ဒါဖတ်ပြီးမှ NLD အမတ်တွေကို လွှတ်တော်ထဲ နောက်တစ်ကြိမ်ထည့်ဖို့ စဉ်းစားပါ
---------------------------------------------------------------------
၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၂၀ခန့်သာ လိုတော့သည်။ လာမည့် စက်တင်ဘာလ ၈ ရက်မှ စည်းရုံးရေးကာလ သတ်မှတ်မည်ဟု ဆိုသော်လည်းNLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ NLD အား မဲထည့်ရန် ပြောဆိုလျှက်ရှိသည်။ ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ထို့နောက် NLD အမတ်များ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လွှတ်တော်တွင် ကျမ်းသစ္စာကျိန် ဆိုကာ လွှတ်တော်အမတ်လစာ၊ လွှတ်တော်အမတ်အခွင့်အရေးများ အပြည့်ရယူခဲ့ကြသည်။
-
သုံးနှစ်ခွဲအတွင်း NLD အမတ်များ၏ လွှတ်တော်တွင်းလှုပ်ရှားမှုများကို လေ့လာ
ပါက အောက်ပါအတိုင်း တွေ့နိုင် သည်။ NLD အဆိုတင်သွင်းသမျှတွင် အထင်ရှားဆုံး ဥပဒေမှာ "တရားဝင်ပြည့်တန်ဆာဥပဒေ” ပြဌာန်းပေးရေးဖြစ်သည်။ ဒေါ်စန္ဒာမင်းက အဆိုတင်သွင်းခဲ့သည်။ ဒုတိယ ဆွေးနွေးခဲ့သည့် ဥပဒေမှာ "တပ်မတော်နေ့အား တော်လှန်ရေးနေ့အဖြစ် ပြောင်း
လဲသတ်မှတ်ရေး” အဆိုဖြစ်သည်။ တတိယတစ်ခုကတော့ "တောင်သူလယ်သမားနေ့အား လယ်သမားများမှ သတ်မှတ်ပေးရန်" အဆိုဖြစ်သည်။ စတုတ္ထတစ်ခုမှာ "ကျောင်းဆရာ၊ ဆရာမ ဆိုသည့် အမည်နာမအစား ပညာသင်ကြား ပို့ချသူဟု ပြောင်းလဲခေါ်ဆိုရေး” ဆွေးနွေးမှုဖြစ်သည်။ ပဉ္စမမြောက်ဆွေးနွေးမှုမှာ NLD အမတ် ဦးဖြိုးဇေယျာသော်၏ “သမဂ္ဂအသုံးအနှုံးမသုံး
ရေး” ဆွေးနွေးမှုဖြစ်သည်။ ဆဋ္ဌမမြောက်အဆိုကတော့ NLD CEC ဦးဝင်းထိန်၏ "လွှတ်တော်ထဲ ခေါင်းပေါင်းချွတ်ခွင့်ပြုရေး" အဆိုပင်ဖြစ်သည်။ အဆိုအားလုံး နှင့် ဆွေးနွေး
မှုအားလုံးသည် မြန်မာပြည်သူများ၏ လက်တလောလိုအပ်ချက်နှင့် ရောင်ပြန်ဟပ်မှုမရှိ။
-
လက်ရှိမြန်မာပြည်သူများအတွက် စား၊ ဝတ်၊ နေ ရေးပြဿနာ၊ တောင်သူလယ်သမားတို့၏ အခက်အခဲများ၊ အလုပ်သမားတို့၏ အခက်အခဲများ၊ ပြည်သူတို့၏ ကျန်းမာရေး၊ ပညာရေး အခက်အခဲများကို NLD အမတ်များ ဆွေးနွေးနိုင် သည့် အရည်အချင်းမရှိပေ။ ဥပဒေကျွမ်းကျင်သူမရှိ၊ နိုင်ငံရေး
နားလည်သူမတွေ့ရပါ။ အစိုးရကို ဝေဖန်နိုင်ရုံဖြင့် လွှတ်တော် အမတ်ဖြစ်ဖို့ အရည်အချင်းရှိသည်ဟု မှတ်ယူထားဟန်ရှိသည်။
-
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပင် ရှိပြီးသား "နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဥပဒေ” ကို မရှိသေး ဟုဆိုကာ အမြန်ပြဋ္ဌာန်းရန် ဆွေးနွေးခဲ့ဖူးသည်။ ၂၀၁၂ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကတိပေးကာ မဲတောင်း ခဲ့ပြီးမှ ၎င်းတို့ကတိကို လက်မှတ်ကောက်ခြင်းဖြင့် သင်ပုန်းခြေခဲ့သည်။ လက်မှတ်များမှာလည်း အဟောသိကံဖြစ်ခဲ့ရသည်။ သုံးနှစ်ခွဲအတွင်း လွှတ်တော်ထဲတွင် လုပ်ဆောင်ခဲ့သည့် ရလဒ်ဟူ၍ လောက်လောက်လားလားပြစရာမရှိ။ အချို့ NLD အမတ်များမှာ ရှိလို့ရှိမှန်းမသိအောင် ပျောက်နေကြသည်။ အမတ်အားလုံးတွင် ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်အရည် အချင်း၊ ခိုင်မာပြတ်သားသည့်မူဝါဒမရှိ၊ ယခင်က အတိတ်ဟောင်းကိုသာ၊ ပုတ်ခတ်ဆွေးနွေးမှုသာ အားသန်သည်။ ယခု အချိန်တွင်လည်း ပါတီက ဒီမိုကရေစီဘက်တော်သားဟု ရဲရဲတောက် သုံးစွဲနေသော်လည်း ဒေါ်စုရဲ့ ဗဟိုဦးစီးစနစ်ဖြင့် အဆင်ပြေသလို လှုပ်ရှားမှုသာတွေ့ရသည်။ ဤသို့သော အမတ်များကို နောက်တစ်ကြိမ် မည်သို့ရွေးချယ်မည်နည်း။ အထူး သဖြင့် ဒေါ်စုကလည်း သူ့အမတ်လောင်းတွေရဲ့ အရည်အချင်းကို ရိပ်စားမိလို့လား မသိပါ၊ လူကိုမကြည့်ဘဲ မဲပေးရန် ဥက္ကဋ္ဌကိုယ်တိုင်က ပြောဆိုထားတာ အများအသိဖြစ်သည်။ ဤအချက်ကို စဉ်းစားဖို့လိုပေသည်။ မှားယွင်းရွေးချယ်မိပါက ပြည်သူက လွှတ်တော်အမတ်အား ဖြုတ်ချခွင့်မရှိသလို နောက် ငါးနှစ်ကြာချိန် ၂၀၂၀ မှသာ ပြန်ရွေးရမည်ဖြစ် သည်။ ဒါ့ကြောင့်မိမိရဲ့ တန်ဖိုးရှိသည့် အသည်းကြားက မဲတစ်ပြားအတွက် မရွေးချယ်မီ အသေအချာ စဉ်းစားဖို့ လိုပေသည်။
-
Post by...ဒေါက်တာမျိုးချစ်
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment