NLD ကိုဝေဖန်သူများသည် “အမျိုးသားရေးတဇောက်ကန်းများ” ဟု NLD ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဆို
ရခိုင်ပြည်နယ်တွင် အမျိုးသားရေးကိစ္စကြောင့် NLD ကိုအမြင်မကြည်မလင်ဖြစ်ပြီးစာနှင့်သော်လည်းကောင်း၊ အင်တာနတ် Facebook နှင့်သော်လည်းကောင်းပြောဆိုဝေဖန်သူများသည် အမျိုးသားရေးတဇောက်ကန်း သမားများဖြစ်ကြောင်း NLDပါတီ၏စစ်တွေခရိုင်ဥက္ကဌစစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသင်္ခါကျော် က ဧရာဝတီသတင်းဌာနနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် NLD ပါတီဆိုင်းဘုတ်များဖျက်ဆီးခံရမှု၊ NLD ပါတီအပေါ် ဆန့်ကျင်မှု စသည်တို့နှင့် ပတ်သက်၍ “ကျနော်တို့ကိုစာနဲ့သော်လည်းကောင်း၊ အင်တာနက် Facebook နဲ့သော်လည်းကောင်းပြောဆို ဝေဖန်တာတော့ ရှိခဲ့တယ်။ သို့သော်လည်း ကြီးမားတဲ့ ပြဿနာတွေ ဖြစ်ခဲ့တာတော့ မရှိခဲ့ပါဘူး။ ဒီလောက်ပါပဲ။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှာတော့ စစ်တွေမှာအဲဒီလိုမျိုးပြောဆိုမှုတွေ သိပ်မရှိတော့ဘူး။ နည်းလာပြီပေါ့။ အမြင် ကြည်လင် လာကြတယ်။ သဘောပေါက်နားလည်လာကြတယ်ပေါ့။ လူထုအများစုကလေ။ တချို့ကလည်းရှိနိုင်သေးတယ်။ အမြင်မကြည်လင်သေးတဲ့ အမျိုးသားရေးတဇောက်ကန်းသမားတွေကလည်းရှိဦးမယ် လို့တော့ ထင်ပါတယ်”ဟု ဦးသင်္ခါကျော်ကပြောခဲ့ခြင်း ဖြစ်သည်။
ဦးသင်္ခါကျော်၏ ပြောကြားချက်မှာ အမျိုးသားရေးသမားများကို စော်ကားလိုက်ခြင်းဖြစ်သည်ဟု စစ်တွေမြို့မှ အမျိုးသားရေးတက်ကြွသူတစ်ဦးဖြစ်သူ ကိုဦးကျော်နိုင် က ဆိုသည်။
“NLD ကိုဝေဖန်တာနဲ့ တဇောက်ကန်းတွေဆိုတာကတော့ တော်တော်လွန်သွားပြီ။ ၂၀၁၂ ရခိုင်အရေးအခင်းဖြစ်တဲ့ အချိန်မှာဒေါ်အောင်ဆန်းစုကြည်ဘာပြောခဲ့သလဲ။ ကုလား ၉၅ % ရှိတဲ့ မောင်တောမှာ ကျွန်တော်တို့ ရခိုင်တွေ အများကြီး အသတ်ခံရတဲ့အချိန်မှာ လူနည်းစုဘင်ဂါလီတွေကိုညှာတာပါဆိုတဲ့ စကားကို ကျွန်တော့်တစ်သက် မမေ့နိုင်ဘူး။ သီတာထွေးအသတ်ခံရချိန်မှာအသံတစ်ချက်မထွက်၊ မိတ္ထီလာမှာဘုန်းတော်ကြီး ဦးသောဘိတ ရက်ရက်စက်စက်ခေါင်းဖြတ်အသတ်ခံရချိန်မှာ အသံတစ်ချက်မထွက်ခဲ့တဲ့သူတွေက ကျွန်တော်တို့ကို တဇောက်ကန်းတွေတဲ့လား။ ဒီလိုမျိုး ဝံသာနုရိက္ခတစိတ်မရှိတဲ့သူ ကျွန်တော်တို့ရခိုင်မှာ ဘယ်တော့မှ အမတ်မဖြစ်စေရဘူး”ဟု ၄င်းက ပြောကြားသည်။
ရခိုင်ပြည်နယ် အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး ဗဟိုအဖွဲ့ဝင် ဆရာတော် တစ်ပါးက “NLD ပါတီကတော့ တော်တော်ကိုလွန်လွန်းနေပြီ။ သံဃာနဲ့ သာသနာကိုစော်ကားတာ NLD ပါတီတစ်ပါတီတည်းပဲ။ ပါတီပေါင်း ၉၀ ကျော်မှာNLD ပါတီတစ်ခုပဲဒီလိုစော်ကားနေတာ။ မဲရဖို့ မပြောနဲ့ ဒေါ်စုကြည် ရခိုင်ပြည်နယ် လာရင်ကိုတွေ့ပါလိမ့်မယ်” ဟုမိန့်ကြားသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment