Monday, November 2, 2015

ခင်ဗျားတို့ခေါင်းမှာ ဂျိုမရှိရင် NLD ကို ယုံလိုက်ပါ။ ဂျိုပေါက်နေရင်တော့ ခင်ဗျားတို့သဘော။ " " ထမင်းစားသူတိုင်း NLD ကိုမဲပေးကြသည် " " မိကောင်းဖခင်သားမီးများနှင့် ပညာတတ်များသာ NLD ကိုထောက်ခံကြသည် " " တို့ကတော့ NLD ပဲ၊ အမြင်ချင်းမတူရင် အကုန်ဘလော့မယ် "

" ခင်ဗျားတို့ခေါင်းမှာ ဂျိုမရှိရင် NLD ကို ယုံလိုက်ပါ။ ဂျိုပေါက်နေရင်တော့ ခင်ဗျားတို့သဘော။ "

" ထမင်းစားသူတိုင်း NLD ကိုမဲပေးကြသည် "

" မိကောင်းဖခင်သားမီးများနှင့် ပညာတတ်များသာ NLD ကိုထောက်ခံကြသည် "

" တို့ကတော့ NLD ပဲ၊ အမြင်ချင်းမတူရင် အကုန်ဘလော့မယ် "

တွေ့နေရတာ၊ တွေ့နေရတာ။

ပါသေးတယ်။ လူဆိုရင် မဲပေးကိုပေးရမယ်၊ မဲမပေးရင် ခွေးလုံးလုံးပဲဖြစ်တော့မလိုလို။

တိုက်နေတာက ဒီမိုကရေစီတိုက်ပွဲ၊ သုံးနေတာက အစွန်းရောက်ဗျူဟာ။

ခင်ဗျားတို့ NLD ကိုမထောက်ခံတာနဲ့ ကြံ့ခိုင်ရေးအားပေးတဲ့သူဖြစ်သွားရောလား?

မန်ယူအားမပေးတာနဲ့ အာကြီးဖန် ချယ်လ်ဆီးဖန်ထင်နေသလိုပေါ့။

ကမ္ဘာပေါ်မှာ ဘောလုံးအသင်းတွေ အများကြီးရှိတယ်၊ မန်ယူနဲ့ အာဆင်နယ် ချယ်လ်ဆီးပဲရှိတာမဟုတ်ဘူး။ ကျုပ်ဆို ဘာကာဖန်၊ ပရီးမီးယားလိဒ်ကို ပုံမှန်ပဲ ကြည့်တယ်။

NLD နဲ့ကြံ့ဖွတ်နဲ့ ၂ပါတီပဲ မြန်မာပြည်မှာရှိတာမဟုတ်ဘူး။

NLD ကိုမထောက်ခံတဲ့သူဟာ စစ်အာဏာရှင်ကို မလိုလားတဲ့သူလဲ ဖြစ်နေနိုင်တယ်။

၈၈ - တစ်နိုင်ငံလုံး အုံကြွတယ် လက်နက်ကိုင်သူပုန်တွေ အကုန်ထတယ် ဘယ်မြို့တစ်မြို့ကို သိမ်းနိုင်ခဲ့လဲ? ဟိုက ပစ်တော့ ဖိနပ်မပါဘဲ ပြေးခဲ့ရတာပဲ အဖတ်တင်တယ်။

၂၀၀၇ - ရွှေဝါရောင်၊ ဘုန်းကြီးတွေကို အမှီပြုပြီး တစ်နိုင်ငံလုံးအုံကြွတယ်၊ နောက်ဆုံးဘာဖြစ်သွားလဲ? ဟိုက ဘုန်းကြီးပါမချန် သလ္လာလို့ အိမ်ထဲမှာပဲ ဝင်ပုန်းနေရတယ် မဟုတ်လား။

* အဲလောက် သွေးချောင်းစီး အဖြစ်အပျက်ကြီးတွေမှာတောင် မပြောင်းလဲနိုင်ခဲ့ဘဲနဲ့ ဘာမဟုတ်တဲ့ $မဲလေး နှစ်ပဲတစ်ပြားပေးပြီး ပြောင်းလဲချင်နေတဲ့ကောင်တွေဟာ $ရူးတွေပဲ။ *

သူများအိမ်ကွင်းမှာ သွားကန်တဲ့ဘောလုံးပွဲလို ကြံ့ဖွတ်လုပ်တဲ့ ရွေးကောက်ပွဲမှာ ကိုယ်က သွားနိုင်ချင်နေတာတော့ ထမင်းစားတယ်ဆိုတဲ့သူတွေ ပိုစဉ်းစား။

အဲတာတွေပြောနေလို့ စစ်အာဏာရှင် ဘက်တော်သားတော့မထင်နဲ့။ အမျိုးကတော့ စစ်မျိုး၊ YTU (အရင် YIT) နဲ့ သန်လျင် GTC ကျောင်းသား၊ ဒီစစ်အာဏာရှင်ကို မင်းတို့မုန်းတာထက်တောင် မုန်းသေးတယ်။ မင်းတို့ပြောင်းလဲချင်တာထက် ဆယ်ဆပြောင်းလဲချင်သေးတယ်။

မြန်မာပြည် လူဦးရေရဲ့ ၉၀% NLD ကိုထောက်ခံတာ သေချာရင် အကုန်လမ်းမပေါ်ထွက်လိုက်၊ ဒီကောင်တွေမှာ ကျည်ဆံ သန်းခြောက်ဆယ်မရှိဘူး။

တကယ်ပြောင်းလဲချင်ရင် ဘာရွေးကောက်ပွဲမှ စောင့်နေစရာမလိုဘူး။ သတ္တိရှိရှိ လမ်းမပေါ်ထွက်လိုက်၊ မင်းတို့ထွက်ရဲတဲ့နေ့ ငါ့ကိုလာခေါ်၊ မင်းတို့နဲ့အတူလိုက် သေပေးမယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျသွားအောင် ရင်ကော့ပြီး အပစ်ခံပေးလိုက်မယ်။

ပြောလိုက်ရင် သန်း၅၀၊ ၉၀ရာခိုင်နှုန်း၊ ဖင်ခံလာတာက တစ်သက်လုံး။ ဘယ်တုန်းက $သံထွက်ရဲခဲ့လဲ? ဟိုက ဆီဆွတ်လိုက်၊ တံတွေးဆွတ်လိုက်နဲ့၊ ကောင်းကောင်း ဘွတ်စမံပေးလာတာ နှစ်ခြောက်ဆယ်။

မကြိုက်ပိုင်ခွင့်၊ မထောက်ခံပိုင်ခွင့်၊ မဲမပေးပိုင်ခွင့်ဆိုတာလဲ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပဲ။ မဲပေးရင်လဲ မပြောင်းလဲမယ့်အတူတူ မဲမပေးဘဲနေတာလဲ ပင်ပန်းသက်သာတာပဲ။ အကုန်မဲပေးပြီး သူခိုးတွေဆက်အုပ်ချုပ်မယ့်အတူတူ ကျုပ်ကတော့ မပေးဘူး။

သူခိုးတွေက လဒတွေလို အသံကောင်းမဟစ်ဘူး၊ မဲမပေးတဲ့သူကို ရန်မလုပ်ဘူး၊ ဘုန်းကြီးတွေကို လှည့်မကိုက်ဘူး၊ အမျိုးသားရေးကို ရန်မလိုဘူး၊ ပါးပါးနပ်နပ်နဲ့ ခိုးပြီးရင်း ဆက်ခိုးမှာ။ အခုတော့ လဒက သူခိုးဆီက လုရမှာကို၊ မထောက်ခံရင် ရန်လုပ်ရတာနဲ့၊ ဘယ်သူ့မှ မဲမပေးရင် ဆဲရတာနဲ့၊ မဘသ၊ အမျိုးသားရေးကို လှည့်ကိုက်ရတာနဲ့၊ ဒီ$ချိုးနဲ့ အာဏာရဖို့ဆိုတာကတော့ - ထွီ ထွီ ထွီ

ရူးသလိုလိုကြောင်သလိုလို၊ လီးလိုလို မှိုလိုလို မိုးပြောဂျိုးပြော အွန်းလိုင်းပေါ်ကနေ၊ စာမျက်နှာပေါ်ကနေ အသံကောင်းဟစ်၊ သူတို့ပဲသိ သူတို့ပဲတတ်၊ $စကျွမ်းကြီးတွေ၊ NLD မထောက်ခံရင်၊ ဘယ်သူ့ကိုမှ မဲမပေးရင်ဘဲ ဂျိုပဲပေါက်ရတော့မလိုလို၊ အမြီးပဲပေါက်ရတော့မလိုလို၊ လေးဘက်ထောက်ပြီး ချေးပဲပြေးစားရတော့မလိုလို။

သူများလုပ်တဲ့ရွေးကောက်ပွဲကို ဆင်လီးခွေးမျှော်သလို မျှော်နေပြီး $မဲလေး တစ်ပြားလောက်နဲ့ ပြောင်းလဲချင်နေတဲ့ကောင်တွေကမှ $ရူးတွေ၊ $နလပိန်းတုံးတွေ၊ ထမင်းစားပြီး $ဦးဏှောက်မရှိတဲ့ကောင်တွေ၊ ဂျိုပေါက်နေတဲ့ကောင်တွေပဲ။

(ရွေးကောက်ပွဲပြီးတဲ့နေ့ ဒီစကား မှန် - မမှန် $ရူးတွေ နောက်တစ်ခေါက်ပြန်လာဖတ်)

သာကီသွေး (အမိမြေ)
၁၃ အောက်တိုဘာ ၂၀၁၅

No comments: