Friday, March 18, 2016

ရင်သားထိပ်ပေါ်အောင် တမင်ဝတ်ပြလိုက်တဲ့ အမ်ဘာရို့စ်

အမျိုးသမီးများ ဖော်ချွတ်ဝတ်ဆင်ခြင်းအပေါ် ကဲ့ရဲ့မှုများကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို အမ်ဘာရို့စ်က ထောက်ခံအားပေးလိုက်တာ ဖြစ်ပါတယ်။
play

အမျိုးသမီးတွေက ဖော်ချွတ်ပြပြီး လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုလုပ်နေတယ်ဆိုတဲ့ ကဲ့ရဲ့ရှုံ့ချတဲ့ ပြဿနာကို ရည်ရွယ်ပြီး အမ်ဘာရို့စ်က သူမရဲ့ ရပ်တည်ချက်ကို ပြသလိုက်ပါတယ်။
အသက် ၃၂ နှစ်အရွယ် မော်ဒယ် အမ်ဘာရို့စ်က သူမရဲ့ရင်သားကို လှစ်ဟပြထားတဲ့ပုံကို တွစ်တာမှာရော အင်စတာဂရမ်မှာပါ တင်လိုက်တာပါ။
play
ကာညေးဝက်စ်ရဲ့ ရည်းစားဟောင်း အမ်ဘာဟာ ဓာတ်ပုံဆရာမ ဆိုမက်ဇ်ဆဘာရီနဲ့ ပူးပေါင်းပြီး ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကမ်းခြေတွေနဲ့ ဆိုရှယ်မီဒီယာပို့စ်တွေမှာ အမျိုးသားတွေ အပေါ်ဗလာနဲ့ တင်ခွင့်ရသလို အမျိုးသမီးများလည်း အဲဒီအခွင့်အရေး ရှိသင့်တယ်ဆိုတဲ့ ခံယူချက်ကို ထုတ်ဖော်တဲ့အနေနဲ့ Free The Nipple ဆိုတဲ့ လှုပ်ရှားမှုကို ပြုလုပ်ကြတာ ဖြစ်ပါတယ်။
play

အမ်ဘာရို့စ်နဲ့ ကာညေးဝက်စ်ရဲ့ဇနီး ကင်မ်ကာဒါရှီယန်တို့က ကမ္ဘာ့ရန်တွေ ဖြစ်ပေမဲ့ ဒီတစ်ခါတော့ အမျိုးသမီးများ အခွင့်အရေးအတွက် စည်းလုံးသွားကြပါပြီ။
Source & Photos : Daily Mail

No comments: