Tuesday, October 6, 2015

NLDပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို စကားစစ်ထိုးဖို့ စိန်ခေါ်ပါတယ်။

ကျွန်တော့်နာမည် ဦးသန့်ဇင်ပါ
NLDပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို
စကားစစ်ထိုးဖို့ စိန်ခေါ်ပါတယ်။

၁။မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ဖို့
အနောက်နိုင်ငံတွေကို ဘာကြောင့်
တိုက်တွန်းတောင်းဆိုတာလဲ?
ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းစေချင်လို့လား?

၂။အကယ်၍ ၂၀၁၅ရွေးကောက်ပွဲနိုင်လို့
အစိုးရဖွဲ့ခွင့်ရခဲ့ရင်
၁၉၈၂ခုနှစ်မြန်မာနိုင်ငံသားဥပဒေကို
နိုင်ငံတကာလူ့အခွင့်အရေးစံညွှန်းနဲ့အညီ
ပြန်လည်ပြင်ဆင်ပြီး ရိုဟင်ဂျာဆိုသူတွေကို နိုင်ငံသားမပေးပါဘူးလို့
လူသိရှင်ကြားကြေငြာရဲပါသလား?

၃။NLDပါတီကိုယ်စားလှယ် ၄၀ဦးလွှတ်တော်ထဲရောက်ပြီး
ယခုအချိန်အထိ ပြည်သူ့အကျိုးပြုဥပဒေ
ဘယ်နှစ်ခု ရေးဆွဲတင်ပြနိုင်ခဲ့ပါလဲ?

၎။မျိုးစောင့်ဥပဒေကို ဘာကြောင့်ကန့်ကွက်ခဲ့ပါသလဲ?
ကိုယ်တိုင်ရော အမျိုးစောင့်ခဲ့ပါသလား?

၅။မတရားအသင်းတစ်သင်းဖြစ်တဲ့
KIAဗိုလ်လောင်း၂၀ကျော်သေတာနဲ့ပတ်သက်ပြီး
NLDပါတီအနေနဲ့ ဝမ်းနည်းကြောင်းနဲ့တပ်မတော်ကို
ဖြေရှင်းချက်တောင်းတာ
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၀)။ပုဒ်မ၄၀၇(က)(ခ)တွေနဲ့ငြိစွန်းလျှင်
နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတာကို သိပါသလား?

၆။မြန်မာ့တပ်မတော်သားတွေ နိုင်ငံတော်နဲ့ပြည်သူတွေရဲ့
အသက်စည်းစိမ်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ရင်းကျဆုံးခဲ့ရတဲ့
တပ်မတော်သားတွေနဲ့ပတ်သက်ပြီး
ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားဖူးပါသလား?

၇။အထက်ပါပုဒ်မ၄၀၇(ဂ)တွင် နိုင်ငံခြားတိုင်ပြည်တစ်ခုခုမှ
အစိုးရ သို့ ဘာသာရေးအဖွဲ့အစည်း သို့
အခြားအဖွဲ့အစည်းတစ်ခုခု သို့ ပုဂ္ဂိုလ်တစ်ဦးဦးထံမှ
ငွေကြေး ပစ္စည်း အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ
သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲလျှင်
တရားပါတီအဖြစ် ရပ်တည်ခွင့်မရှိစေရဆိုသည်ကို
သိပါသလား?

၈။ဗြိတိသျှသံရုံးမှ ခွင့်ယူထားသော
သံအရာရှိMr.Fisherကို NLDပါတီရဲ့
အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်ထားတယ်ဆိုတာ ဟုတ်ပါသလား?

၉။ဒေါ်စုကြည် အိမ်ရှေ့သံတံခါးကြီးကို
ကျပ်သိန်း၆၀၀၀နဲ့ဘယ်သူလေလံဆွဲသွားပါသလဲ?

၁၀။NLDပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းဟာ
ဘယ်လုပ်ငန်းကရရှိတဲ့ဝင်ငွေနဲ့ နေထိုင်စားသောက်နေပါသလဲ?

ကျေးဇူးပြုပြီး ပြည်သူတွေအားလုံးသိအောင်ဖြေပေးပါ။

Aung Aung Aung



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: