Friday, March 18, 2016

နိုင်ငံရေးဆိုတာ ရှုပ်ထွေးပါ တယ်။ ဒါကြောင့် နိုင်ငံရေး သမား ဆိုတာ သိမ် မွှေ့ရ ပါတယ်။

နိုင်ငံရေးဆိုတာ ရှုပ်ထွေးပါ တယ်။
ဒါကြောင့် နိုင်ငံရေး သမား ဆိုတာ
သိမ် မွှေ့ရ ပါတယ်။

စကားကို မရုတ်မလွန် ပြောတတ်ရပြီး
ဆက်ဆံ ရေးပြေ ပြစ်ရ ပါတယ်။

ပြည်သူနဲ့ လုပ်စား တာ ဖြစ် တဲ့အတွက်
ပြည်သူ့ ခံစားချက်ကို သိရပါတယ်။

ပြည်သူ ဆိုတာက မိမိ ကို ထောက်ခံ
တဲ့သူကို ပြည်သူ လို့ယူဆ လို့မရ
ပါဘူး။

မိမိနဲ့ အယူ အဆ မတူသူဟာ လည်း
ပြည်သူ ပါ ပဲ ။

အခု အစိုးရသစ် ဧပြီလ တစ်ရက် နေ့ဆို
အစပြု တော့ပါမယ်။

အစပြု လာပြီ ဆိုတာ နဲ့ ပါလီမန် နဲ့
အစိုးရ ဆက်ဆံ ရေး ဟာ အရေးကြီး
လှပါတယ်။

သမ္မတကြီးဦးသိန်းစိန် လက်ထက်
ပါလီမန်ဥက္ကဌ ဦး ရွှေမန် နဲ့အစိုးရ အဖွဲ့
အထွဋ် အထိပ် ရှိသူ  သမ္မတ ကြီး
ဦးသိန်းစိန် အစိုးရ နဲ့ ဆက် ဆံရေး
ပြည်သူ အများ သိ ရှိ ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ တခုကောင်းနေပြန်တယ်
အပြန်အလှမ်း ထိန်းကြောင်းမှု ရှိခဲ့ပါ
တယ် ။ (ဗိုလ်လို မရေးတော့ပါဘူး)

အစိုးရသစ် လက်ထက်မှာ ဒီလို ရှိမလား?
ပြန်သုံးသပ်ကြပါစို့ ။

အနိုင်ရပါတီ nld မှာ လွှတ်တော် အမတ်
အဆင့် မပြောနဲ့ သမ္မတ တောင်
ဒေါ်အောင်ဆန်းစုကြည်ကို မလွန်ဆန်
နိုင်ပါဘူး။

ဒါဆို လွှတ်တော် နဲ့အစိုးရ နှစ်ခု စလုံးဟာ
ဒေါ်အောင်ဆန်းစုကြည် လက်ထဲမှာ
ရှိ ပြီး  ဒီမိုကရေစီ မဆန်သော အာဏာ
ရှင် စနစ်အနေ အထား ကို ရောက် နေ
တယ် ဆိုတာ ပြည်သူ အများသိ ရှိဖို့
လိုပါတယ် ။

အာဏာရှင်စနစ် မုန်းပါတယ် ဆိုတဲ့သူ
တွေ  သိသင့် သိ ထိုက်သော အချက်ပါ။

ဒါပေမဲ့  အစိုးရ ကို ထိန်းကြောင်းဖို့
တပ်မတော်သား ကိုယ်စလှယ် ၂၅ ရာ
ခိုင်နှုန်းရှိနေပြန်ပါတယ်။

၂၅ရာခိုင်နှုန်းကလည်း အခြေခံ/ဥပဒေ
အရ ပြဌာန်းထားသော ဥပဒေပါအချက်များကို
သာ ကာကွယ် နိုင် မှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ဆိုတာက တစ်ဦးတစ်ယောက်
က လုပ်ချင်တာ လုပ်လို့မရအောင် အများ
ဆန္ဒနဲ့ ထိန်းကြောင်းသော စနစ်ပါ ။

ဒါပေမဲ့ မြန်မာနိုင်ငံ ရဲ့ လက်ရှိ အနေ အထား
ကတော့ အများအားလုံး တစ်ဦးတစ်
ယောက်ကို မလွန်ဆန် နိုင်တဲ့ အတွက်
အာဏာရှင် လက်အောက် ကို ပြန်ရောက်
သွား သော အခြေ အနေ ပါ။

အာဏာရှင် ဆိုတာ  ယူနစ်ဖောင်ဝတ်ထား
မှ ထင်ရင် မှား နေ ပါလိမ့်မယ်။

အရပ်ဝတ်အာဏာ ရှင် တွေ ကမ္ဘာ နိုင်ငံ
အသီးသီးမှာ အုပ်ချုပ် သွားခဲ့တာ အများ
အပြား ပါ။

ပိုပြီး ဆိုးတာ က ပါတီ နိုင်ငံရေးအရ အများ
ထောက်ခံပြီးပါတီ တစ်ခုလုံးကကြောက်
ရွံ့ ရသော အာဏာရှင် ကို လက်နက်ကိုင်
အဖွဲ့အစည်း တရပ် လုံးက ပါ ထောက်ခံ
လိုက် တဲ့ အခါ  ဒုတိယကမ္ဘာ စစ်က
ဟစ်တလာ လို လူ မျိုး ပေါ်ထွက် လာတာ
နဲ့ အလား သဏ္ဍာန် တူ နေ ပြန်ပါတယ်။

ဒါကြောင့်  အပြန်အလှန် ထိန်းကြောင်း
ဖို့ အတွက် ဘယ်လို အဖွဲ့အစည်းတွေလို
အပ်သလည်း ပြန်လည် သုံးသပ်ဖို့ လို
ပြန်ပါတယ် ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ/ဥပဒေ ဟာ
ဒီလို အခြေအနေ ကို မဖြစ်ဖို့ ရေးဆွဲခဲ့သ
လို ပါပဲ ။

လွှတ်တော်  နှင့် အစိုးရ လူတစ်ယောက်
လက်ထဲကို ကျ ဆုံးသွား တဲ့ အချိန် မှာ
ဘယ်လို အဖွဲ့အစည်းက အပြန်အလှန်
ထိန်းသိမ်းမလည်း ဆိုတဲ့အချက် ပါ။

ဒါကြောင့် နိုင်ငံရေးဆိုတာ ကို "တိမ်တောင်
သဖွယ် မင်းရေးကြွယ်လို့" ရှေ့လူကြီး
များ စကာပုံ ထား ခဲ့ကြတာဖြစ်ပါလိမ့်မယ်။

မင်္ဂလာ ညချမ်းပါ။

No comments: