သွားလာရေးအခက်အခဲကြောင့် ကြန့်ကြာနေသည့် ဒီချုပ်၏ ကိုကိုးကျွန်းမဲဆွယ်စည်းရုံးရေးခရီးစဉ် အောက်တိုဘာ ၂ဝ တွင် စမည်
************************************************************
ညီတူး ၊ ရန်ကုန်၊ အောက်တိုဘာ ၁၆
ကိုကိုးကျွန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲနီး ကပ်ချိန် အောက်တိုဘာ ၂ဝ ရက်မှသာ ရေကြောင်းပို့ ဆောင်ရေးသင်္ဘောဖြင့် သွားရောက်မဲဆွယ်နိုင်တော့ မည်ဖြစ်ကြောင်း ယင်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ဦးဝင်းကိုကိုဝင်းက ပြောသည်။
ကိုကိုးကျွန်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင် မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး ခွင့်ပြုထား သော တစ်လကျော်အကြာမှသာ သွားရောက်မဲဆွယ်နိုင် မည်ဖြစ်သည်။
''တိုင်းအစိုးရကတော့ ၂ဝ ရက် သွားရမယ် လို့ ပြောတာပဲ။ သူတို့သင်္ဘောနဲ့ သွားရမယ်လို့တော့ ပြောတယ်။ သင်္ဘောထွက်မှ လိုက်ရမှာကို ပြောတာ နော်''ဟု လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကိုကိုးကျွန်းမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းကိုကိုဝင်းက ပြောသည်။
သို့သော် ယင်းနေ့တွင် ရေကြောင်းပို့ဆောင် ဆက်သွယ်ရေးဦးစီးဌာနမှ သင်္ဘောမထွက်လျှင် အခြား သွားလို့ရနိုင်မည့် နည်းလမ်းများ စီစဉ်ထားကြောင်း ¤င်းကဆိုသည်။
''အဲဒီနေ့မှ သင်္ဘောမထွက်ရင် တခြားနည်း လမ်းကိုတော့ တတ်နိုင်သမျှ လုပ်ထားပါတယ်။ အဲဒါ တွေကိုတော့ ချပြီးတော့မပြောချင်ပါဘူး။ အခြားနည်း လမ်းနဲ့စာရင် ဒီနည်းလမ်းက ဂုဏ်သိက္ခာရှိရှိနဲ့သွားနိုင် လို့ပါ''ဟု ¤င်းက ဆက်လက်ပြောသည်။
ကိုကိုးကျွန်းမဲဆန္ဒနယ်တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းမင်း က ''ဒီတစ်ခေါက်သွားပြီးရင် ရွေးကောက်ပွဲကျင်းပပြီးတဲ့ အထိနေမယ်။ နယ်မြေကိုလဲ တစ်ကြိမ်တစ်ခါမှမရောက် ဖူးသေးဘူး။ မဲဆွယ်စည်းရုံးရက်က ၁၄ ရက်ကျန်လား၊ ၁၃ ရက်ကျန်လားဆိုတာ သုံးသပ်ပြီးမှ နေရာခွဲပြီး မဲ ဆွယ်မှုတွေ လုပ်ရမှာပါ''ဟုပြောသည်။
ကိုကိုးကျွန်းမြို့နယ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် မဲဆွယ်ရန် သွားရောက်မည့်ခရီးစဉ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် လောင်းသုံးဦးနှင့်အတူ အဖွဲ့ဝင် ၁၁ ဦးတင်ထားကြောင်း၊ သင်္ဘောခရီးစရိတ်မှာ တစ်ယောက် ကျပ်နှစ်သောင်းခန့် ကျသင့်မည်ဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းများ က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ်များသည် ကိုကိုးကျွန်းတွင် မဲဆွယ်စည်းရုံးနိုင်ရန် အတွက် ကိုယ်ပိုင်ကမ်းရိုးတန်းသွားစက်လှေ စင်းလုံး ငှားပြီးသွားရန် အစိုးရဌာနများသို့ တင်ပြခဲ့သော်လည်း စက်လှေသေးငယ်သည့်အတွက် ခွင့်ပြုချက်မရခဲ့ပေ။
ကိုကိုးကျွန်းမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကာကွယ်ရေးဦးစီးချုပ်(ရေ)(ငြိမ်း)သူရသက်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီးနယ်/လုံ ဝန်ကြီးဟောင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သလို ¤င်းတို့ မှ ကိုယ်ပိုင်အစီအစဉ်များဖြင့် မဲဆွယ်နေပြီဟုသိရသည်။
ကိုကိုးကျွန်းမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၇ဝဝ ကျော်ရှိကြောင်းသိရပြီး ထိုအထဲတွင် တပ်မ တော်သား ၈ဝဝ ကျော် ပါဝင်ကြောင်း သိရသည်။
#YangonMediaGroup #FlowerNewsJournal
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment