ဆီးရီးယားအခြေစိုက်အစွန်းရောက်များကိုချေမှုန်းနိုင်မည့် အလားအလာ
=========================================
ထွန်းတောက်
ဆီးရီးယားအစ္စလာမ္မစ်သမိုင်း
ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုလျှင် အယ်လ်ခိုင်ဒါ စသည့်အစွန်းရောက်အကြမ်းဖက်အဖွဲ့များ ယခင်က မရှိခဲ့ဖူးပေ။ အစ္စလာမ္မစ်အဖွဲ့ဆို၍ ဆီးရီးယားမွတ်စလင်ညီနောင်များအဖွဲ့နှင့် ၄င်း၏ လက်နက်ကိုင်အစောင့်တပ်ဖွဲ့သာ ရှိခဲ့သည်။ ဆီးရီးယားနိုင်ငံတွင် ၁၉၇ဝပြည့်နှစ်များ၌ ဆွန်နီမွတ်စလင်ညီနောင်များအဖွဲ့က အာဏာရှင်ဟာဖက်အယ်လ်အာဆတ် (ယခုသမ္မတ ဘာရှာအာဆတ်၏ ဖခင်)၏ အစိုးရကို ပုန်ကန်တိုက်ခိုက်ခဲ့သည်။
ဆီးရီးယားနိုင်ငံတွင် ဆွန်နီပြည်သူတို့မှာ အများစု ဖြစ်ပြီး အာဏာရှင်ဟာဖက် အယ်လ်အာဆတ်၏ အစိုးရ နှင့် တပ်မတော်မှာ အာလာဝိုက်ရှီးယိုက်အနွှယ်များဖြစ် သည်။ သို့သော် ထိုတော်လှန်ပုန်ကန်မှုတွင် အစိုးရနှင့် တပ်မတော်ကိုဖြုတ်ချရန် ကြံစည်ခဲ့ကြသည့် မွတ်ဆလင် ညီနောင်များအဖွဲ့မှ ခေါင်းဆောင်များနှင့် နောက်လိုက် များစွာသည် ဆီးရီယားစစ်တပ်၏ ပြင်းထန်စွာနှိပ်ကွပ် သတ်ဖြတ်ဖမ်းဆီးမှုကို တွေ့ကြုံခဲ့ရသည်။
၁၉၈၂ ခုနှစ်တွင် ဆီးရီးယားအလယ်ပိုင်း ဟားမား ပြည်နယ်တွင် မွတ်စလင်ညီနောင်အဖွဲ့ဝင် ၂ဝဝဝဝ ကျော်ကို ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များက အစုလိုက် အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့သည်။
ထိုစဉ်ကစ၍ ရှီးယိုက်အာလာဝိုက် အစိုးရသည် မွတ် ဆလင်ညီနောင်အဖွဲ့နှင့် ဆွန်နီမျိုးနွယ်များကို လူမျိုးရေး၊ ဘာသာရေးခွဲခြားဖိနှိပ်၍ အုပ်ချုပ်လာခဲ့သည်မှာ ယနေ့ တိုင်ပင် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတို့က ဆိုသည်။
ထိုစဉ်က ဆီးရီးယားတွင် မွတ်စလင်ညီနောင်အဖွဲ့ဝင်ဖြစ်ခြင်းကပင် အပြစ်ကြီးတစ်ခုဖြစ်နေပြီး အစိုးရလုံခြုံ ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးသုတ်သင်မှုကို ခံခဲ့ကြရသဖြင့် မွတ်စလင်ညီနောင်အဖွဲ့ဝင်များမှာ နိုင်ငံခြားသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။ မွတ်စလင်ညီနောင်အဖွဲ့ဝင်များစွာမှာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဆီဒီနာယာ စစ်အကျဉ်း စခန်းတွင် နှစ်များစွာပင် အကျဉ်းချထားခြင်းခံခဲ့ရသည်။
သို့သော် ၂ဝဝ၃ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့များက အီရတ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်ပြီးနောက်တွင် မက်ဆို ပိုတေးမီးယားအယ်လ်ခိုင်ဒါအဖွဲ့က အမေရိကန်တပ်များကို အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာချိန်တွင် ဆီးရီး ယားသည် ဂျီဟတ်ဒစ်လောကနှင့် ပတ်သက်ဆက်နွှယ် လာရသည်။
ကမ္ဘာအဝန်းမှ ဂျီဟတ်ဒစ်တိုက်ခိုက်ရေးသမားများသည် ဆီးရီးယားနိုင်ငံကို ဖြတ်သန်းကာ အီရတ်နိုင်ငံ အတွင်းသို့ ဝင်ရောက်၍ အယ်လ်ခိုင်ဒါအဖွဲ့နှင့်ပူးပေါင်းပြီး အမေရိကန်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်။
၂ဝဝ၇ ခုနှစ်၌ အမေရိကန်တပ်ဖွဲ့များက အီရတ် နယ်စပ်ဆင်ဂျာမြို့တွင် သိမ်းဆည်းရမိသည့် မှတ်တမ်း ဖိုင်တွဲများအရ ဆီးရီးယားနယ်နိမိတ်ကို ဖြတ်သန်း၍ အီရတ်သို့ ဝင်လာခဲ့သော ဂျီဟတ်ဒစ်တိုက်ခိုက်ရေးသမား ၆ဝဝ ကျော်ရှိပြီး ၄င်းတို့ ဖြတ်သန်းရာတွင် ဆီးရီးယား အာဏာပိုင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြ ထားသည်။
ဆီးရီးယားအစိုးရက ရည်ရွယ်ချက်နှစ်ရပ်ဖြင့် ဂျီဟတ် ဒစ်များကို ကူညီခဲ့ခြင်းဖြစ်သည်။ ပထမရည်ရွယ်ချက်၌ အီရတ်သို့ ဝင်ရောက်ရန် ဖြတ်သန်းသွားသည့် ဂျီဟတ်ဒစ် များကို ဆီးရီးယားအစိုးရက ကူညီခြင်းဖြင့်ပြည်တွင်း၌ အစွန်းရောက်များမထြ
ဒုတိယရည်ရွယ်ချက်မှာ အယ်လ်ခိုင်ဒါစစ်သွေြး
ထို့ပြင် ဆီးရီးယား၊ မွတ်စလင်ညီနောင်အဖွဲ့ဝင်များ သည်လည်း နယ်စပ်ဖြတ်ကျော်ကာ အယ်ခိုင်ဒါနှင့်လက်တွဲ ၍ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ကြသည်။
၂ဝဝ၄ ခုနှစ်နှင့်၂ဝဝ၅ ခုနှစ်၌ အီရတ်တွင် အယ်လ် ခိုင်ဒါနှင့် လက်တွဲတိုက်ခိုက်နေကြသည့် ဆီးရီးယား စစ်သွေြး
ထိုစဉ်ကစတင်ပြီးဆီးရီးယားတွင် အယ်လ်ခိုင်ဒါအစွန်း ရောက်များ စတင်အမြစ်တွယ်လာခဲ့ပြီး အကြမ်းဖက် တိုက် ခိုက်မှုများကို ကြိုကြားကြိုကြား ပြုလုပ်လာခဲ့သည်။
ယနေ့အချိန်၌ ဆီးရီးယားနိုင်ငံရက်ကာမြို့တွင် အခြေ စိုက်ထားသည့် အဘူဘေကာ အယ်လ်ဘက်ဒါဒီ၏ အိုင် အက်စ် အစွန်းရောက်အဖွဲ့နှင့် အဘူမိုဟာမက်အယ်ရိုလာနီ နှင့် ဘာသာရေးဆရာကြီး အဘူအိုသာခန်ဦးဆောင်သည့် အယ်လ်နျူဆရာတပ်ဦးသည် မြို့ရွာအချို့ကိုသိမ်းပိုက်ထား နိုင်ပြီးအာဆတ်၏လုံခြုံရေးတပ်ဖွဲ့များကို ဆန့်ကျင်တိုက် ခိုက်လျက်ရှိနေကြသည်။
အစွန်းရောက်အဖွဲ့များ
ဆီးရီးယားနိုင်ငံတွင် အဘူဘေကာအယ်လ်ဘက်ဒါဒီ ဦးဆောင်သည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့နှင့် အပြိုင် အင်အားကြီးထွားလာနေသော အယ်လ်နျူဆရာ အယ်လ် ခိုင်ဒါတပ်ဦးအဖွဲ့၏ ခေါင်းဆောင်မှာ အသက် (၃ဝ) အရွယ်မျှသာရှိသေးသည့် လူငယ်လေးအဘူမိုဟာမက် အယ်လ်ရိုလာနီဖြစ်သည်။ အယ်လ်ဘက်ဒါဒီနှင့် အယ်လ်ရို လာနီတို့သည် မက်ဆိုပိုတေးမီးယား အယ်လ်ခိုင်ဒါအဖွဲ့ဝင် များဖြစ်ကြပြီး ၂ဝဝ၅ ခုနှစ် အီရတ်စစ်ပွဲအတွင်း၌ အမေရိ ကန်တပ်ဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပြီး ၄င်းတို့ နှစ်ဦးလုံးမှာ နောက်ပိုင်းတွင် အမေရိကန်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ၄င်းတို့နှစ်ဦးလုံး စစ်အကျဉ်း စခန်းတွင် လေးနှစ်ကျော်မျှ ထိန်းသိမ်းခံခဲ့ရသည်။
ဆီးရီးယား အာရပ်နွေဦး အြုံ
အယ်နျူဆရာတပ်ဦးသည် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ တွင် ဒမတ်စကတ်မြို့တော်ရှိ နိုင်ငံတော်လုံခြုံရေးဌာနကို ဗုံးခွဲတိုက်ခိုက်ခြင်းဖြင့် ပထမဆုံးအကြိမ် အကြမ်းဖက်မှု စစ်ပွဲကို စတင်လိုက်သည်။
အယ်လ်ဘက်ဒါဒီနှင့် အယ်လ်ရိုလာနီတို့သည် ဆရာ တပည့် ဖြစ်သော်လည်း မွတ်စလင်ပြည်သူများအပေါ် အိုင်အက်စ်အဖွဲ့သည် ရက်စက်စွာ သတ်ဖြတ်နှိပ်စက် နေမှုကြောင့် သဘောတရားချင်း မတူကွဲပြားလာသည့် အတွက် အယ်လ်ဘက်ဒါဒီနှင့် အယ်လ်ရိုလာနီတို့သည် နောက်ပိုင်းတွင် ရန်သူများဖြစ်လာခဲ့ကြသည်ဟု စစ်ရေး လေ့လာသူတို့က ဆိုသည်။
ဒေါက်တာ အိုင်မန်အယ်လ်ဇာဝါဟီရီ ဦးဆောင်သည့် အယ်ခိုင်ဒါ ဗဟိုအဖွဲ့ကလည်း ရက်စက်ကြမ်းကြုတ်သော အိုင်အက်စ်အဖွဲ့ကို အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။
ထို့ပြင်ဆီးရီးယားနိုင်ငံ၌ အခြားလက်နက်ကိုင်အဖွဲ့ တစ်ခုမှာ ၂ဝ၁၁ခုနှစ် နွေရာသီတွင်စတင်ဖွဲ့စည်းခဲ့သည့် ဆီးရီးယားလွတ်မြောက်ရေးသူပုန်တပ်ဖွဲ့(Free Syriam
Army -FSA) ဖြစ်သည်။
၎င်းအဖွဲ့သည်စည်းလုံးညီညွတ်မှုမရှိ၍ အောင်မြင်မှု မရှိခဲ့ပေ။ သူပုန်တပ်ဖွဲ့ဝင်များကရှေ့တန်းတွင်တိုက်ခိုက် နေချိန်တွင် ခေါင်းဆောင်များကနိုင်ငံခြားရှိ ဟိုတယ်များ တွင် ဇိမ်ကျစွာနေထိုင်နေမှုကြောင့် စည်းလုံးညီညွတ်မှု ပြိုကွဲနေခဲ့သည်။
မကြာမီက အမေရိကန်အစိုးရသည် ၄င်းသူပုန် တပ်ဖွဲ့ဝင်များကို လေ့ကျင့်ထောက်ကူမှုပေး၍ အိုင်အက်စ် အစွန်းရောက်များကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ပါဝင် ကူညီစေခဲ့သည်။ သို့သော် လွန်ခဲ့သောလ၌ သူပုန်တပ်ဖွဲ့ ဝင် အချို့သည်အယ်လ်နျူဆရာတပ်ဦးအဖွဲ့အား အမေရိ ကန် လက်နက်များနှင့်ဟမ်းဗီးထရပ်ကားများကို ပေးအပ် ခဲ့သည့်အတွက် အမေရိကန်အာဏာပိုင်များက သူပုန်များ အား ထောက်ပံ့ကူညီမှုရပ်ဆိုင်းခဲ့သည်။
ရုရှားတိုက်ရိုက်ပါဝင်လာ
ယခုအောက်တိုဘာလဆန်း၌ရုရှားအစိုးရသည်မဟာ မိတ်အာဏာရှင်အာဆတ်ကို ထောက်ကူမှုပေးရန် ဆီးရီး ယားအရေးတွင် ပထမဆုံးတိုက်ရိုက်ပါဝင်လာသည်။
ဆီးရီးယားနိုင်ငံ လာတာကီးယာ၊ မြေထဲပင်လယ်ဆိပ် ကမ်းမြို့တွင်မေမင်လေတပ်စခန်း၌ရုရှားတိုက်လေယာဉ်များ၊ ဒုံးကျည်စနစ်များ၊ တင့်ကားနှင့်အမြောက်ကြီးများ နှင့် အထူးတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်နေရာချလာသည်။
ရုရှားတိုက်လေယာဉ်များသည် အီဒလစ်နှင့်ဟားမား ပြည်နယ်များရှိ စစ်သွေးကြွပစ်မှတ်များကိုအကြိမ် ၆ဝ ကျော်မျှ ဗုံးကြဲတိုက်ခိုက်၍ ကက်စပီယံပင်လယ်မှရုရှားစစ်သင်္ဘောများမှလည်း ပဲ့ထိန်းဒုံးကျည်များဖြင့် ဆီးရီး ယားစစ်သွေးကြွ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြ၍ စစ်သွေးကြွ ၂ဝဝကျော်သေဆုံးသွားခဲ့ကာလက်နက်တိုက် များကို ဖျက်ဆီးနိုင်ခဲ့သည်။ ထို့ပြင်ဆီးရီးယား စစ်တပ် နှင့်ရှီးယိုက်ပြည်သူ့စစ်များသည်ဟားမားဒေသရှိ စစ်သွေး ကြွစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ကြသည်။
အစွန်းရောက်များ၏အလားအလာ
ဆီးရီးယားနိုင်ငံ၌ သီးခြားစီလေကြောင်းစစ်ဆင်ရေး များကို ဆောင်ရွက်နေသည့် အမေရိကန်နှင့်ရုရှားတပ်ဖွဲ့ များသည်ဝေဟင်၌မတော်တဆ ဖြစ်စဉ်များရှောင်လွှဲနိုင်ရေး အတွက် အမေရိကန်နှင့်ရုရှားတို့အကြား ဆွေးနွေးပွဲများ ပြုလုပ်နေသည်ဟု ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ပီတာကော့ က ပြောဆိုသည်။
အမေရိကန်ညွန့်ပေါင်းအဖွဲ့နှင့် ရုရှားတပ်ဖွဲ့များ၏နှစ်ဖက်ညှပ်၍ တိုက်ခိုက်မှုကြောင့် အိုင်အက်စ်နှင့်အယ်လ် နျူဆရာစစ်သွေးကြွများသည် ၄င်းတို့၏ မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သည့် အာဏာရှင်အာဆတ်ကိုဖြုတ်ချ၍ အစ္စလာမ်ကာလီဖိတ်အင်ပါယာကြီးထူထောင်ရန် ကြိုးပမ်း မှုအိပ်မက်မှာလက်တွေ့ အကောင်အထည်ဖော်ဆောင်ရန် ဖြစ်နိုင်ဖွယ်မရှိတော့ပေ။ အာဏာရှင်အာဆတ်၏ အခန်း ကဏ္ဍမှာ ပိုမိုခိုင်မာလာသည်။
အစွန်းရောက်စစ်သွေးကြွအဖွဲ့များ၏ အနာဂတ် ဘာလဲ၊ ဘယ်လဲဟုမေးရမည်ဖြစ်နေသည်။ ၄င်းတို့သည် ဆီးရီးယားနှင့် အီရတ်တွင်ပင် ချေမှုန်းခံရနိုင်မည်လား သို့မဟုတ် နိုင်ငံရေးတည်ငြိမ်မှုမရှိသည့် လစ်ဗျားကဲ့သို့ နိုင်ငံများသို့ ရွှေ့ပြောင်းအခြေစိုက်ကြမည်လား။
အစ္စလာမ် အစွန်းရောက်ဝါဒသည် ကမ္ဘာပေါ်မှပျောက် ကွယ်ရန်ဖြစ်နိုင်ဖွယ်မရှိဟု ပညာရှင်တို့က သုံးသပ်ကြ သည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment