Sunday, October 18, 2015

ဒေသခံ ပြည်သူတွေ အပါအ၀င် တိုင်းရင်းသား အားလုံး နိုင်ငံသား အားလုံး ငြိမ်းချမ်းရေးမှာ တာဝန် ရှိတယ်

ဒေသခံ ပြည်သူတွေ အပါအ၀င် တိုင်းရင်းသား အားလုံး နိုင်ငံသား အားလုံး ငြိမ်းချမ်းရေးမှာ တာဝန် ရှိတယ်

မေး၊ ရေး သတင်းအဖွဲ့
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးချိန်မှစ၍ နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန် အစိုးရ အဆက်ဆက်က ကြိုးပမ်းခဲ့ကြသည်။ ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၁ ခုနှစ် ဩဂုတ် ၁၈ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့ သည်။ ထိုဖိတ်ခေါ်မှုသည် ယနေ့ မြန်မာနိုင်ငံတွင် ပေါ်ပေါက် လျက် ရှိသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အစပျိုး လုပ်ငန်းစဉ်ပင် ဖြစ်သည်။
စိတ်ရှည် သည်းခံမှု၊ တန်းတူ ရည်တူရှိမှုနှင့် အပြန်အလှန် နားလည်မှု တန်ဖိုးများဖြင့် ဆွေးနွေး ရရှိခဲ့ကြသော ဤစာချုပ်သည် အပစ်အခတ် ရပ်စဲရေး သက်သက် သာမက တိုင်းရင်းသား လူမျိုးစုများ အကြားတွင် ကာလရှည်ကြာ ပျောက်ဆုံး နေခဲ့သည့် အပြန်အလှန် ယုံကြည်မှုကို ပြန်လည် တည်ဆောက်နိုင်ခြင်း ဆုလာဘ်ကိုလည်း တစ်ပါတည်း ဆောင်ကြဉ်း နိုင်ခဲ့ ရာ အလွန် တန်ဖိုးရှိလှသည်။
အဆိုပါ “ဆုလာဘ်” များ ဆောင်ကြဉ်း ပေးနိုင်မှုနှင့် ပတ်သက်၍ တွေ့ ဆုံ မေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
SUN Guoxiang
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန
အာရှရေးရာ အထူးသံတမန်
ဒီနေ့မှာ ကျွန်တော် အင်မတန် စိတ်လှုပ်ရှားတယ်။ နှစ်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီးတော့ ဒီနေ့မှာ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင် တယ် ဆိုတော့ ဝမ်းသာမိပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ငြိမ်းချမ်းရေး မရှိရင် ဘာမှ လုပ်လို့မရပါဘူး။ အဲဒါလည်း ပြည်သူလူထု အားလုံးက မျှော်လင့်ထားတဲ့ အရာပါ။ အားလုံး ကလည်း ၀ိုင်းဝန်း ကြိုးပမ်း နေပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကျွန်တော်တို့ တရုတ်နိုင်ငံ အနေနဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာနဲ့အညီ အဲဒီငြိမ်း ချမ်းရေး ဖြစ်စဉ်ကို အမြဲတမ်း အလေးထားပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ် အစကတည်းက ကျွန်တော့်ကို တရုတ်နိုင်ငံက အထူး သံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်း အတွက် တရုတ်နိုင်ငံအနေနဲ့ တက်တက် ကြွကြွ ပါဝင် ကူညီပေးနေပါတယ်။ ဒီကိစ္စ အားလုံးဟာလည်း မြန်မာနိုင်ငံ အတွက် ကြိုးပမ်းတာ ဖြစ်ပါတယ် ။ မြန်မာပြည်သူ လူထု အကျိုးအတွက်ပဲ ဖြစ်ပါတယ်။ ဒီနေ့လက်မှတ် ရေးထိုး တဲ့ အခမ်းအနားမှာ အဖွဲ့ရှစ်ဖွဲ့ပဲ လက်မှတ် ရေးထိုးခဲ့တယ် ဆိုပေမယ့် မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ အရင်တုန်းကလည်း ကူညီခဲ့တယ်။ အခုလည်း မြန်မာနိုင်ငံ ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထောက်ခံနေသလို အနာဂတ်မှာ လည်း ဆက်လက်ပြီး အကူအညီတွေ ပေးသွား ဦးမှာပါ။
ဦးမိုက်ကယ်ပန်
အင်တာနယူးစ်
ကျွန်တော်တို့အင်တာနယူးစ်အနေနဲ့ဒီငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်အောင် သတင်းသမားတွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ပိုပြီး ထဲထဲဝင်ဝင်နဲ့ ဘက်မျှတဲ့၊ ပဋိပက္ခကို ပြေလည်အောင် ဦးတည်စေတဲ့ သတင်းမျိုးတွေ ရေးနိုင်အောင် သင်တန်းတွေ ပေးခဲ့ပါတယ်။ မီဒီယာရဲ့ ကဏ္ဍက အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ မီဒီယာတွေကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ပြည့်ပြည့်စုံစုံ ရေးသား တင်ပြနိုင်မယ်။ ရှိနေတဲ့ အခက်အခဲ တွေကိုလည်း တင်ပြနိုင်မယ် ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်နေတဲ့ ဘက်ပေါင်းစုံက အခြေအနေတွေကို သိရှိပြီး ငြိမ်းချမ်းရေး လုပ်တဲ့ အခါမှာ ပိုပြီး အဆင်ပြေလာမယ်။ အဲဒီ ယူဆချက်နဲ့ သင်တန်းပေးခဲ့တဲ့ အတွက် အခုလို လက်မှတ် ရေးထိုးနိုင်ပြီ ဆိုတော့ မီဒီယာတွေ ဘက်က ဂုဏ်ယူတယ်လို့ ပြောပါရစေ။
မီဒီယာ ကဏ္ဍက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ မပြီးသေးဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကလည်း မပြီးသေးတဲ့ အတွက် မီဒီယာတွေ အနေနဲ့ ပိုပြီးတော့ လုပ်စရာတွေ များလာမယ်လို့ ထင်တယ်။ ပထမ အဆင့်တော့ လက်မှတ် ရေးထိုးပြီးရင် ဘာဆက်လုပ်ရမလဲ။ ပြည်သူလူထုက လက်မှတ် ရေးထိုးတာနဲ့ ပတ်သက်ပြီး ပိုမို နားလည်အောင် မီဒီယာတွေ အနေနဲ့ ဘာတွေ ဆက်ပြီး ရေးပေးရဦးမလဲ၊ တင်ပြ ပေးရဦးမလဲ ဆိုတာ အများကြီး လုပ်ဖို့ ရှိနေပါသေးတယ်။ အခု လက်မှတ် ရေးထိုးလိုက် တဲ့ နေရာတွေမှာ ရှိတဲ့ မီဒီယာတွေ အနေနဲ့လည်း ပြည်သူလူထုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သက်ဆိုင်နေတဲ့ သူတွေနဲ့ ကြားထဲမှာ နားလည်မှုတွေ ပိုရှိလာအောင် လုပ်ဆောင် ပေးရဦးမှာမို့ မီဒီယာကဏ္ဍက ပိုလို့တောင် အရေးပါလာတယ်လို့ မြင်မိတယ်။ လက်မှတ် ရေးထိုးပြီး တဲ့နောက် လုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေစတဲ့ အကြောင်းအရာတွေကို ပြည်သူလူထု သိရှိအောင် မီဒီယာ ကဏ္ဍကနေ အများကြီး လုပ်ဆောင်ပေးဖို့ လိုအပ်နေ ပါသေးတယ်။
ဦးကိုကိုကြီး (၈၈ မျိုးဆက်)
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်က အားလုံး ပါဝင်တဲ့ လက်မှတ် ရေးထိုးပွဲတော့ ဖြစ်မလာသေးဘူး။ သို့သော် အားလုံးပါဝင်တဲ့ လက်မှတ် ရေးထိုးပွဲအဆင့် ရောက်ဖို့ ဒါပဏာမ ခြေလှမ်းလို့ ယုံကြည်ပါတယ်။ နောက်လက်မှတ် ရေးထိုးမှု မလုပ်နိုင်သေးပေမယ့် ‘ဒီစာချုပ် မူကြမ်း ဖြစ်ပေါ်လာတဲ့ အထိ ပူးပေါင်း ကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသား ရဲဘော်များကိုလည်း ကျွန်တော်တို့က ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ တစ်ဖက်က လည်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ် ရေးထိုး ပြီး နောက်ပိုင်းမှာ မရေးထိုးရသေးတဲ့ ပုဂ္ဂိုလ်တွေကို ရေးထိုးပြီးတဲ့ ပုဂ္ဂိုလ်များက တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးစားမှုနဲ့ ဒီဖြစ်စဉ်ကို ကျယ်ပြန့် လာအောင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တကယ် အကောင် အထည် ပေါ်လာအောင် ကျွန်တော်တို့ အားလုံး ဆောင်ရွက်ကြဖို့ လိုပါတယ်။ NCA မှာ တကယ် အကျိုးခံစားရတာ ကတော့ ဒေသခံတွေပါ။ ဒါကြောင့် ဒေသခံ ပြည်သူတွေ အပါအဝင် တိုင်းရင်းသား အားလုံး၊ နိုင်ငံသား အားလုံး ငြိမ်းချမ်းရေးမှာ တာဝန် ရှိပါတယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: