သမ္မတလောင်းနေရာကို တစ်ဦးတစ်ယောက်တည်းသဘောဖြင့် ဆုံးဖြတ်၍မရဟု သူရဦးရွှေမန်းပြော
18.10.2015
ပါတီတစ်ခု၏ သမ္မတလောင်းနေရာကို တစ်ဦးတစ်ယောက်တည်းသဘောဖြင့်ဆုံးဖြတ်၍မရဘဲ ဒီမိုကရေစီနည်းကျကျသာရွေးချယ်ရမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် သူရဦးရွှေမန်းကပြောကြားသည်။
စက်တင်ဘာ ၁၆ရက်က ဘီ ဘီစီသတင်းဌာနနှင့်တွေ့ဆုံမေး မြန်းခန်းတွင် ပြည်ခိုင်ဖြိုးပါတီအ ထွေထွေအတွင်းရေးမှူးဦးတင် နိုင်သိန်းက လာမည့်ရွေးကောက် ပွဲအနိုင်ရခဲ့ပါက တစ်နိုင်ငံလုံးက ချစ်ခင်သည့်ပါတီခေါင်းဆောင်ဦးသိန်းစိန်ကိုသာ သမ္မတတင်မြှောက်ရန်ရွေးချယ်ထားကြောင်းပြောကြားမှုအပေါ် ၎င်းကအထက်ပါအတိုင်း တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။
‘‘ပါတီတစ်ခုရဲ့ခေါင်း ဆောင်သမ္မတလောင်းဆိုတာက ပါတီရဲ့ သဘောထာကအရေးကြီး ပါတယ်။ ပါတီရဲ့ သဘာထားဆို ရင် ပါတီကပဲဆုံးဖြတ်ရမှာပါ။ တစ်ယောက်တည်းဆုံးဖြတ်လို့မ ရပါဘူး’’ဟု သူရဦးရွှေမန်းကဆို သည်။
ဒီမိုကရေစီစနစ် ကျင့်သုံး မည့်ပါတီအဖွဲ့အစည်းများသည် ခေါင်းဆောင်(သို့)သမ္မတနေရာ ကို ရွေးချယ်ပါက ဒီမိုကရေစီဆန် ဆန်ဆုံးဖြတ်ရမည်ဟု စက်တင် ဘာ ၁၇ရက်က ၎င်းဝင်ရောက် ယှဉ်ပြိုင်မည့်ဖြူးမြို့နယ်မဲဆွယ် စည်းရုံးမှုခရီး၌ 7Day Daily ၏မေးမြန်းမှုအား အထက်ပါအ တိုင်းဖြေကြားခဲ့သည်။
လာမည့်အထွေထွေရွေး ကောက်ပွဲတွင် သမ္မတဦးသိန်းစိန် ကို ရွေးချယ်တင်မြှောက်မည်ဟု ပြည်ခိုင်ဖြိုးပါတီ အထွေထွေအ တွင်းရေးမှူးက ထုတ်ဖော်ပြောကြားသည့်အတွက် ပါတီ၏ ရွေး ကောက်ပွဲအောင်နိုင်ရေးအပေါ် ပြည်သူထောက်ခံမှုလျော့ကျနိုင် ခြင်းရှိ၊မရှိမေးမြန်းမှုကို သူရဦးရွှေ မန်းအနေဖြင့် ဖြေကြားခြင်းမရှိခဲ့ ပေ။ ထို့အပြင် စက်တင်ဘာဖြူး မြို့နယ်ခရီးစဉ်တစ်ခုတွင် သူရဦး ရွှေမန်းက ၎င်းမျှော်မှန်းထားသည့် သမ္မတနေရာကိုဆုပ်ကိုင်ထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သူရဦးရွှေမန်းသည်ယခင် က ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေ ခြင်းဖြစ်ပြီး သြဂုတ် ၁၂ရက် ညဥ့် သန်းခေါင်ယံဖြစ်ပွားခဲ့သည့်ဖြစ် ရပ်ကြောင့် ၎င်းအပါအ၀င်ထိပ် ပိုင်းခေါင်းဆောင် ၁၃နေရာအ ပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိတွင်သူရဦးရွှေမန်းသည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်အဖြစ် ဆက်လက်ရပ်တည်နေပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်နာယက တာဝန်များဆောင်ရွက်လျက်ရှိသည်။
သူရဦးရွှေမန်း ရှင်းလင်းပြောကြားနေစဉ်(ဓာတ်ပုံ - ရဲနိုင်)
7Day Daily
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment