Friday, March 18, 2016

ဖုန်းဘေလ်ဖြည့်တာကို အခွန်ကောက်တော့မယ်

တစ်ထောင်ကျပ်ဖြည့်ရင် ၄၈ ကျပ် အခွန်ပေးဆောင်ရမယ်လို့ သိရပြီး ပြည်တွင်းက ဆက်သွယ်ရေး အော်ပရေတာသုံးခုစလုံး ပါဝင်မယ်လို့ သိရပါတယ်။
play

လာမယ့် ၂၁၀၆-၂၀၁၇ ဘဏ္ဍာနှစ်ကနေစပြီး မိုဘိုင်းဖုန်းသုံးတဲ့သူတွေရဲ့ ဖုန်းဘေလ်ဖြည့်တာတွေကို ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကောက်ခံသွားတော့မယ်လို့ သိရပါတယ်။
‘‘လာမယ့်ဘဏ္ဍာနှစ်စရင် ဖုန်းဘီလ်အပေါ် ငါးရာခိုင်နှုန်းအခွန်ကောက်ဖို့က ဆက်လုပ်နေပါတယ်။ ကောက်ဖို့သေချာသွားပါပြီ။ ဘာလို့လဲဆိုတော့ လွှတ်တော်က အတည်ပြုပြီးဖြစ်တဲ့အတွက် ဧပြီ  ၁ရက်မှာစပြီး ကောက်ရမှာဖြစ်ပါတယ်’’ လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီးပွားရေးဌာန ဒုတိယအရာရှိချုပ် ဦးသိန်းဟုတ်က ဆဲဗင်းဒေး သတင်းစာကို ပြောပါတယ်။
play

၂၀၁၅ ပြည်ထောင်စုအခွန် ဥပဒေသစ်အရ ဒီလိုအခွန်ကောက်ခံတာဖြစ်ပြီး မိုဘိုင်းဖုန်းသုံးစွဲသူတွေအနေနဲ့ ၀ယ်ယူတဲ့ ငွေဖြည့်ကတ်တန်ဖိုးရဲ့ ငါး ရာခိုင်နှုန်းကို အခွန်အနေနဲ့ ပေးဆောင်ရမှာလို့  ၂၀၁၅ ခုနှစ် မေလ ၁၈ ရက်နေ့မှာ အစိုးရက ထုတ်ပြန်ခဲ့တာပါ။
ဖုန်းဘေလ်တွေကို အခွန်ကောက်ဖို့ ထုတ်ပြန်တာကို ကန့်ကွက်တာတွေရှိခဲ့တာကြောင့် အခွန်ကောက်ခံတာကို တစ်နှစ်ဆိုင်းငံ့သွားဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့တာကြောင့် ဒီနှစ်မှာမှ ၂၀၁၆ ပြန်လည်ကောက်ခံဖို့ စီစဉ်ခဲ့တာလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
play

ဖုန်းဘီလ်ဖြည့်တာကို ငါးရာခိုင်နှုန်း အခွန်ကောက်ခံမယ်ဆိုရင် တစ်ထောင်ကျပ်ဖြည့်ရင် ၄၈ ကျပ် အခွန်ပေးဆောင်ရမှာဖြစ်ပြီး ပြည်တွင်းက  ဆက်သွယ်ရေး အော်ပရေတာသုံးခုစလုံး ပါဝင်မယ်လို့ သိရပါတယ်။
Source : 7DayDaily
Photo   : 7DayDaily,MBT

No comments: