Friday, March 18, 2016

နာဂသွားမည့် စစ်ဆေးမှအရာရှိများ နေပြည်တော်လေဆိပ်မှ ယနေ့ထွက်ခွာ#

#နာဂသွားမည့် စစ်ဆေးမှအရာရှိများ နေပြည်တော်လေဆိပ်မှ ယနေ့ထွက်ခွာ#

မတ်လ ၁၈ ၂၀၁၆

  နာဂဒေသရှိ ကျန်းမာရေးဌာနများနှင့် ဆေးရုံဆေးပေးခန်းများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ယနေ့နေ့လည်တွင် နေပြည်တော်လေဆိပ်မှ စစ်ဆေးအရာရှိများ ထွက်ခွာသွားပါသည်။ ခွဲစိတ်အထူးကုဘွဲ့ရများအပါအဝင်၊ သမားတော်၊ ကလေးအထူးကုနှင့် မေ့ဆေးဆရာဝန်များလည်း ပါဝင်သည်ဟုသိရပါသည်။
  နဂဒေသတွင် ဆေးပေးခန်းနှင့်ဆေးရုံများရှိသော်လည်း အချို့ဒေသများသို့ ဆရာဝန်များမလာသည်မှာ ၁၀စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဟု သိရပါသည်။ ယခင်ဆရာဝန်များ တာဝန်ချထားခဲ့သော်လည်း ဝေးလံလောင်ဖျားသဖြင့် တာဝန်လာရောက်ထမ်းဆောင်ခြင်း မရှိခဲ့ကြသလို၊ ပြန်ထွက်သွားကြသည်ဟု ကြားသိရပါသည်။ ယခုအခါ တပ်ဘက်မှအရာရှိဆရာဝန်များသာမက ပါရဂူများပါရောက်ရှိလာမည့်အပေါ် နာဂဒေသမှဒေသခံများအတွက် အားတက်ဖွယ်ရာ တစ်လုဖြစ်လာပေတော့မည်။

No comments: