Friday, March 18, 2016

ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးသဖြင့် ဆေးရုံတစ်ခု စုံစမ်းစစ်ဆေးခံရ

ဆေးရုံထဲ ဝင်လို့ရပဲ ဆေးရုံပြင်ပမှာတင် သေဆုံးသွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
play

ကင်မရွန်းနိုင်ငံက ဆေးရုံတစ်ခုပြင်ပမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မသေဆုံးသင့်ပဲ စောင့်ရှောက်မှု ညံ့ဖျင်းလို့ သေဆုံးသွားခဲ့ရတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးဟာ အမြွှာနှစ်ဦးကို ကိုယ်ဝန်ဆောင်ထားရတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဒါပေမယ် ကင်မရွန်းပြည်တွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်မှာ ကွဲလွဲမှုတွေရှိနေပြီး အချို့ကလည်း အမျိုးသမီးဟာ ဆေးရုံအတွင်းမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အချို့မီဒီယာတွေကတော့ ဆေးရုံအနီးမှာ သေဆုံးခဲ့ရတာလို့ ဆိုကြပါတယ်။
play

ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ ကိုဝန်ဆောင်အမျိုးသမီးတစ်ဦးကို ကလေးမွေးဖွားနိုင်ဖို့ အခြားအမျိုးသမီးတစ်ဦးက ကူညီပေးနေခဲ့တ တွေ့ရပါတယ်။ ဒီသတင်းပျံ့နှံ့လာပြီးနောက် ကင်မရွန်းကျန်းမာရေးဝန်ကြီးဆီက အကြောင်းပြချက်ကို ဝေဖန်သူတွေ တောင်းဆိုနေကြပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ အဆိုပါအမျိုးသမီး ဘယ်နေရာမှာ သေဆုံးခဲ့လဲဆိုတာ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ပြောကြပါတယ်။
Source & Photos : CNN

No comments: