NLD တွေ အောင်မြင်ဘူးပါသလား
..........................................
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ်ဆိုတော့ စစ်အုပ်စုက NLD ကို ဟ ပေးခဲ့လို့ NLD တွေ ဆူညံပွက်လောရိုက်ပြီး လေကြီးမိုးကြီးတွေ ပြောခဲ့တယ် ။ ဖွဲ.စည်းပုံ အခြေခံ ဥပဒေပြင်မယ်ပေါ့ ။ ခါချဉ်ကောင် မာန်တင်းပေမဲ့ ခါးမသန် တော့ ဘာမှ ဖြစ်မလာဘူးဆိုတာ အချိန်က သက်သေပြသွားတယ် ။
ပုဒ်မ 59 (စ) လုံးပြင်မယ်ဆိုပြီး လော်ဘီလုပ်ကြတာ နောက်နေ့ပဲ စစ်အာဏာရှင်ကို ဖြုတ်ချတော့မလိုလို ၊ ဘာမှ ဖြစ်မလာတော့ ရှက်ရမ်း ရမ်းပြီး ပုဒ်မ 436 ပြင်မယ်ဆိုပြီး အာကျယ်ပြန်ရော ၊ တုပ်တုပ်မျှ မလှုပ် ။
နောက်တော့ လူထု ဆန်ဒ ခံယူမယ်ဆိုပြီး လက်မှတ်တွေ လိုက်ကောက်ပြန်ရော ၊ NLD က ထုတ်ပြန်ချက်အရ လက်မှတ် ၅ သန်းလို့ပြောတယ် ။
တကယ်တော့ ဒီလို လက်မှတ်တွေကောက်တာဟာ ဖွဲ.စည်းပုံ ပြင်ဖို့ အထောက်အကူ မဖြစ်နိုင်မှန်းသိပေမဲ့ ၊ ဒေါ်စုရဲ့ ဖွဲ.စည်းပုံ ပြင်ဖို့ လွတ်တော်ထဲ ဝင်တယ်ဆိုတဲ့ စကားကို ဖာထေးဖို့ အတွက် မိန်းမကျင့် မိန်းကကြံ နဲ့ လုပ်ခဲ့တဲ့ ပြည်သူ နဲ့ အစိုးရ ရန်တိုက်တဲ့ ပွဲ အဖြစ်သာ သမိုင်းတွင် ကျန်ရစ်ခဲ့တယ် ။
အခုလည်း လုပ်နေကြပြန်ပြီ ရွေးကောက်ပွဲ အောင်နိုင်ရေးတဲ့ ဖက်ခွက်စားတွေ ရှေ.တန်းရောက် အာကျယ်နေကြပြန်ရော ။
တိုင်းရင်းသား လွတ်တော် အမတ်နေရာ ၄၀% ရှိတယ် ။ မဲပေးနိုင်သူ ၇၀% ဟာ မဲဆွယ်ဖို့ အလှမ်းဝေးတဲ့ ကျေးလက်တွေမှာ နေတယ် ။ ရခိုင်နဲ့ ကချင်က ဒေါ်စုကို ခါးခါးသည်းသည်း မုန်းတီးနေတယ် ၊ ရှမ်း နဲ့ ချင်းက လူမျိုးရေး စိတ်ဓာတ်ပြင်းထန်တယ် ။
ရပ်ကျေး အုပ်ချုပ်ရေးမှုးတွေဟာ ကြံဖွံ့ သြဇာခံတွေ ။ တချို့ ကျေးလက်နေသူတွေဟာ နိုင်ငံရေး ဘာမှ နားမလည်လို့ ဘယ်သူမှ မမုန်း ၊ ဘယ်သူ့မှ မချစ်ဘူး ။
NLD ရဲ့ လက်တံဟာ ရန်ကုန် ၊ မန်းလေးနဲ့ အချို. မြို.လတ်တွေလောက်မှာပဲ လက်လှမ်းမှီတယ် ။ ဒါတောင် ဒေါ်စု တရားပွဲတွေမှာ လာတဲ့ သူတွေဟာ ကလေးတွေပါ ပေါင်းမှ ထောင် ဂဏာန်းပဲ ရှိတယ် ။ တချို. မြို.တွေဆို ရာ ဂဏန်းပဲ ရှိတယ် ။ အဲ့ဒီထဲမှာ ဒေါ်စုကို မမြင်ဘူးလို့ လာကြည့်တဲ့ သူက တဝက်ကျော်ကျော်ပါမယ် ။
ဖေ့ဘွတ်ပေါ်က အော်နေတဲ့ လော်ဘီတွေကလည်း သူအုပ်စုနဲ့သူ ၊ NLD ကို ထောက်ခံသူ များလာစေမဲ့ အစား ၊ သူတို့ရဲ့ ရန်လိုမှုတွေကြောင့် မုန်းသူတွေသာ ပိုပေါ်လာနိုင်တယ် ။
မိုးဦးကျ ဖားတွေလို အော်စရာတွေ.လို့ အော်နေကြတာ ၊ ခဏနေ အသံတွေ တိတ်ကုန်လိမ့်မယ် ။ နောက်တမျိုး ပြောင်းအော်စရာ ပေါ်လာရင် ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုတာကို မေ့ထားပြီး အသစ်ပြောင်းအော်ကြလိမ့်မယ်။
သူတို့ အော်သမျှ ၊ NLD က လုပ်သမျှတွေ တခုမျှ မအောင်မြင်ခဲ့ဘူးတာကို ကြည့်ရင် ဒီရွေးကောက်ပွဲ အတွက် သေချာတဲ့ ပြင်ဆင်မှု ၊ ရင့်ကျက်တဲ့ အတွေးအခေါ် ၊ ဗျူဟာမြောက် မဲဆွယ်မှုတွေ မရှိဘဲ .......... စစ်အုပ်စုရဲ့ အကြံအစည်ကို မခန့်မှန်းနိုင်သရွေ .......... ဖက်ခွက်စားအော်သံလောက်နဲ့ တော့ 2015 မှာ နိုင်ဖို့ မမျှော်လင့်ပါနဲ့ လို့ အကြံပေးလိုက်ပါရစေ ။
ရဲသူရိန်မင်း
140915
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment