Sunday, October 18, 2015

ရွေးကောက်ပွဲ လုံခြုံရေး အထူးရဲအင်အား ၄ သောင်းကျော် ခန့်အပ်

ရွေးကောက်ပွဲ လုံခြုံရေး အထူးရဲအင်အား ၄ သောင်းကျော် ခန့်အပ်
========================================

နိုဝင်ဘာ ၈ ရက်နေ့  ကျင်းပယ့် ရွေးကောက်ပွဲအတွက် လုံခြုံရေးယူရာမှာ အရပ်သား တွေကို လစာနဲ့ခေါ်ယူတဲ့ အထူးရဲအင်အား ၄၀၀၀၀ ကျော်ကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခန့်အပ် လိုက်ပါတယ်။

ဒီထဲမှာတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးအလိုက် တိုင်းရင်းသားမျိုးစုံပါဝင်ပြီး၊ သူတို့ကို အောက်တိုဘာ ၂ဝ ရက်ကနေ ၃၁ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တပြိုင်တည်း သင်တန်းပေးသွားမှာဖြစ်ပါတယ်။
အခုနှစ်ဆန်းပိုင်းက လူထုလှုပ်ရှားမှုတွေကို  ရဲတပ်ဖွဲ့နဲ့အတူ “တာဝန်” ဆိုတဲ့ လက်ပတ်နီ ပတ်ထားတဲ့ အရပ်သားတွေပါ အကြမ်းဖက်လူစုခွဲတာ တချို့ရှိခဲ့တာကြောင့် ဒါနဲ့ပတ်သက်လို့ အရပ်သားတွေကို အထူးရဲအဖြစ်ခန့်အပ်တာကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒါပေမယ့် အထူးရဲဟာ လက်ပတ်နီမဟုတ်တဲ့ သာမန်အရပ်သားတွေကိုပဲ ခန့်အပ်တာ ဖြစ်ကြောင်းနဲ့  ပါတီနိုင်ငံရေးလုပ်သူတွေကိုလည်း မခန့်အပ်ထားကြောင်း ရဲတပ်ဖွဲ့က ဆိုထား ပါတယ်။

အထူးရဲတွေဟာ ရဲဝတ်စုံအရောင်အတိုင်း အင်္ကျီနဲ့ ဘောင်းဘီ ဝတ်စုံဝတ်ဆင်ရမှာဖြစ်ပြီး၊ လက်မောင်းတံဆိပ်အထက်မှာတော့ “Special Police” ဆိုတဲ့  အနက်ရောင်စာတန်းအခုံး ပါရှိရမှာပါ။ သူတို့ရဲ့ လစာကတော့ ကျပ် ၁၂ဝဝဝဝ နဲ့  စရိတ် ငွေကျပ် ၃ဝဝဝဝ စုစုပေါင်းငွေကျပ် ၁၅ဝဝဝဝ ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင်  အထူးရဲတွေရဲ့ တာဝန်နဲ့  ဝတ္တရား ၁၂ ချက်ကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတ်မှတ် ထားပြီး အဲဒီ့တာဝန်နဲ့ ဝတ္တရားတွေကို  အိတ်ဆောင်ကတ်အဖြစ် ရိုက်နှိပ်ပြီး တဦးချင်းစီအတွက် ဖြန့်ဝေပေးထားတာဖြစ်ပါတယ်။

By DVB



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: