Monday, November 2, 2015

ကိုနီ၊ ဘင်္ဂါလီနဲ့ NLD ကိုနီ၊ ဘင်္ဂါလီနဲ့ NLD

ကိုနီ၊ ဘင်္ဂါလီနဲ့ NLD

NLD ပါတီစစ်တွေခရိုင် ဥက္ကဋ္ဌလည်း ဖြစ်ပြီးစစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းလည်း ဖြစ်တဲ့ဦးသင်္ခါကျော်က ဧရာဝတီသတင်းဌာနနဲ့အင်တာဗျုးမှာ NLD အစိုးရဖြစ်မှ ရခိုင်ပြည်နယ်ကို ပိုင်းပြီး ဘင်္ဂါလီတွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးနိုင်မယ်၊ နိုင်ငံသားအဖြစ် သတ်မှတ်ပေးနိုင်မယ်လို့ပြောကြားခဲ့ပါတယ်။

မြန်မာတိုင်းရင်းသားတွေထဲမှာအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တယ်လို့ လူသိများတဲ့ ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ဦးသင်္ခါကျော်အနေနဲ့ အဲလိုပြောလိုက်တယ် ဆိုတာ အံ့သြစရာပါ။ သို့သော်လည်း NLD ရဲ့ အလယ်အလတ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် သူဒီလိုပြောတာဘာမှ အံ့သြစရာမရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးပါတီပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဦးဥာဏ်ဝင်းကိုယ်တိုင်က လှေစီးဒုက္ခသည်တွေကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုသင့်တယ်လို့ ပြောခဲ့တဲ့ အတွက်ပါ။ အဲဒီလှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကထွက်လာကြတာမဟုတ်ပဲ ဘင်္ဂလားဒေ့ရှ်က ထွက်လာတဲ့သူအများစုပါ။ အဲလို ဘင်္ဂါလားဒေ့ရှ်နိုင်ငံသား လှေစီးဒုက္ခသည်တွေကိုတောင်မှ နိုင်ငံသား ပေးသင့်တယ်လို့ တောင်းဆိုထားတဲ့ပါတီက ကိုယ့်နိုင်ငံထဲကဘင်္ဂါလီတွေကို နိုင်ငံသားပေးမယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမယ်ဆိုတာအံ့သြစရာတော့ မရှိပါဘူး။

NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဥပဒေအကြံပေးဖြစ်တဲ့ ဦးကိုနီကလည်း မြန်မာနိုင်ငံမှာအစ္စလာမ် ဘာသာဝင်တွေ ဖိနှိပ်ခံနေရတဲ့အတွက် မူဆလင်တွေအနေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆောင်ကျဉ်းပေးမယ့် NLD ပါတီကိုမဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ရှေ့နေဦးကိုနီအနေနဲ့ အစ္စလာမ် ဘာသာဝင်တွေလို့ ခြုံပြီး ပြောပေမယ့် မြန်မာမူဆလင်တွေအနေနဲ့ ကျန်တဲ့နိုင်ငံသားတွေနဲ့ တန်းတူအခွင့် အရေးရနေတဲ့အတွက် သူဆိုလိုတာကဘင်္ဂါလီတွေ နိုင်ငံသားအခွင့်အရေးရဖို့ မူဆလင်တိုင်း NLD ကိုမဲပေးဖို့ တိုက်တွန်းတာမှန်း လူတိုင်းသဘောပေါက်ပါတယ်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၁၉၈၂ နိုင်ငံသားဥပဒေဟာလူ့အခွင့်အရေးနဲ့ မညီဘူးလို့ပြောခဲ့သလို၊ ဘင်္ဂါလီတွေကိုမိသားစုတစ်ခုကလေး ၂ ဦးကန့်သတ်တဲ့ ဥပဒေကိုလည်း ကန့်ကွက်ခဲ့ပါတယ်။ မဲဆွယ်စည်းရုံးပွဲတွေမှာဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး NLD ရဲ့ မူဝါဒကိုမေးရင်လည်း ဘယ်တော့မှ တိတိကျကျမဖြေပါဘူး။ အမှန်ကတော့ NLD မှာဘင်္ဂါလီတွေနဲ့ပတ်သက်ပြီးမူဝါဒတိတိကျကျ ရှိပြီးဖြစ်ကြောင်းဦးသင်္ခါကျော်၊ ဦးဥာဏ်ဝင်း၊ ဦးကိုနီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြောစကားအရ သိသာပြီးသားပါ။ အဲဒီမူဝါဒကတော့ ဘင်္ဂါလီပြဿနာကို ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ပြီး နိုင်ငံသားပေးခြင်း ဖြင့် ဖြေရှင်းဖို့ပါ။

ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ ဒီမိုကရေစီအစိုးရဆိုတာလုပ်ချင်တိုင်းလုပ်လို့ မရဘူး။ ပြည်သူ့ ဆန္ဒ အတိုင်းလုပ်ရတာပါတဲ့။ မှန်ပါတယ်။ ပြည်သူတွေ ဆန္ဒမပါပဲ နိုင်ငံသားဥပဒေကိုမပြင်သင့်ပါဘူး။ သို့သော် အခြေခံဥပဒေပါ အချို့ပုဒ်မများကလွဲလို့ ၁၉၈၂ နိုင်ငံသားဥပဒေအပါအဝင် ဥပဒေအားလုံးဟာ ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ အသစ်ပြဌာန်းဖို့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်စရာမလိုပါဘူး။ လွှတ်တော်အမတ်စုစုပေါင်းရဲ့ ၅၀ % ကျော်ထောက်ခံတာနဲ့ ပြင်ဆင်ပယ်ဖျက်နိုင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ NLD အမတ် ၃၀၀ ကျော် ရတာနဲ့ နိုင်ငံသားဥပဒေကို ပြင်ဆင်နိုင်တဲ့အခွင့်အရေးရသွားပါပြီ။ အဲဒီအချိန်မှာ ပြည်သူ့ဆန္ဒကို ဘယ်လိုဖော်ပြကြမှာလဲ။ လက်မှတ်တွေ လေး၊ငါးသန်းစုမှာလား။ နိုင်ငံသားဥပဒေပြင်ချင်တဲ့လူတွေကလည်း လက်မှတ်တွေ ပြန်စုလို့ရတယ်ဆိုတာရယ်၊ ပြီးတော့ ဥပဒေပြဌာန်းရေးမှာလွှတ်တော်ကသာဆောင်ရွက်ခွင့် ရှိတယ်ဆိုတာကိုသတိထားပါ။ မျိုးစောင့်ဥပဒေတွေပြဌာန်းပေးဖို့ လက်မှတ်ငါးသန်းကျော်စုဆောင်းပြီး သမ္မတဆီတင်ပြတဲ့အတွက် သမ္မတကလွှတ်တော်ကို တင်ပြပေးတယ်။ လွှတ်တော်မှာမဲခွဲဆုံးဖြတ်တဲ့အချိန်မှာ NLD အမတ်အားလုံးက ပြည်သူငါးသန်းကျော်ရဲ့ ဆန္ဒကိုလျစ်လျူရှုပြီးကန့်ကွက်မဲပေးခဲ့တာကိုသတိရပါ။ NLD အမတ်တွေသာ လွှတ်တော်ထဲမှာအများစုဖြစ်နေရင် ပြည်သူငါးသန်းရဲ့ လက်မှတ်ဟာအလဟဿ ဖြစ်ပြီး အဲဒီဥပဒေတွေ အတည်ပြုနိုင်ခဲ့မှာမဟုတ်ပါဘူး။
ဒါဆိုရင် ပြည်သူ့ဆန္ဒဖော်ထုတ်ပုံနောက်တစ်မျိုးဖြစ်တဲ့ နိုင်ငံသားဥပဒေကိုမပြင်ပါနဲ့ဆိုပြီး ဆန္ဒဖော်ထုတ်ပွဲတွေ အကြီးအကျယ်လုပ်ကြမှာလား။ ဖြစ်နိုင်စရာအကြောင်းရှိပေမယ့် NLD ထောက်ခံသူတွေကလဲ ပြင်ပါ ဆိုပြီး တန်ပြန်ဆန္ဒပြပွဲတွေလုပ်ရင် ထိုင်းမှာလိုရှပ်နီ။ ရှပ်ဝါ အကွဲအပြဲဖြစ်ပြီးနဂိုကတည်းကမွဲနေတဲ့ မြန်မာ  နိုင်ငံလဲ မွဲသထက်မွဲပြီး ပြည်သူတွေ ပိုဒုက္ခရောက်ပါမယ်။

ဒါကလည်းအကြောင်းမဲ့ ပြောတာမဟုတ်ပါ။ NLD ထောက်ခံသူတွေဟာ ရပ်ထဲရွာထဲမှာ ဘယ်လောက်အထိ မောက်မာပြီးဘယ်လောက်အထိရိုင်းစိုင်းတယ် ဆိုတာကို ပြည်သူတွေ သိရှိထားပြီးသား ဖြစ်ပါတယ်။ NLD အင်္ကျီဝတ်ပြီးလုပ်ချင်ရာလုပ် စည်းမရှိကမ်းမရှိလုပ်နေကြတာတစ်နိုင်ငံလုံး အနှံ့ပါပဲ။ ပြောပြန်ရင်လည်း နှိမ်တယ်၊ အပုပ်ချတယ် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာဒီမိုကရေစီအမည်တပ်ပြီး လုပ်ချင်ရာ လုပ်နေကြတာအားလုံးအသိပါပဲ။ ဒီလိုတန်ပြန်ဆန္ဒပြပွဲတွေ ပြုလုပ်လာမယ့် NLD ထောက်ခံသူတွေဟာ အေးအေးဆေးဆေးနေလိုတဲ့ ပြည်သူတွေကို နိုင့်ထက်စီးနင်းလုပ်လာကြမှာသေချာနေပါတယ်။
NLD ပါတီထောက်ခံသူတွေဟာ သာသနာတော်နဲ့ သံဃာတော်တွေကိုတောင် မိုက်မိုက်ရိုင်းရိုင်းပြောဆို အပုပ်ချနေတာ မြင်ဘူးကြပါလိမ့်မယ်။ သံဃာတော်တွေကိုဆွမ်းမကပ်ဖို့ ပြောတယ် ဆိုတဲ့အဆင့်ဟာ ဘယ်လောက်အထိဆိုးရွားနေပြီလဲအထူးသတိပြုစရာ ဖြစ်နေပါတယ်။ ဘယ်သူက ဒီလိုစဉ်းစားပြီး ဒီလိုစကားပြောထွက်နိုင်မလဲ။ ဘယ်ဘာသာဝင်မဆိုပါပဲ။ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကိုအထွဋ်အမြတ် ထားကြတာပါပဲ။ ဒါပေမယ့် NLD ဟာဒေါ်အောင်ဆန်းစုကြည်အတွက် သာသနာကိုချနင်းနေကြပါပြီ။ သမ္မတဦးသိန်းစိန်က ကွန်မြူနစ်နိုင်ငံ ဖြစ်ချင်သလားမေးခဲ့ပါတယ်။ သီတဂူဆရာတော်ကြီးကလည်း မျိုးစောင့် ဥပဒေအောင်ပွဲမှာ ကွန်မြူနစ်တွေရဲ့လက်ထက် ဘာသာတရားကို ဘယ်လောက်အထိစော်ကားခဲ့တယ် ဆိုတာကို သတိပေးပြောကြားခဲ့ပါတယ်။ သူတို့တတွေ ဘာဖြစ်လို့ ဒီကွန်မြူနစ်ဆိုတာကိုသတိပေးနေတာလဲ ပြည်သူတွေ စဉ်းစားကြဖို့ လိုပါတယ်။

NLD ပါတီဟာကွန်မြူနစ်တွေရဲ့ ပုံစံရိုက်သွင်းမှုနဲ့ နိုင်ငံရေးပါတီဘဝကိုရောက်ရှိလာခဲ့တာပါ။ ဒေါ်စုကြည် အနီးနားမှာကွန်မြူနစ်တွေ ဝိုင်းနေပြီဆိုပြီးသတိပေးရာက ဗိုလ်ချုပ်အောင်ကြီးနဲ့ NLD နှစ်ပိုင်းကွဲခဲ့ပါတယ်။ ကွန်မြူနစ်တွေ မရှိတော့ဘူး၊ ခေတ်ကုန်သွားပြီဆိုသော်လည်း NLD ပါတီအတွင်းမှာကွန်မြူနစ်စိတ်ဓါတ်တွေ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေခဲ့ပါတယ်။ ကွန်မြူနစ်ဆန်ဆန် လုပ်ဆောင်ချက်တွေ ကျန်ရစ်ခဲ့ပါတယ်။ တစ်ကယ်တော့ NLD ပါတီဟာဒီမိုကရေစီအမည်ခံထားတဲ့ ကွန်မြူနစ်တစ်ပိုင်းပါတီတစ်ခုပဲ ဖြစ်ပါတယ်။ အေက်ခြေပါတီဝင်တွေမှာလည်းအလုပ်ရယ်လို့ မည်မည်ရရမရှိပါဘဲ ပင်နီအင်္ကျီဝတ်ပြီး သောင်းကျန်းနေကြတဲ့သူတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့်လည်း NLD ဟာဘာသာတရားကို ပြန်ပြီးတိုက်ခိုက်၊ သံဃာတော်တွေကို ပြန်ပြီးအပုပ်ချတဲ့အထိစနစ်တကျ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ NLD ပါတီရဲ့ ပြန်ကြားရေးဗဟိုတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ထင်လင်းဦးရဲ့ ဟောပြောချက်တွေက သက်သေအထက်အရှားပဲ ဖြစ်ပါတယ်။ NLD အမတ်တစ်ဦး ဖြစ်တဲ့ မင်းသူဆိုရင် သံဃာတော်တွေကို အယာတိုလာဆိုပြီးမွတ်ဆလင် အစွန်းရောက်တွေနဲ့ တစ်တန်းတည်းထားပြီးအပုပ်ချခဲ့ပါတယ်။ အာဏာရဖို့အရေးမွန်မြတ်တဲ့ ဘာသာ၊ သာသနာကိုတောင်  နင်းချေပစ်ဖို့ ဝန်မလေးတဲ့ NLD စိတ်ဓါတ်တွေကိုသတိထားကြည့်ရင် တွေ့နိုင်ပါလိမ့်မယ်။ ဘာသာ၊ သာသနာနဲ့ သံဃာတော်တွေကို ရစရာမရှိအောင် အပုပ်ချ တိုက်ခိုက်နေကြပေမယ့် ဘယ်ဘင်္ဂလီ၊ ဘယ်မွတ်ဆလင်ကိုအပုပ်ချတိုက်ခိုက်တာ မြင်ဖူးပါသလဲစဉ်းစားကြည့်ကြပါ။ သံဃာတွေကိုအပုပ်ချ ဆဲဆိုနေတဲ့ NLD ပါတီဟာဘယ်မွတ်ဆလင်ကို ပြောတာတွေ့ခဲ့ဖူးသလား။ ဦးကိုနီလိုလူမျိုးကိုဖူးဖူးမှုတ်ပြီးစင်ပေါ်တင်ထားတဲ့ပါတီ၊ မိတ္ထီလာမှာဗလီဆောက်ဖို့ သိန်းနှစ်ထောင် လှူခဲ့တဲ့ပါတီ၊ ပြည်ပကဘင်္ဂလီအစွန်းရောက်တွေနဲ့ အပေးအယူလုပ်နေတဲ့ပါတီ ဘယ်ပါတီလဲစဉ်းစားကြဖို့ သတိရှိကြဖို့ လိုပါတယ်။ 

NLD ပါတီအောင်နိုင်ရေးအတွက် ရှေ့ဆုံးကစည်းရုံးပေးနေတဲ့ ချစ်သုဝေဟာဘာသာခြားတစ်ယောက် ဖြစ်ပါတယ်။ သံသာဝင်းဟာလည်းဘာသာခြား ဖြစ်ပါတယ်။ အိမ့်ချစ်ကလည်း အားလုံးသိတဲ့ အတိုင်းဘာသာခြား ဖြစ်ပါတယ်။ အနဂ္ဂဆိုရင် ထက်ထက်မိုးဦးနဲ့ ယူထားတုန်း သံသာဝင်းနဲ့ ငြိစွန်းခဲ့တာ ဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်ဆိုရင်လည်း မျိုးကျော့မြိုင်နဲ့ ဘယ်လိုဘယ်လိုဆိုတာ အားလုံးသိထားကြပါတယ်။ တစ်လင်တစ်မယားစနစ်တို့၊ မျိုးစောင့်တို့ ဆိုရင် ဒီလူတွေကိုတည့်တည့် ထိပါတယ်။ ဒီလူတွေ ရှေ့ဆုံးကနေ ဆန့်ကျင်နေတာဟာအကြောင်းမဲ့ မဟုတ်ပါဘူး။ ဒီလူတွေဟာဘယ်အညှိုးနဲ့ ခုလိုလုပ်နေကြတာ ဖြစ်တယ် ဆိုတာကို ပြည်သူတွေ စဉ်းစားကြစေလိုပါတယ်။

ပြည်သူတွေဟာဦးနှောက်ရှိပါတယ်။ NLD ပါတီအာဏာရလာရင် ဘာဖြစ်လာမလဲဆိုတာကိုလက်တွေ့ကျကျ စဉ်းစားကြဖို့ လိုပါတယ်။ လူတစ်ယောက် ချက်ချင်းလက်ငင်းဝင်ငွေ နှစ်ဆတိုးဖို့ ဘယ်လောက်အထိ လိုအပ်တယ် ဆိုတာကိုလည်းတွက်ကြည့်ကြစေလိုပါတယ်။ နိုင်ငံစီးပွားရေးတစ်နှစ်ကို ၁၀% တိုးတက်တယ် ဆိုရင်တောင် ၁၀၀% ဖြစ်ဖို့ ၁၀ နှစ် စောင့်ရမှာပါ။ ဒါကတစ်တိုင်းပြည်လုံးအတွက် ဖြစ်ပါတယ်။ အဓိကအချက်ကအလုပ်တွေ ပေါလာမယ်၊ စီးပွားရေးတွေ အဆင်ပြေလာမယ် ဆိုရင် လူတွေ လည်းဝင်ငွေကောင်းလာမှာပဲ ဖြစ်ပါတယ်။

အဓိကအချက်ကတော့ NLD အမတ်တွေ ရာဂဏန်းဖြစ်လာရင် ဘင်္ဂါလီအရေးပိုမိုအသံထွက်လာနိုင်ပေမယ့် လွှတ်တော်အမတ်စုစုပေါင်းရဲ့ ၅၀ % မကျော်ဘူးဆိုရင် နိုင်ငံသားဥပဒေကိုဘယ်လိုမှ ပြင်ဆင်ဖို့ မဖြစ်နိုင်ပါဘူး။ ပြည်သူမကျေနပ်ရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောနေပေမယ့် မကျေနပ်ကြောင်း ထုတ်ဖော်ခဲ့ကြတဲ့ NLD ပါတီဝင်တွေကိုပါတီကထုတ်ပစ်တာကို ကြည့်ရင် အပေါ်ကလုပ်သမျှ အောက်ကလက်ခံရမယ် ဆိုတဲ့ အာဏာရှင်ဆန်ဆန် လုပ်ရပ်မျိုးပါပဲ။ ပြည်သူတွေထောက်ခံနေတဲ့ကြားက မျိုးစောင့်ဥပဒေတွေကိုကန့်ကွက်မဲပေးခဲ့ကြတဲ့ NLD အမတ်တွေဟာ ဒေါ်စုကြည် စကားကိုပဲ နားထောင်ကြရမှာ သေချာပါတယ်။

ဆရာတော်ဦးဝီရသူကတော့ “နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားရေးနဲ့ပတ်သက် ရင် ဒေါ်အောင်ဆန်းစုကြည်ဟာသုံးစားမရတဲ့သူ”လို့ သူ့ဆန္ဒကိုဖော်ပြခဲ့သလို ရခိုင်အမျိုးသားပါတီဥက္ကဌဒေါက်တာအေးမောင်ကလည်း NLD သာအစိုးရဖြစ်ခဲ့ရင် ရခိုင်ပြည်နယ်ရဲ့အချုပ်အချာအာဏာဆုံးရှုံးရပါလိမ့်မယ်လို့ သူ့ဆန္ဒကိုဖော်ထုတ်ပြ ခဲ့ပါတယ်။ဒါဟာအကြောင်းမဲ့သက်သက် ပြောတာမဟုတ်ပါဘူး။ NLD ပါတီရဲ့ အမူအကျင့်၊ ရည်ရွယ်ချက် တွေကိုသိလို့ ဒီလိုပြောတာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပါးစပ်က မျိုးချစ်စိတ် ရှိကြပါ ဆိုတဲ့စကားဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ အမျိုးဂုဏ် ဇာတိဂုဏ် စောင့်ရှောက်ထိန်းသိမ်းကြပါ လို့လည်းဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ နောင်လည်းဘယ်တော့မှ ပြောလာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲစဉ်းစားကြည့်ကြစေလိုပါတယ်။ မျိုးချစ်စိတ် ဆိုတာကိုဒေါ်စုကြည် ဘယ်တော့မှ ပြောမှာမဟုတ်ဘဲလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာတွေကိုပဲတွင်တွင်ပြောနေတာ ကြည့် ကြပါ။

ပြည်သူတွေဟာကိုယ်နဲ့ထိုက်တန်တဲ့ အစိုးရကိုပဲရကြမှာပါ။ NLD ပါတီဟာကွန်မြူနစ်ဆန်ဆန်၊ အာဏာရှင် ဆန်ဆန် တိုင်းပြည်ကိုမောင်းနှင်ဖို့ စည်းရုံးနေပါတယ်။ ခေါင်းအေးအေးနဲ့ စဉ်းစားပြီးမဲပေးကြဖို့ လိုပါတယ်။ NLD ပါတီကို မဲမပေးနဲ့ လို့ မတိုက်တွန်းချင်ပါဘူး။ ကိုယ်မဲပေးတဲ့အပေါ်မှာ ဖြစ်လာမယ့် အစိုးရကို မြင်ယောင်ကြည့်ရင်းလေးလေးနက်နက် စဉ်းစားကြစေလိုပါတယ်။ ကွန်မြူနစ်ဆိုတာ ဘာသာမဲ့ ဖြစ်ပါတယ်။ ကွန်မြူနစ်ဆိုတာအဖေအရင်းကိုတောင် ပြန်ပြီးသတ်တဲ့ ဝါဒ ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားက ရွှေတွေခွါပြီးတိုင်းပြည်တိုးတက်ရေးအတွက် သုံးမယ် လို့ ကြုံးဝါးခဲ့တာကွန်မြူနစ်တွေပါပဲ။ အခု NLD ပါတီဟာတဖြည်း ဖြည်းနဲ့ ဒီလိုပုံစံမျိုးဝင်နေပါပြီ။ ဒါဟာတိုင်းပြည်အတွက် အရေးကြီးလှတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ပြည်သူအားလုံးစဉ်းစားကြည့်ကြပါ။ သေသေချာချာစဉ်းစားပါ။ ပြီးမှ မဲပေးဖို့ ဆုံးဖြတ်ကြပါ။

No comments: