှောက်ထဲက ပိုပြီး မေ့ပျောက်ရ ခက်လှပါတယ်။
play

ပြန်သတိမရချင်တဲ့ အတိတ်က မှတ်ဉာဏ်ဆိုးတွေကို အမြဲလိုလို သတိရနေတတ်တာဟာ ကျန်းမာရေးကို ဆိုးရွားရွား ထိခိုက်စတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဦးနှောက်ထဲ ရှိတဲ့ မှတ်ဉာဏ်ဆိုတာ မေ့ဖျောက်ရ ခက်လှပါတယ်။
အတိတ်က ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်ဆိုးတွေ၊ နာကျင်ခံစားရတာတွေကို ခဏခဏ မတွေးမိအောင် လုပ်နိုင်တဲ့ နည်းလမ်း (၄) ခုရှိပါတယ်။
၁။ ဘယ်အချိန်မှာ တွေးမိလဲ စဉ်းစားပါ
တိုက်ဆိုင်မှုတွေရှိလာရင်လား၊ အိပ်ယာဝင်ခါနီးလား၊ အားသွားတဲ့ အချိန်လား ဘယ်အချိန်မှာ ဒီအကြောင်းတွေ ပြန်တွေးမိလဲ စဉ်းစားကြည့်ပါ။ ဒီအကြောင်း တွေးမိတဲ့ အချိန်ကို သိလာရင် နောင်မတွေးမိအောင် အဲဒီအချိန်မှာ တစ်ခုခု လုပ်ဖို့ စဉ်းစားထားပါ။
၂။ အဖြေရှာပါ
play

ဘာကြောင့် ဒီလိုဖြစ်ခဲ့တာလဲ ပြန်စဉ်းစားကြည့်ပါ။ အမှားတွေကို နောင်တမရဘဲ သင်ခန်းစာသာ ယူလိုက်ပါ။ ကိုယ်လုပ်နိုင်တာ ဘာရှိသေးလဲ စဉ်းစားကြည့်ပါ။
၃။ အချိန် သတ်မှတ်လိုက်ပါ
ဒီအကြောင်းကို ချက်ချင်းမေ့ပစ်ဖို့ မလွယ်ဘူး ဖြစ်နေပါလိမ့်မယ်။ ဟုတ်ပါပြီ။ အချိန်သတ်မှတ်လိုက်ပါ။ တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် ဒီအကြောင်း စဉ်းစားမယ်လို့ တွေးထားလိုက်ပါ။ ဒါဆို ရင်ထဲမှာ ပေါ့သွားပြီး ခဏခဏ တွေးမိမှာ မဟုတ်တော့ပါဘူး။
၎။ အလုပ်များများလုပ်ပါ
play

အလုပ်တွေသာ ဖိလုပ်လိုက်ပါ။ တစ်နေကုန် အလုပ်ရှုပ်နေလေ ကောင်းလေပါပဲ။ အလုပ်ချိန် ပြီးသွားရင်လည်း သူငယ်ချင်းတွေနဲ့တွေ့ဖို့၊ အခြားအရာတွေ လုပ်ဖို့ အစီအစဉ် ဆွဲထားလိုက်ပါ။ တစ်နေကုန် Schedule ပြည့်နေပါစေ။
Source : Life

No comments: