Monday, November 2, 2015

မိန်းမတယောက် အတွက် ဘုန်းကြီးတွေ ဆဲရမှာ တန် လို့ လား ပါတီတခုတွက် သံဃာ့အဖွဲ့စည်း ထိုင်ပြီး ဆဲတာ တန်လို့ လား

မိန်းမတယောက် အတွက်
ဘုန်းကြီးတွေ ဆဲရမှာ
တန် လို့ လား

ပါတီတခုတွက် သံဃာ့အဖွဲ့စည်း
ထိုင်ပြီး ဆဲတာ
တန်လို့ လား

အာဏာရူးဖို့  အတွက်
ဘာသာတရား ဝေဖန်ရမှာ
တန် လို့ လား

ထမိန်စုတ်နဲ့ မြတ်သင်္ကန်း
နေရာလဲ ရမှာ
တန်လို့ လား

ဘာသာလူမျိုးအားမကိုးရတဲ့
မိန်းမ အတွက် လမ်းပေါ်ထွက်ရမှာ
တန်လို့ လား

သာသနာ့ အလံနဲ့  မွတ်ဒေါင်းလံ
နေရာ ချိန်းရန်
တန် လို့ လား

ဝါစိမ်းနီ အလံနဲ့ ပါတီလံ
တန်းတူထားဖို့ 
တန်လို့ လား

စိတ်ထားမမှန် ဖောက်ပြန်တတ်တဲ့
ဒီပါတီနဲ့ တို့ ပြည်ထောင် နေရာပေးဖို့ 
တန်လို့ လား

စကားမတည်  ကျရာပြော
ပညာရှိမဆန်   ဝေဖန်မခံ
ဒီလိုလူမျိုး  ခေါင်းဆောင်နေရာ
တန်လို့ လား

အမျိုးမချစ် ဘာသာအလေးမထား
အမျိုးပျက်များအတွက်
အသက်ပေးဖို့ ရာ
တန်လို့ လား

တို့ မဲတပြား  အမျိုးပျက်များတွက်
သွားထည့်ရမှာ
တန်လို့ လား

No comments: