Saturday, October 24, 2015

ကချင်လူမျိုး စင်ကာပူနိုင်ငံသူ Miss Word Singapore 2015 ဆုရ --------------------------

ကချင်လူမျိုး စင်ကာပူနိုင်ငံသူ Miss Word Singapore 2015 ဆုရ
--------------------------

ရန်ကုန်၊ အောက်တိုဘာ ၂၃

စင်ကာပူနိုင်ငံသူ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကြသည့် Miss Word Singapore 2015 ပြိုင်ပွဲတွင် စင်ကာပူနိုင်ငံသူ ကချင်လူမျိုး Miss Charity Maru ခေါ် Charity Lu Lu Seng က ဆုရရှိသွားကြောင်း Miss Singapore Word ၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ အောက်တိုဘာလ ၂၂ ရက်နေ့က ဖော်ပြထားသည်။

ယင်းကဲ့သို့ Miss Word Singapore 2015 ဆု ရရှိခဲ့သည့်အတွက် ၎င်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ကျွန်းတွင် ကျင်းပမည့် Miss Word 2015 ပြိုင်ပွဲတွင် စင်ကာပူနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Miss Word ပြိုင်ပွဲတွင် ကချင်လူမျိုးတစ်ယောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခြင်းမှာ ယခုအကြိမ်မှာ ပထမဦးဆုံးဖြစ်ပြီး ၎င်းသည် ငယ်စဉ်ကတည်းက စင်ကာပူနိုင်ငံသား အဖြစ် ခံယူထားခြင်း ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် The New Paper အွန်လိုင်းသတင်းစာသို့ Ms. Charity Lu Lu Seng က ဖြေကြားသည်။
“ကျွန်မ ရည်မှန်းချက်တစ်ခုက Miss Word Singapore တစ်ယောက် အနေနဲ့ ကချင်လူမျိုးတွေရဲ့ အကြောင်းကို ကမ္ဘာကြီးနဲ့ မိတ်ဆက်ပေးချင်တာပါ” ဟု အသက် ၂၄ နှစ် အရွယ်ရှိပြီ ဖြစ်သော ၎င်းက ဆိုသည်။

သို့ရာတွင် Ms. Charity Lu Lu Seng သည် စင်ကာပူနိုင်ငံ ကိုယ်စားပြု၍ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည့်သူ မဟုတ်ကြောင်း အွန်လိုင်းပေါ်တွင် အပြင်းအထန် ဝေဖန်မှုများ ခံနေရသည်။

“ကျွန်မ ကချင်လူမျိုး ဖြစ်ရတာကို ဂုဏ်ယူတယ်။ ပြီးတော့ စင်ကာပူနိုင်ငံကိုလည်း ချစ်တယ်။ ဒီပြိုင်ပွဲ ဝင်ပြိုင်ဖို့ ဘာကြောင့် အကောင်းဆုံး လူမဟုတ်ဘူးလို့ ပြောသလဲ ကျွန်မ မသိဘူး” ဟု Ms. Charity Lu Lu Seng က The New Paper သို့ ဖြေကြားထားသည်။

၎င်းသည် အသက် ၁၂ နှစ် အရွယ်ကတည်းက မိဘများနှင့်အတူ စင်ကာပူနိုင်ငံတွင် အခြေချနေထိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏ ပန်းရောင်နိုင်ငံသား မှတ်ပုံတင်ကတ် ကိုင်ဆောင်ခွင့် ရရှိထားသူ ဖြစ်သည်။



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: