Friday, March 18, 2016

ကမ္ဘာ့ပျော်စရာအကောင်းဆုံး နိုင်ငံစာရင်းမှာ မြန်မာ အဆင့် ၁၀၀ ကျော်ချိတ်

ပျော်စရာအကောင်းဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၁ က ဒိန်းမတ်ဖြစ်ပါတယ်။
play

ပျော်ရွှင်မှုဟာ လူသားအားလုံးအတွက် အရေးကြီးပါတယ်။ ကမ္ဘာ့ပေါ်မှာ ပျော်စရာ အကောင်းဆုံးက ဘယ်နိုင်ငံ ဖြစ်မယ်ထင်ပါသလဲ။
နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး နိုင်ငံက ဒိန်းမတ်နိုင်ငံ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှ်စ်အတွက် အသစ်ထုတ်ပြန်လိုက်တဲ့ World Happiness Report စာရင်းဇယားတွေအရ ဒိန်းမတ်နိုင်ငံက နံပါတ် -၁ ဖြစ်နေတာပါ။ ဒိန်းမတ်နိုင်ငံရဲ့ နောက်မှာ ဆွစ်ဇာလန်၊ အိုင်စလန်၊ နော်ဝေ၊ ဖင်လန်နိုင်ငံတွေက ကမ္ဘာ့ပျော်စရာအကောင်းဆုံး ငါးနိုင်ငံ စာရင်းထဲ ပါဝင်ကြပါတယ်။
play

ကမ္ဘာ့ပျော်စရာအကောင်းဆုံး နို်င်ငံစာရင်းမှာ မြန်မာက ၁၁၉ ဖြစ်ပါတယ်။ စုစုပေါင်း ၁၅၇ နိုင်ငံကို ထည့်သွင်းတွက်ချက်ထားတာပါ။ မြန်မာရဲ့အပေါ်မှာ အိန္ဒိယဖြစ်ပြီး မြန်မာရဲ့အောက်မှာ အီဂျစ်နိုင်ငံ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အီရတ်နဲ့ ပါလက်စတိုင်းကတောင် မြန်မာထက် ပျော်စရာကောင်းတဲ့ နိုင်ငံအဖြစ် အဆင့်သတ်မှတ်ခြင်း ခံရထားပါတယ်။
play
စစ်ပွဲမြင်ကွင်းတွေ နေရာအနှံ့ရှိနေတဲ့ အီရတ်က မြန်မာထက် ပျော်စရာကောင်းတယ်လို့ စာရင်းက ဖော်ပြပါတယ်

နိုင်ငံတစ်နိုင်ငံရဲ့ ပျော်စရာကောင်းမှု အဆင့်အတန်းကို တွက်ချက်ရာမှာ နိုင်ငံရေး အခြေအနေ၊ စီးပွားရေး၊ စစ်တမ်းတွေ၊ စိတ်ပိုင်းဆိုင်ရာအယူအဆ စတာတွအပေါ် အခြေခံပြီး တွက်ချက်တာဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်က ပျော်စရာအကောင်းဆုံး နိုင်ငံစာရင်းမှာ အဆင့် ၁၃ နေရာမှာရှိပြီး အင်္ဂလန်ကတော့ အဆင့် ၂၃ ဖြစ်ပါတယ်။ တရုတ်ကတော့ ပျော်စရာစာရင်းမာ ၈၃ ဖြစ်နေပါတယ်။
play

ပျော်စရာအကောင်းဆုံးစာရင်းထဲက အောက်ဆုံးမှာ ရပ်တည်နေရတာကတော့ ဘူရန်ဒီဖြစ်ပါတယ်။
Source : http://worldhappiness.report/
Photos : indianexpress/ BBC/ markcoote.com

No comments: