Thursday, January 14, 2016

သမ္မတ ဦးသိန်းစိန် တာဝန်မှ အနားယူမည့်အပေါ် သီပေါမင်း ပါတော်မူသလို ခံစားရဟု ပြည်ခိုင်ဖြိုးပါတီ ဖေ့ဘုပ်တွင် ဖော်ပြ

သမ္မတ ဦးသိန်းစိန် တာဝန်မှ အနားယူမည့်အပေါ် သီပေါမင်း ပါတော်မူသလို ခံစားရဟု ပြည်ခိုင်ဖြိုးပါတီ ဖေ့ဘုပ်တွင် ဖော်ပြ
--- --- ---
ပြည်သူ ချစ်သော သမ္မတကြီး
***********************
နောက် သမ္မတ ဘယ်သူနေမယ်မှန်း မသိရခင်ကတည်းက
အိမ်တော်ကနေ သူ့နေအိမ်သို့ ပြောင်းနေလိုက်တယ်တဲ့။
သီပေါမင်း ပါတော်မူသလို ရင်ထဲမှာ နင့်ခနဲ ခံစားရပါတယ်။
တစ်လတစ်ကြိမ် မိဘပြည်သူများဆီ နှုတ်ဆက်သံလေးတွေက
လေထဲမှာ လွင့်ပြန့်နေဆဲ နားထဲမှာ ကြားယောင်နေဆဲ။
CD ခွေတွေနဲ့ အမှတ်တရ သိမ်းထားပါတယ်။
ကားစီးတိုင်း ဒရိုင်ဘာဘေးခုံကနေ လိုက်ပါလေ့ရှိရင်း
ပြည်သူတွေဆီ အရင်ဆုံး လက်ပြနှုတ်ဆက်တတ်သူပေါ့။

ခရီးစဉ်တစ်လျှောက် လေယာဉ်ပေါ်မှာတောင် အလုပ်မနားသူ
ဘုရားဖူးရင်းတောင် မြေပုံကားချပ်ကြီးကို ရှေချဆွေးနွေးရင်း
ဒေသတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ အရှိန်အဟုန်မြှင့်ဆောင်ရွက်
လူငယ်တွေကို အရက်အစား နွားနို့သောက်စေချင်သတဲ့လေ။
ပြည်သူ့ဆန္ဒကို မလွန်ဆန် ပြည်သူ့အသံဟာ သူ့ရင်ကို ထိမှန်လာတိုင်း
ရပ်ဆိုင်းသင့်တဲ့ စီမံကိန်းတွေ ချက်ချင်းရပ်
လွတ်ငြိမ်း ချမ်းသာခွင့်တွေ အကြိမ်ကြိမ် ခွင့်ပြုပေးခဲ့သူ။
ပညာရေးစနစ်ကိုလည်း အလေးထားဆောင်ရွက်
အနာဂတ်ရဲ့ ကျောင်းသား ကျောင်းသူတွေအတွက်
လက်တော့ပ် တစ်လုံးစီ ဝယ်ပေးချင်တဲ့ ဆန္ဒရှိနေသူပေါ့။
ကျေးလက်နေ ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့
လမ်း တံတား လျှပ်စစ်မီး ဆိုလာပြားက အစ တပ်ဆင်ပေး
စပါးမျိုးစေ့ ဖြန့်ဖြူးပေးဖို့ မနက်ခင်းတိုင်း လယ်တောထဲ ဆင်းတတ်သူ
ရေကြီးရင် စိတ်ပူ၊ မီးလောင်ရင် စိတ်ညစ်၊ ငလျင်လှုပ်ရင် စိုးရိမ်လို့
ပြည်သူတွေ ဒုက္ခရောက်တိုင်း ရှေ့ဆုံးက ပြေးကြည့်တတ်သူ။
သမ္မတကြီးဆိုပြီး အခွင့်ထူးမခံ တင်ပြဆွေးနွေးတာ သဘောကျ
နေ့လည်စာ စားတိုင်း ပန်ကန်ပြားကိုင် တန်းစီတတ်တယ်။
ညပိုင်း ဘုရားသွားရင်တောင် အစောင့်အရှောက်တွေ မခေါ်
စစ်ရေးပြပွဲလေ့ကျင့်ရင်တောင် ခြုံအကွယ်က ရပ်ကြည့်တတ်သူ
ပြည်သူတွေအပေါ် အောက်လက်ငယ်သားတွေအပေါ်လည်း
ညင်သာ နူးညံ့စွာ ပြောဆိုဆက်ဆံပြီး
သမ္မတလစာ သိန်း ၅၀ မယူဘဲ တာဝန်ထမ်းဆောင်နေတဲ့သူလေ။
သူ့အပေါ် မကောင်းပြောသမျှ သီးခံခွင့်လွှတ်ရင်း
မတူတာတွေဘေးဖယ် တူညီတာပဲ ပူးပေါင်းလုပ်ရင်း
ငြိမ်းချမ်းခြင်းအတွက် အားသွန်ခွန်စိုက်လုပ်နေသူ။
သူ - - သူ - - သူ
ဒေါက်တာဘွဲ့တွေရလည်း အမည်ရှေ့က မတပ်ခဲ့သူ
ပင်စင်လစာလေးနဲ့ ခြိုးချြံချွေတာ သုံးစွဲသူ
လစာတွေလည်း မကြာခဏ တိုးပေးသူ
ပြည်သူရော ဝန်ထမ်းများကပါ ချစ်ကြသူ
ကမ္ဘာက အသိအမှတ်ပြု လေးစားသူ
အစားထိုးလို့ မရနိုင်သောသူ
ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချပေးသူ
ဒီမိုကရေစီလမ်းမပေါ် ငြင်သာစွာ ထမ်းတင်ပေးခဲ့သူ
ရွေးကောက်ပွဲ ရလာဒ်အတိုင်း သစ္စာရှိစွာ အာဏာလွှဲပေးသူ
မြန်မာပြည်အတွက် နောက်ထပ်မရှိနိုင်တော့တဲ့သူ
သမ္မတကြီး ဦးသိန်းစိန်ကို ချစ်သော
သိန်းဝင်းဦး (ခ) သိန်းစိန်ဦး
မူရင်းပိုင်ရှင်အားး Credit ပေးပါ၏
-စစ်နိုင်
095376354
Credit- ပြည်ခိုင်ဖြိုး ဖေ့ဘုပ်

No comments: