Sunday, November 1, 2015

ဘင်္ဂါလီတွေရဲ့ အကူအညီပေးမှုကြောင့် ပါတီ ရုံးခန်းငှားရတဲ့ အပိုင်းမှာတော့ အခက်အခဲဖြစ်တာ မရှိပါဘူး ” ဟု nld ကိုယ်စားလှယ်ပြော

“ ဘင်္ဂါလီတွေရဲ့ အကူအညီပေးမှုကြောင့် ပါတီ ရုံးခန်းငှားရတဲ့ အပိုင်းမှာတော့ အခက်အခဲဖြစ်တာ မရှိပါဘူး ” ဟု nld ကိုယ်စားလှယ်ပြော

မေး။     ။ အန်ကယ်တို့ ပါတီက အခုလိုမျိုး စစ်တွေမြို့မှာ ရုံးခန်းပြောင်းခဲ့ရတာ ဘယ်နှကြိမ်လောက် ရှိနေပြီလဲ။ အန်ကယ်တို့ကို ရုံးခန်း ငှားမယ့်လူတွေ မရှိဘူးလို့လည်း ကြားနေရလို့ပါ။
ဖြေ။     ။ နေရာ ပြောင်းရွှေ့တာ အခုနဲ့ဆို လေးကြိမ်လောက် ရှိနေပြီ။ဘင်္ဂါလီတွေရဲ့ အကူအညီပေးမှုကြောင့် ပါတီ ရုံးခန်းငှားရတဲ့ အပိုင်းမှာတော့ အခက်အခဲဖြစ်တာ မရှိပါဘူး။ လိုလိုလားလားကို ငှားတာပါ။ ကျနော်တို့ ငှားပြီးတဲ့နောက်မှာ သူတို့မှာ အိမ်အရောင်းအ၀ယ် ဖြစ်သွားလို့ပါ။ အဲဒါနဲ့ ကျနော်တို့ တရားသီးစု ရပ်ကွက်ကို ပြောင်းသွားတယ်။ တရားသီးစုက အိမ်ပိုင်ရှင်တွေကလည်း လိုလိုလားလားနဲ့ သဘောကောင်းပါတယ်။ ကျနော်တို့ အောက်ထပ်ကို ငှားပြီး ရုံးခန်းဖွင့်တာ။ အဲဒီမှာလည်း အိမ်ပိုင်ရှင် မိသားစုဝင် တယောက်က ရပ်ဝေးက ပြောင်းရွှေ့လာလို့ ကျနော်တို့ကို ဆက်ပြီးတော့ ငှားဖို့ မဖြစ်နိုင်တော့ဘဲ ဖြစ်သွားတာပါ။ ဘင်္ဂါလီတွေ အမြဲတမ်း ကူညီတဲ့အတွက် ရုံးခန်းငှားတဲ့ကိစ္စကတော့ ပြဿနာ မရှိပါဘူး။
၂၀၁၂ ခုနှစ်နောက်ပိုင်းမှာတော့ဗျာ။ တော်တော်လေး အမျိုးသားရေးကြောင့် အမြင်မကြည်လင်ဘဲ ဖြစ်ပြီးတော့ ကျနော်တို့ကို စာနဲ့သော်လည်းကောင်း၊ အင်တာနက် facebook နဲ့ သော်လည်းကောင်း ပြောဆို ဝေဖန်တာတော့ ရှိခဲ့တယ်။ သို့သော်လည်း ကြီးမားတဲ့ ပြဿနာတွေ ဖြစ်တာတော့ မရှိခဲ့ပါဘူး။ အဲဒီလောက်ပါပဲ။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာတော့ စစ်တွေမှာ အဲဒီလိုမျိုး ပြောဆိုမှုတွေ သိပ်မရှိတော့ဘူး။ နည်းလာပြီပေါ့။ အမြင် ကြည်လင်လာကြတယ်။ သဘောပေါက် နားလည်လာကြတယ်ပေါ့။ လူထု အများစု ကလေ။ တချို့ကလည်း ရှိနိုင်သေးတယ်။ အမြင် မကြည်လင်သေးတဲ့ အမျိုးသားရေး တဇောက်ကန်းသမားတွေကလည်း ရှိဦးမယ် လို့တော့ ထင်ပါတယ်။အထူသဖြင့် ရခိုင်တွေပေါ့ဗျာ။

မေး။     ။ အန်ကယ်တို့ပါတီထဲက လာမယ့် ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲက ဘယ်နှယောက် အပယ် ခံရလဲ။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ကိုရော ဘယ်လို လုပ်ဆောင်နေလဲ။
ဖြေ။     ။ လာမယ့် ရွှေးကောက်ပွဲမှာ ကျနော်တို့ ပါတီက ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးမှာ အပြည့် ၀င်ပြိုင်ထားတယ်။ မောင်တောမှာ ဘင်္ဂါလီ တယောက် အပယ်ခံရတယ်။ မြေပုံမှာ တယောက်က အရွေးမခံဖြစ်ဘူး။ မောင်တောက ကိုယ်စားလှယ်ကတော့ ဘင်္ဂါလီဖြစ်နေလို့  လ၀က ဥပဒေနဲ့ ပယ်ချခံရတယ်။ ဘင်္ဂါလီ အစစ်ပါ။  ရွေးကောက်ပွဲကို ကျော်ဖြတ်မှာကတော့ အဖွဲ့ချုပ်ရဲ့ logo အတိုင်းပဲ။ ပြောင်းလဲချိန်တန်ပြီ။ အမှန်တကယ် ပြောင်းလဲဖို့ NLD ကိုမဲပေးစို့ ဆိုတဲ့ အတိုင်းပါပဲ။
ဆိုလိုတာက တပြည်လုံး ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အဖိနှိပ်ခံနေရတဲ့ စသဖြင့်ပေါ့။ ဒါတွေကို ပြောင်းလဲဖို့အတွက် အစိုးရသစ် တရပ် လိုနေပြီ။ NLD ပါတီ နေရာ အားလုံးနိုင်မှပဲ အစိုးရသစ်တရပ် ဖွဲ့နိုင်မယ်။ အစိုးရသစ် တရပ် ပေါ်ပေါက်လာမှပဲ ဘင်္ဂါလီတွေကို သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နေရာတစ်နေရာ ပေးနိုင်မယ်၊သူတို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးနိုင်မယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ တန်းတူ အခွင့်အရေး၊ ဖက်ဒရယ်မှု၊ ပြည်တွင်း ငြိမ်းချမ်းရေးစတဲ့ ကိစ္စရပ်တွေကို လုပ်လို့ရမယ်ဆိုတဲ့ မူဝါဒပေါ့။

ဧရာဝတီ

No comments: