Friday, March 18, 2016

ဝှီးချဲနဲ့ တရုတ်နိုင်ငံကိုပတ်တဲ့ မသန်စွမ်းအမျိုးသား

မသန်ပေမယ့် စွမ်းတယ်ဆိုတာ သူ့ရဲ့ ဇွဲသတ္တိက ပြသနေတာပါပဲ။
play

အသက် ၂၉ နှစ်အရွယ် မသန်စွမ်း အမျိုးသားတစ်ဦးဟာ လမ်းမလျှောက်နိုင်ပေမယ့် ဝှီးချဲတစ်လုံးနဲ့ တရုတ်နိုင်ငံအနှံ့ကို သွားလာပြခဲ့ပါတယ်။ တရုတ်နိုင်ငံတလွှား သွားခဲ့တာ မိုင်ပေါင်း ၃၅၀၀ ကျော်ခဲ့ပါပြီ။
play

ကွမ်ပန်းလို့ခေါ်တဲ့ အဆိုပါအမျိုးသားဟာ တရုတ်အနောက်ဘက် ဂန်စူပြည်နယ်သားဖြစ်ပြီး သူ့ရဲ့တရုတ်နိုင်ငံခရီးစဉ်ကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ခဲ့တာပါ။
play

၂၀၁၄ ခုနှစ် သြဂုတ်လကနေ စတင်လိုက်တဲ့ ခရီးမှာ မြို့ပေါင်း ၄၃ မြို့နဲ့ ပြည်နယ် ငါးခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါနဲ့တင် ရပ်တန့်မနေပါဘူး။ နောက်ထပ် ခြောက်လအကြာမှာ တရုတ်နိုင်ငံ တောင်ပိုင်းကိုသွားဖို့ ရည်မှန်းချက်ချခဲ့ပါတယ်။
play

သူ့ရဲ့ခရီးစဉ်တွေက မပြီးဆုံးနိုင်အောင်ပါပဲ။ အခက်အခဲတွေ များစွာရှိနေတဲ့ကြားက ခရီးတွေ ဆက်သွားနေဦးမယ်လို့ ကွမ်ပန်းက ပြောပါတယ်။
Source & Photo: CNN

No comments: