NLD ပါတီ အစိုးရဖြစ်ပါက မြစ်ဆုံစီမံကိန်းကို ပထမဆုံး ကိုင်တွယ်ဖြေရှင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
---------------------------------
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီး အစိုးရဖြစ်ပါက မြစ်ဆုံရေကာတာ စီမံကိန်းကို ပထမဆုံး ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာလ ၂ ရက်) နံနက် ၁၀ နာရီခွဲခန့်က ကချင်ရိုးရာ ဘက်စုံ အားကစားကွင်း၌ ပြုလုပ်သည့် မြစ်ကြီးနားလူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“NLD အစိုးရတက်ရင် မြစ်ဆုံစီမံကိန်းကို ပထမဆုံး ဖြေရှင်းသွားမယ်။ အစိုးရက ဘယ်လိုတွေ စာချုပ်စီမံကိန်းတွေ လုပ်ထားတယ်ဆိုတာ ပြည်သူတွေကို ချပြသွားမယ်။ ပြီးတော့ တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း ပေးမယ်” ဟု ၎င်းက ဆိုသည်။
ထို့အတူ ကချင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းများကို မဲထည့်ရေးနှင့် ပတ်သက်ပြီး ခြိမ်းခြောက် ပြောဆိုမှုများသည် တရားဥပဒေနည်းလမ်း မကျကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့်လည်း မိမိရွေးချယ်ပိုင်ခွင့်ကို အရယူထားရန် တိုက်တွန်းပြောဆိုသည်။
ထို့အပြင် အစိုးရ၊ ပါတီ များအနေဖြင့် ပြည်သူလူထုအပေါ် အမျိုးမျိုးမဲဆွယ်မှုများ လုပ်နေသော်လည်း ပြည်သူများအနေဖြင့် အလွယ်တကူ မယုံကြည်သင့်ဘဲ မိမိ စိတ်တိုင်းကျ အစိုးရကို ရွေးချယ်တင်မြောက်ရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
လာမည့်ကာလတွင် ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်ပေးနိုင်သော အစိုးရနှင့် ပြည်သူများ၏ အလုပ်အကိုင်ခွင့်လမ်းများကို ပြန်လည် ဖေါ်ဆောင်ပေးမည့် အစိုးရကိုသာလျှင် မဲထည့်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ NLD ပါတီ အစိုးရဖြစ်ပါက မြစ်ဆုံစီမံကိန်းကို ပထမဆုံး ကိုင်တွယ်ဖြေရှင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
---------------------------------
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီး အစိုးရဖြစ်ပါက မြစ်ဆုံရေကာတာ စီမံကိန်းကို ပထမဆုံး ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ယနေ့ (အောက်တိုဘာလ ၂ ရက်) နံနက် ၁၀ နာရီခွဲခန့်က ကချင်ရိုးရာ ဘက်စုံ အားကစားကွင်း၌ ပြုလုပ်သည့် မြစ်ကြီးနားလူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“NLD အစိုးရတက်ရင် မြစ်ဆုံစီမံကိန်းကို ပထမဆုံး ဖြေရှင်းသွားမယ်။ အစိုးရက ဘယ်လိုတွေ စာချုပ်စီမံကိန်းတွေ လုပ်ထားတယ်ဆိုတာ ပြည်သူတွေကို ချပြသွားမယ်။ ပြီးတော့ တိုင်းရင်းသားတွေ ဖက်ဒရယ်ပြည်ထောင်စုကိုလည်း ပေးမယ်” ဟု ၎င်းက ဆိုသည်။
ထို့အတူ ကချင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းများကို မဲထည့်ရေးနှင့် ပတ်သက်ပြီး ခြိမ်းခြောက် ပြောဆိုမှုများသည် တရားဥပဒေနည်းလမ်း မကျကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့်လည်း မိမိရွေးချယ်ပိုင်ခွင့်ကို အရယူထားရန် တိုက်တွန်းပြောဆိုသည်။
ထို့အပြင် အစိုးရ၊ ပါတီ များအနေဖြင့် ပြည်သူလူထုအပေါ် အမျိုးမျိုးမဲဆွယ်မှုများ လုပ်နေသော်လည်း ပြည်သူများအနေဖြင့် အလွယ်တကူ မယုံကြည်သင့်ဘဲ မိမိ စိတ်တိုင်းကျ အစိုးရကို ရွေးချယ်တင်မြောက်ရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။
လာမည့်ကာလတွင် ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်ပေးနိုင်သော အစိုးရနှင့် ပြည်သူများ၏ အလုပ်အကိုင်ခွင့်လမ်းများကို ပြန်လည် ဖေါ်ဆောင်ပေးမည့် အစိုးရကိုသာလျှင် မဲထည့်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, October 2, 2015
NLD ပါတီ အစိုးရဖြစ်ပါက မြစ်ဆုံစီမံကိန်းကို ပထမဆုံး ကိုင်တွယ်ဖြေရှင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို ---------------------------------
Subscribe to:
Post Comments (Atom)
No comments:
Post a Comment