Sunday, October 18, 2015

ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသော KIA/KIO လက်နက်ကိုင်တပ်ဖွဲ့မှ ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို နေ့စဉ်နှင့်အမျှ ခြောက်လှန့်လျှက်ရှိ


ငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေသော KIA/KIO လက်နက်ကိုင်တပ်ဖွဲ့မှ ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို နေ့စဉ်နှင့်အမျှ ခြောက်လှန့်လျှက်ရှိ
=========================================
17, October, 2015 By Voice Of Kachin

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် နိုင်ငံတော်သမ္မတမှ ဖိတ်ခေါ်ကာ အပစ်အခတ်   ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကြီးကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သောကြောင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင် နယ်မြေဒေသအသီးသီးရှိ ဒေသခံ ပြည်သူများ အောင်ပွဲခံလျှက်ရှိပြီး ကချင်ပြည်နယ်အတွင်းရှိ KIA နှင့် နီးစပ်သောဒေသများမှ ဒေသခံများမှာ ရင်တထိတ်ထိတ်ဖြင့် နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်လျှက်ရှိကြသည်။

မကြာမီ ကျင်းပပြုလုပ်ကြတော့မည့် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ကျေးရွာများတွင် KIA မှဝင်ရောက်နှောင့်ယှက်မည်ကို စိုးရိမ်ပူပန်နေကြသည်။ ကချင်ပြည်နယ် အတွင်းရှိ ရွေးကောက်ပွဲ ပြုလုပ်မည့် မြို့နယ်၊ ကျေးရွာအုပ်စုများသည် KIA ကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြပြီး မဲမပေးနိုင်ပဲ ဖြစ်နေသည်ဟု သိရသည်။

တိုက်ပွဲများဖြစ်ပွားသည်နှင့် KIA မှ ၎င်းတို့နယ်မြေအတွင်းသို့ ဒေသခံများအား အတင်းအဓမ္မ ဆွဲခေါ်တိမ်းရှောင်ခိုင်းပြီး၊ ပြန်လည်စေလွှတ်ပေးခြင်း မရှိသောကြောင့် လူမနေသော ကျေးရွာများ များပြားလျှက်ရှိပြီး လူ့အခွင့်အရေးများစွာ ဆုံးရှုံးနေကြကြောင်း သိရှိရသည်။ လူနေသော ကျေးရွာများကိုလည်း KIA မှ နည်းလမ်းပေါင်းစုံဖြင့် လူသစ်ဆွဲ၊ ဆက်ကြေးတောင်း ဖိနှိပ်မှုအမျိုးမျိုး ပြုလုပ်နေသောကြောင့် ဒေသခံပြည်သူများမှာ ခါးသီးစွာ ခံစားနေကြရပါသည်။
Photos from Kachin Land's post



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: