Sunday, October 18, 2015

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ [UPDJC] စတင် ဖွဲ့စည်း

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ [UPDJC] စတင် ဖွဲ့စည်း

18.10.2015

နိုင်ငံရေးဆွေးနွေးပွဲမူ ဘောင် ရေးဆွဲမည့် ကော်မတီ ဖြစ်သော ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့တို့ ဖြင့် အောက်တိုဘာ ၁၇ ရက်က နေပြည်တော်၌ ဖွဲ့စည်းခဲ့သည်။
ယင်းကော်မတီကို တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အကောင်အ ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး (JICM) အရ ဖွဲ့စည်း ခဲ့ကြောင်း ထုတ်ပြန်သည်။
‘‘UPDJC မှာ အစိုးရဘက် က ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ၀န်ကြီး ဦးအောင် မင်း ဦးဆောင်ပြီးတော့ တိုင်းရင်း သားတွေဘက်က ဖဒိုစောကွယ် ထူးဝင်းက ဦးဆောင်တယ်။ ပါ တီတွေဘက်က နောင်မှာ ပါဝင် လာဖို့ရှိပါတယ်’’ဟု ယင်းကော်မ တီဖွဲ့စည်းမှုအစည်းအဝေးတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ ငြိမ်း ချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြော သည်။အစိုးရဘက်က ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်က ၁၆ ဦး၊ နိုင်ငံရေးပါတီ များဘက်က ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် UPDJC ကို ဖွဲ့စည်းမည်ဟု ဆိုသည်။ လတ်တလောတွင် နိုင်ငံရေးပါတီများ ပါဝင်ခြင်းမရှိသေး ဘဲ နိုဝင်ဘာ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှသာ ပါဝင်လာရန် ရှိ သည်ဟု ဆိုသည်။ ဖော်ဆောင်နေ သော လုပ်ငန်းစဉ်အရ NCA ရေး ထိုးပြီး ရက်ပေါင်း ၆၀ အတွင်းမူ ဘောင် ရေးဆွဲ၍ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ များ စတင်ကျင်းပရမည်ဖြစ် သည်။
UPDJC မှနေ၍ နိုင်ငံရေး ဆွေးနွေးပွဲအတွက် မူဘောင် ရေးဆွဲမည်ဖြစ်ပြီး ထိုမူဘောင် အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ရာ UPDJC ၏ဆောင်ရွက်မှုသည် နိုင်ငံရေးဆွေး နွေးပွဲများ၌ မည်သူတို့ပါဝင်၍ မည်သည့်ပုံစံ ဆွေးနွေးကြမည်ဆို သည့်အပေါ် တိုက်ရိုက်သက် ရောက်မည်ဖြစ်ကြောင်း လေ့လာ သူများက ထောက်ပြနေသည်။ NCA ရေးထိုးသော ရှစ်ဖွဲ့နှင့်သာ UPDJC ကို ဖွဲ့စည်း သည့်အတွက်ဝေဖန်မှုအချို့ရှိခဲ့သည်။
‘‘သူတို့ (လက်မှတ်မရေးထိုးသေးသော အဖွဲ့များ) ပါလာဖို့ နည်းလမ်းတွေ လုပ်မှာပါ’’ ဟု ဦးလှမောင်ရွှေက ပြောသည်။
ကော်မတီဖွဲ့စည်းကြောင်း ကြေညာသည့် အောက်တိုဘာ ၁၇ ရက်ကြေညာချက်တွင် ‘‘NCA လက်မှတ်ရေးထိုးရာ၌ မပါဝင် သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖြစ်စဉ်၌ ဂုဏ်သိက္ခာရှိ စွာ ပူးပေါင်းပါဝင်လာနိုင်ရေး အတွက် နှစ်ဖက်ကြိုးပမ်းဆောင် ရွက်သွားရန် သဘောတူကြပါ သည်’’ဟူ၍ တွေ့ရသည်။

7Day Daily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: