Wednesday, November 4, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၃-၁၁-၂၀၁၅) ပြောကြားသည့် ရေဒီယို မိန့်ခွန်းမှကောက်နုတ်ချက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၃-၁၁-၂၀၁၅) ပြောကြားသည့် ရေဒီယို
မိန့်ခွန်းမှကောက်နုတ်ချက်
===================
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့
အသွင်ကူးပြောင်းရေးလမ်းကြောင်းကို
စတင်လျှောက်လှမ်းစဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ
အပြီးကာလများမှာ အရှေ့ အလယ်ပိုင်းက
နိုင်ငံတချို့မှာလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို
အရှိန်အဟုန်ပြင်းပြင်းနဲ့ ကြိုးပမ်းခဲ့ကြတာရှိပါတယ်။
သို့သော်လည်း ဒီကနေ့ မှာတော့ အဲ့ဒီနိုင်ငံတွေမှာ
ပြည်တွင်းစစ်တွေနဲ့ မင်းမဲ့စိတ်ဆန်မှုတွေကိုသာ
ဖြတ်သန်းနေရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံ အနေနဲ့ ကတော့ အပြည်ပြည်ဆိုင်ရာ
စံနှုန်းများနဲ့ တိုင်းတာရင် လိုအပ်ချက်များ ရှိနေ သော်လည်း
အသွင်ကူးပြောင်းရေးအတွက် လိုအပ်တဲ့အခြေခံများကို
အဆင့် ဆင့် တိုးတက်တည်ဆောက်နိုင်ပြီး ချောမွေ့စွာ
ကူးပြောင်းလျက်ရှိ နေပါ တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့
အထူးအလေးအနက်ထား ပြောကြားချင် တာကတော့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဟာ မိမိတိုင်းပြည်မှာရှိနေ တဲ့
အခြေခံအကြောင်းတရားများနဲ့ ပေးထားချက်များကို
ဘက်ပေါင်းစုံကနေ ချင့်ချိန်သုံးသပ်ပြီး တည်ငြိမ်အေးချမ်းစွာ
ပြောင်းလဲနိုင်ဖို့ လုပ်သင့်လုပ်ထိုက် တဲ့အရာတွေကို
သင့်လျော်တဲ့အချိန်မှာ လိုအပ်တဲ့အရှိန်တစ်ခုနဲ့ချိန်သားကိုက်
ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

No comments: