" ပညာ ပညာမတတ်သော ရခိုင်များမှ nld ဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့သည်ဟု " NLD ကိုယ်စားလှယ်ပြော မတတ်သော ရခိုင်များမှ nld ဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့သည်ဟု " NLD ကိုယ်စားလှယ်ပြော
မေး။ ။ အန်ကယ်တို့ NLD ပါတီ ရုံးခန်းတွေက ဘာကြောင့် ခဏခဏ ပြောင်းနေရတာပါလဲ။ ရခိုင်လူထုက ဆိုင်းဘုတ်တွေကို လာဖျက်တယ်လို့လည်း ကြားနေရလို့ပါ ။
ဖြေ။ ။ ကျနော်တို့ ပါတီရဲ့ ပထမဆုံး ရုံးခန်းက စစ်တွေ မင်းဘာကြီး လမ်းသစ်မှာပါ။ မောင်တောမှာ အရေးအခင်း ဖြစ်ပြီး နောက် နေ့ ဇွန်လ ၉ ရက်နေ့မှာ ဆိုင်းဘုတ်တွေ အားလုံး ဖျက်ဆီးခံခဲ့ရတယ်။ အဲဒီအချိန်တုန်း ကလည်း သိတဲ့ အတိုင်းပဲလေ။ ပါတီကို ကုလားဘက် လိုက်တဲ့အတွက် မကျေနပ်တဲ့ လူ တွေ တော်တော်များများ ရှိပါတယ် အထူးသဖြင့် ပညာမတတ်တဲ့ ရခိုင်တွေပေါ့။ အရေးအခင်း စစ်တွေမြို့မှာ စဖြစ်တဲ့နေ့မှာပဲ ညဘက် အားလုံး အဖျက်ခံရတယ်။ရခိုင်တွေ လုပ်တာပါ။
မေး။ ။ ရခိုင်လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်သွားခဲ့တဲ့ အမြင်မကြည်လင်မှုတွေကိုရော အန်ကယ် ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ။ ။ ၂၀၁၂ ခုနှစ်ပေါ့။ ရခိုင်မှာ အရေးအခင်းဖြစ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့ စကားနဲ့ လူများစုနဲ့ လူနည်းစုဆိုတဲ့ စကားနဲ့ ကိုင်ပြီးတော့ ရခိုင်တွေက NLD ပါတီကို လူမျိုးရေးအရ ဘင်္ဂါလီဘက်က ပါတယ်ဆိုပြီး ကျနော်တို့ ဆိုင်းဘုတ်တွေကို လာဖျက် တယ်လို့ပဲ ယူဆရတယ် ။ ဒါကတော့ ပညာမတတ်လို့ ဖြစ်ရတဲ့ကိစ္စပါ။
မေး။ ။ ပါတီ ဆိုင်းဘုတ် ဘယ်နှကြိမ်လောက် လာဖျက်တာကို ခံရလဲ။
ဖြေ။ ။ ဖျက်တာကတော့ ခဏခဏပါပဲ။ နောက်ရုံးတခုကို ပြောင်းပြီး ရှုပတောင် ရပ်ကွက်ကို ပြောင်းတဲ့အခါတော့ ရုံးဝရန်တာမှာ ကပ်ထားတဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဆိုပြီး တင်ထားတဲ့ အထဲက ခရိုင်ဆိုင်းဘုတ်ကို နည်းနည်း ဆွဲဖြဲသွားတယ်။ မြင်မကောင်းအောင် ဖျက်တာတော့ မဟုတ်ဘူး။ မေလလောက်မှာ ထင်တယ်။ ကျနော်တို့ ပထမ အဖျက်ခံရပြီး ရုံးမဖွင့်ဘဲ နေခဲ့ရတယ်။ နောက်တည်ငြိမ်စ ပြုပြီဆိုပြီးတော့ မြို့နယ် အဆင့်၊ ခရိုင်အဆင့် ပါတီ ခေါင်းဆောင်တွေကို ရွေးချယ်ပွဲ လုပ်တဲ့အခါမှာ ဖျက်တာကို ခံရတာပါ။
ဧရာဝတီ
No comments:
Post a Comment