Monday, November 2, 2015

ဒါကိုဖတ်ပြီးမှ NLD နိုင်မနိုင် စဉ်းစားကြည့်ပေါ့…

စဉ်းစားကြည့်လို့ရအောင် မ လာခဲ့တယ်ဗျာ ....

================================

ဒါကိုဖတ်ပြီးမှ NLD နိုင်မနိုင် စဉ်းစားကြည့်ပေါ့…

အစိမ်းက အနီလောက်မများပါဘူး
အနီလောက်လည်း မလိုဘူးလေ…

အစိမ်းက အနီလိုမများပါဘူး
အနီလိုလည်း မင်းသားမင်းသမီးတွေအစုံနဲ့
မဖျော်ဖြေဘူးလေ…

ပြည်သူတွေထဲမှာ အနီတွေများပါတယ်
အစိမ်းထဲမှာလည်း ပြည်သူတွေရှိပါတယ်…

ပြည်သူ အားလုံးပေါင်း မဲ ၇၅ % ရှိပါတယ်
NLD ၆၅ % ရရင် အစိုးရဖွဲ့နိုင်ပြီး နိုင်ပါမယ်…

ကျန်တဲ့ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ ရခိုင်အမျိုးသားပါတီ စတဲ့ တစ်သီးပုဂ္ဂလပါတီတွေက ပြည်သူ ၇၅ % ထဲကနေ % ဘယ်လောက်နှုတ်သွားမယ်လို့ သင် ထင်ပါသလဲ?

ဘယ်လိုပဲ တွက်ကြည့်တွက်ကြည့် ၁၀ % နဲ့တော့ မလောက်ငနိုင်ပါဘူး…
၁၀ % ထက်နဲနဲလေးကျော်နှုတ်သွားပြီဆိုတာနဲ့ NLD ၆၅ % မပြည့်နိုင်တော့ပါဘူး…

NLD တောင်ပြိုကမ်းပြိုနိုင်ရမယ် ၁၀၀ % နိုင်ရမယ်ဆိုတာ နဲနဲလေးမှ မစဉ်းစားပဲပြောတဲ့စကားပါ…

၁၀၀ % ဆိုတော့ ရှိတာမှ ပြည်သူမဲ ၇၅ % ပဲ ရှိတာလေ…
တမ်မတော် ၂၅ % က ဘယ်ကနေယူထည့်မှာလဲ?

အခြားတစ်သီးပုဂ္ဂလပါတီတွေကရော မဲ တစ်ပြားမှ မရပဲ ဇီးရိုးမဲ ဖြစ်ပါ့မလား?
ပြည်ခိုင်ဖြိုးပါတီကရော ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ မိသားစုတွေကရော NLD ကို အကုန်မဲထည့်မှာလား?

စစ်ခွေးလို့ အခေါ်ခံရတဲ့ စစ်သားတစ်ဦးချင်းစီရဲ့ မိသားစုကရော NLD ကို မဲအကုန်ထည့်မှာလား?

မဘသ တစ်ပါးချင်းစီရဲ့ ဒကာ ဒါယိကာမတွေကရော NLD ကို အကုန်မဲထည့်မှာလား?

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့ မြို့ကြီးတွေစတဲ့ ပြည်မမှာ NLD မဲ အပြတ်အသတ်နိုင်မယ်ဆိုတာ လူတိုင်းသိပါတယ်…

မဲအပြတ်အသတ်နိုင်ရုံနဲ့ အစိုးရမဖွဲ့နိုင်ပါဘူး…

ရှမ်းပြည်နယ် မဲ NLD ရော ပြည်ခိုင်ဖြိုးရော လုံးဝမနိုင်ဘူးဆိုတာ ထမင်းစားသူတိုင်းသိတယ်…

ကချင်ပြည်နယ် NLD လုံးဝမနိုင်ဘူးဆိုတာလည်း လူတိုင်းသိတယ်…
ရခိုင်ပြည်နယ်မဲလည်း NLD အကုန်ရမယ်လို့ ထင်ထားရင် ရူးနေလို့ပါ…

ကုန်ကုန်ပြောမယ်ဗျာ…

ပြည်မကမဲ တစ်ပြားမှ မကွဲပဲ ပြည်ခိုင်ဖြိုးပါတီဝင်တွေကပါ NLD ကိုမဲပေးခဲ့မယ်ဆိုရင်တောင်မှ NLD ၆၅ % ပြည့်ဖို့ဆိုတာ အိပ်မက်တစ်ခုမျှသာပါပဲ…

အတ္တမပါတဲ့ သာမန်အတွေးလေးနဲ့တွေးကြည့်ရင် တွေ့မြင်နိုင်ပါတယ်…

စောင့်ကြည့်ပါလို့ မန့်မနေနဲ့ စောင့်ကြည့်စရာကိုမလိုဘူး…

မဲလိမ် မဲခိုး ကလိမ်ကျမယ်လို့ ပြောဦးမလား စိတ်ချမ်းသာအောင်ပြောလိုက်ပါ။
တကယ်တမ်း မဲလိမ် မဲခိုး ကလိမ်ကျစရာတောင်မလိုပါဘူး…

နောက်ဆုံး ကိုယ့်မိဘသိက္ခာတောင် ထည့်မတွက်ပဲ ဆဲဦးမလား…
စိတ်ချ ပြန်မဆဲဘူး…

ဆဲခဲ့ရမှ စိတ်ချမ်းသာမယ်ဆိုဆဲခဲ့…
ဆဲရဲတဲ့မင်းတို့ရဲ့ မိဘတွေအတွက် စိတ်တော့မကောင်းပါဘူးလို့ပြောပါရစေ…

Cs.thein than win
တပ်ကြပ်ကြီး ဖိုးစီ

No comments: