KIA မှ ပစ်လိုက်သော အမြှောက်ကျည်စံထိမှန်ထားကာ ဒဏ်ရာရ
ခဲ့သည့် တောင်လိန်ကျေးရွာကနှစ်နှစ်သားအရွယ် မောင်ခိုင်နှင်ဦး
ဗန်မော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သူ၏ မိခင်မှ
စိတ်မကောင်းကြီးစွာဖြင့် သူတို့ လူမျိုးများ၏ စတေးခံဘဝတွေကို ပုံဖော်ပြခဲ့ပါတယ်
" ကျွန်မတို့  ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြားအသက်ရှင်ခဲ့ရတာ
နှစ်အတော်ကြာခဲ့ပါပြီ..အခုချိန်ထိလဲ မငြိမ်းချမ်းသေးပါဘူး.
ကချင်တပ်တွေကတော့ ကချင်လူထုကောင်းစားရေး ဆိုပြီး
သေနတ်တွေကိုင် တိုက်ပွဲဝင်နေပေမယ့် ကျွန်မတို့ ကချင် လူမျိုးတွေနဲ့ 
ကချင်ပြည်နယ်ကြီးရဲ့ လူနေမှုဘဝတွေကတော့ မတိုးတက်ပဲ ပိုပို ပြီး ဆုတ်ယုတ်နေတယ်
ကျွန်မတို့ ဘဝက အကြောက်တရားနဲ့ ရှင်သန်နေရတဲ့ ခဲမှန်ဘူးတဲ့ စာသူငယ်လို့ ဖြစ်နေပြီ
ကျွန်မတို့  ကချင် လူငယ်တွေဆိုလဲ ဆေးသမားတွေ က ပိုပိုများလာတယ်
ကချင် ပြည်နယ်လွတ်မြောက်ရေးကို ဗန်းပြပြီး လူသစ်စုတယ်
အမှန်ပြောရရင်တော့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာ
မိန်းကလေး /ယောက်ကျားလေး မရွေးပါဘူး..
ကချင်လူထုကောင်းစားရေးဆိုပြီး တစ်ဖွဖွပြောနေပေမယ့်
ကောင်းစားတာကတော့ ကချင်တပ်မတော်က လူကြီးပိုင်းတွေပါပဲ
နောက်ပြီး ကချင်လူထုကောင်းစားဖို့ ဆိုရင် ဘာကြောင့်
ကချင်လူမျိုးတွေ နဲ့ အခြားတိုင်းရင်းသားတွေ နေထိုင်တဲ့ ရွာတွေမှာ
ဆက်ကြေးလိုက်ကောက်နေလဲ ..
လတိုင်း လတိုင်း သူတို့ ရှိတဲ့ နေရာတိုင်းက ရွာတွေ သူတို့ ကို
ဆက်ကြေးပေးနေရတယ် ..တစ်အိမ်ထောင်ကို ဆန် (၄)ပြည်နဲ့ 
ငွေ(၂၀၀၀၀)ပေးရတယ်
တစ်ချို့ ရွာတွေဆို ဘေးနားမှာ တပ်ရှိတယ်
ဒါပေမယ့် မပြောရဲကြဘူး..
သူတို့ ကလာရင်လဲ အရပ်ဝတ်တွေနဲ့ လာတယ်..
ုပြီးရင် လွယ်အိတ်တွေထဲမှာ သေနတ်တွေထည့်လာတယ်
တကယ်လို့  ကချင်တပ်တွေ ဆက်ကြေးကောက်သွားတယ်လို့ 
သတင်းပေါက်ကြားသွားရင်လဲ သူတို့ သံသယရှိတဲ့ သူကို ဖမ်းပြီး
သတ်ပစ်တာ ..အဲ့လိုဆိုတော့ ကချင်လူမျိုးတွေနဲ့ အခြားတိုင်းရင်းသားတွေကလဲ
နီးရာတုတ်ကို ကြောက်နေရတယ် ..
ကျွန်မတို့ ကချင်လူမျိုးတွေက လက်မခံနိုင်တော့ပါဘူး..
ဒါပေမယ့် အကြောက်တရားက ကြီးစိုးနေတဲ့ အတွက်
မချစ်သော်လဲ အောင့်ကာနမ်းနေရတဲ့ အဖြစ်မျိုး နဲ့ နေနေရတယ်..
မဆိုးဆုံးကတော့ ကျွန်မတို့ လို အရပ်သားတွေ
သေနတ်ကျည်ဆံတွေကြောင့်၊ ထောင်ထားတဲ့မိုင်းတွေကြောင့်
အခုလို တွေ ဆေးရုံရောက်ရောက်နေကြရတာပါပဲ..
ကျွန်မတို့ လဲ အရင်တုန်းက ကချင်တပ်မတော်ကြီးကို
တစ်ခဲနက်ထောက်ခံအားပေးခဲ့ကြပါတယ် ..
ဒါပေမယ့် သူတို့ ရဲ့ လုပ်ရပ်တွေက ကိုယ်လူမျိုးတွေကိုတောင် မညှာပဲ
သူတို့ ကောင်းစားဖို့ ပဲ လုပ်နေတာတွေမြင်လာရတော့
အားလုံးက ရွံကြောက်ကြီးတွေ ဖြစ်နေကြပါပြီ..
အမြန်ဆုံး စစ်ပွဲတွေ အပြီးသတ်နိုင်ပါစေလို့  ဘုရားသခင်ဆီမှာ
ကျွန်မ နေ့ တိုင်း ဆုတောင်းပါတယ်.."
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment