Tuesday, October 6, 2015

ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများ ပြန်လည်ပြဌာန်းနိုင်ရေးဆောင်ရွက်ရန်နှင့် အမျိုးသားရေးကိစ္စများ တွင် သံဃာတော်များ မျက်စိကျယ်ကျယ်၊ နားကျယ်ကျယ်ဖွင့်၍ အနာဂတ် ကို အရှည်မျှော်ကာ သတိရှိရှိနဲ့ စောင့်ကြည့်ကြရန် သီတဂူ ဆရာတော်ကြီး တိုက်တွန်း

ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများ ပြန်လည်ပြဌာန်းနိုင်ရေးဆောင်ရွက်ရန်နှင့် အမျိုးသားရေးကိစ္စများ တွင် သံဃာတော်များ မျက်စိကျယ်ကျယ်၊ နားကျယ်ကျယ်ဖွင့်၍ အနာဂတ် ကို အရှည်မျှော်ကာ သတိရှိရှိနဲ့ စောင့်ကြည့်ကြရန် သီတဂူ ဆရာတော်ကြီး တိုက်တွန်း

အောက်တိုဘာလ ၄ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သော အမျိုးစောင့် ဥပဒေ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနား တွင် သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿ ရ က ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများ ပြန်လည်ပြဌာန်းနိုင်ရေးဆောင်ရွက်ရန်နှင့် အမျိုးသားရေးကိစ္စ များတွင် သံဃာတော်များ မျက်စိကျယ်ကျယ်၊ နားကျယ်ကျယ် ဖွင့်၍ အနာဂတ် ကို အရှည်မျှော်ကာ သတိရှိရှိနဲ့ စောင့်ကြည့်ကြရန် တိုက်တွန်းမိန့်ကြားခဲ့သည်။

သီတဂူဆရာတော်က “၁၉၅၃-၅၄ ဆဋ္ဌသင်္ဂါယနာတင် ပွဲကြီးဆင်နွှဲတဲ့ခေတ် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ အက်ဥပဒေကို ပါလီမန်မှာ ပြဋ္ဌာန်းထားတယ်။ ဒီကနေ့ရှိသေးလား။ မရှိတော့ဘူး။ ပါဠိတက္ကသိုလ်အက်ဥပဒေ၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲနဲ့ တစ်ပြိုင်တည်း ပြဋ္ဌာန်းခဲ့တာတွေဒီကနေ့ရှိသေးလား။ မရှိတော့ဘူး။ ပါဠိပထမပြန်အက်ဥပဒေ မရှိတော့ဘူး။ အဲဒါကြောင့်ရှိပြီးသားတွေဖြစ်ပြီးသားတွေ အကုန်လုံး ပျောက်ကွယ် ကုန်ပြီ။ ဒီကနေ့ ဒီနေရာ မှာ ဘုရားတပည့်တော် လျှောက်ချင်တာက ကြွရောက်တော် မူလာကြတဲ့ သံဃာတော် အပါး၂၅၀၀ အင်းစိန် ဆရာတော်ဘုရားဦးစီးတဲ့ သံဃာ တော် များဖြစ်ပေါ်ပြီးသော ၊ ပျောက်ကွယ်ကုန်ပြီးသော ဥစ္စာတွေကိုလဲ ပြန်လည်ပေါ်ပေါက်လာအောင်ကြိုးစားတော်မူကြပါဦးဆိုတာ တပည့်တော်ဒီနေ့ အလေးအနက် တောင်းပန်ပါတယ်။ တောင်းဆိုပါတယ်။ဗုဒ္ဓသာသနာအဖွဲ့အက် ဥပဒေ၊ ပါဠိတက္ကသိုလ် အက်ဥပဒေ၊ ပါဠိပထမပြန်အက်ဥပဒေ၊ တိပိဋကဓရ ရွေးချယ်ရေးအက်ဥပဒေအကုန်လုံးမရှိတော့ဘူး။ အမျိုး ရော၊ ဘာသာရော၊ သာသနာကိုရော စောင့်ရှောက်ဖို့ ဆိုရင် ဒါတွေအားလုံးပြန်လည်ပြဋ္ဌာန်း ပေးရမယ်” ဟု မိန့်ကြားခဲ့သည်။

သံဃာတော်များအနေဖြင့် သာသနာရေးအပြင် လူမှုရေးကိုပါတွဲလုပ်နိုင်မှ အမျိုး ဘာသာ သာသနာကို စောင့်ရှောက် နိုင်မည်ဖြစ်ကြောင်းကိုလည်း “ဒီလိုအလုပ် တွေလုပ်နေတာဟာ သံဃာတော်အရှင်မြတ်တွေ နိုင်ငံ ရေးလုပ်သလားလို့ မေးစရာရှိပါတယ်။ တပည့်တော်လျှောက် ထားချင်တာကတော့ သာသနာရေးနဲ့ လူမှုရေးကို သံ ဃာတော်များ အင်တိုက်အားတိုက်။ ဆရာတော်၊ သံဃာ တော်များ အင်တိုက်အား တိုက်ဆောင်ရွက်တော်မူကြပါ။ ဒီကနေ့ ဒီနိုင်ငံတော်ရဲ့ အခြေအနေဟာ ဒီနှစ်ခုကို တွဲလုပ်နိုင်မှ အမျိုးကိုလဲစောင့်ရှောက်နိုင်မယ်။ ဘာသာကို လဲ စောင့်ရှောက်နိုင်မယ်။ သာသနာကိုလဲ စောင့်ရှောက် နိုင်မယ်။ ပရိယတ်၊ ပါဋိပတ် တစ်ခုတည်းကို ချည်း ဖိပြီး တော့၊ တန်းပြီးတော့၊ စွတ်ပြီးတော့လုပ်နေလို့ရှိရင် လူမှုရေးကျန်နေခဲ့ရင် တပည့်တော်တို့ အမျိုးသား၊ အမျိုးသမီးတွေဆုံး ရှုံးလိမ့်မယ်။ လူမှုရေးချည်းဖိလုပ်ပြီး ဘာသာရေး၊ သာသနာရေးမပါရင်လဲဘဲ အဲဒါလဲ ကြာရင် ဆုံးရှုံးသွားတတ်တယ်” ဟု မိန့်ကြားခဲ့သည်။

ဘာသာ၊ သာသနာကို ထိခိုက်စေသော နိုင်ငံရေးအယူဝါဒများအန္တရာယ်ကိုလည်း သတိပြုကြရန် ရုရှားတွင် ကွန်မြူနစ်များက ဘာသာတရားကို ဖျက်ဆီးကြပုံနှင့် ကွန်မြူနစ် ဝါဒကို ကာကွယ်ရန် အနောက်နိုင်ငံများတွင် ခရစ်ယာန်ဒီမိုကရက်ပါတီများထူထောင်ပြီး ကာကွယ်ခဲ့သည့်အတွက် အနောက်ဥရောပနိုင်ငံများကို ကွန်မြူနစ်ဝါဒ မဝင်နိုင်ခဲ့ကြောင်း ဥပမာပေးမိန့်ကြားခဲ့ပြီး တစ်နိုင်ငံလုံးကိစ္စ တစ်မျိုးသားလုံးကိစ္စ၊ အမျိုးသား ရေးကိစ္စများတွင် သံဃာတော်အရှင်မြတများ မျက်စိကျယ်ကျယ်၊ နားကျယ်ကျယ်ဖွင့်၍ အနာဂတ် ကို အရှည်မျှော်ကာ သတိရှိရှိနဲ့ စောင့်ကြည့်တော်မူကြရန် မိန့်ကြားခဲ့သည်။

“၁၉၁ရ ခုနှစ် အောက်တိုဘာလ မှာ လီနင်တို့ ကွန်မြူနစ်ဝါဒကိုကြိုက်ပြီးတော့ တိုင်းပြည်မှာ ကွန်မြူနစ်ဝါဒ ထူထောင်၊ ကွန်မြူနစ် ပါတီထူထောင်ပြီးတော့ ဘုရင်တွေ ကို အကုန်လုံးဖြုတ်ချတယ်။ ဇာ ဘုရင်နဲ့တကွ နန်းတွင်းသူ၊ နန်းတွင်း သားအားလုံး အသတ်ခံရတယ်။ အလွန်ဘာသာရေးမြတ်နိုး တဲ့ ရှေးဟောင်း ရုရှားတွေ ခရစ်ယာန်ဘုန်းတော်ကြီးတွေ အားလုံး အသတ် ခံရတယ်။ အဲဒီရွှေဘုရားကျောင်းကြီးတွေက ရွှေတွေကို လီနင်တို့အဖွဲ့က အကုန်လုံးခွာယူသွား ကြတယ်။ တပည့် တော်တို့ရဲ့ ရွှေတိဂုံကို သခင်စိုးဘာပြောဖူးလဲ။ အားလုံး လဲသတိရပါ။အဲဒီတော့ ရုရှားပြည်မှာ တော်လှန်ရေးကြီးဖြစ်ပြီ မြေရှင်တွေ၊ အာဏာရှင်တွေ ကို ကွန်မြူနစ်တွေက အ ကုန်လုံး တိုက်ဖျက်ချေမှုန်း၊ ဘာသာရေးအဖွဲ့ အစည်းတွေ ကို ချေမှုန်းလိုက်တော့ လီနင်ရဲ့ကွန်မြူနစ်ပါတီကြီး က တဖြည်းဖြည်းနဲ့ ဥရောပထဲကိုစိမ့်ဝင်ပြီးတော့ ဟန် ဂေရီတို့၊ ဘူဂေးရီးယားတို့၊ ရိုမေးနီးယားတို့၊ ပိုလန်တို့၊ ကွန်မြူနစ်ဖြစ်ကုန်ကြ တယ်။ ဆိုဗီယက်ယူနီယံဆိုတာ ကို ပြန်ကြည့်နိုင် ငံပေါင်း ၁၅ နိုင်ငံလောက် အကုန်သိမ်း ပြီးတော့ ကွန်မြူနစ်လက်အောက် ထည့်ထားတယ်။ ကွန်မြူနစ်ဝါဒ ကြီး ဥရောပကိုစိမ့်ဝင်တဲ့အချိန်မှာ အီတလီနိုင်ငံ ရောမ မြို့ကပုပ်ရဟန်း မင်းကြီးရဲ့ နန်းတော်ကြီးလှုပ်လှုပ်ဖြစ်လာ တယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ နန်းတော်ကြီး လှုပ်လှုပ်ဖြစ် လာတော့ ကွန်မြူနစ်သာတို့ တိုင်းပြည်ကို လွှမ်းမိုးရင် ပုပ် ရဟန်းမင်းကြီးရဲ့ ဘဝတောင် ဘယ်လိုနေရမလဲမသိဘူး။ အဲဒီတော့ ဘာထလုပ်သလဲဆိုတော့ ဘာတီကန်နန်းတော် ကြီးက ရိုမန်ကက် သလစ်ဘုန်းတော်ကြီးများနဲ့ တိုင်းသူ ပြည် သားပေါင်းပြီးတော့ အန်တီကွန်မြူနစ်၊ ကွန်မြူနစ် ဆန့်ကျင်ရေးဝါဒ စတင်ပြီးတော့ ကြိုးပမ်းကြတယ်။ ကွန်မြူနစ်ဝါဒဆန့်ကျင်ရေး ကြိုးပမ်း ကြတော့ ဘာသာရေးနဲ့ပဲတိုက်မှရတော့ မယ်ဆိုပြီးတော့ နိုင်ငံရေးပါတီ တွေထောင်တော့ ခရစ်ယာန်ဒီမိုကရက် တစ်ပါတီ၊ ပရိသတ် ကြီး ပြန်ပြောမယ်။ ရောမ မှာဘာထောင်သလဲ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ။ ဘာပါတီလဲ၊ ဘာသာရေးသည် နိုင်ငံရေးထဲကို သေသေချာချာဝင်သွားတာမဟုတ်လား။ ဘာပါ တီထောင်လဲ။ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီထောင်ပြီး တော့ ချလိုက်တော့မှ ရောမကို ကွန်မြူနစ်မဝင်နိုင်ဘဲနဲ့ ကွန်မြူနစ်တွေနောက် ဆုတ်သွားတယ်။ အဲဒီတော့ ခရစ် ယာန်ဒီမိုကရက်တစ်ပါတီ၊ အီတလီမှာ ၁၉၁၉ ခုနှစ်က တည်ထောင်ပြီးတော့ ပေါ်ပြူလာ အဖြစ်ဆုံးနဲ့ မဲအရဆုံး ပါတီက အဲဒီပါတီပဲဖြစ်ပါတယ်။ဂျာမနီက ဘာတည်ထောင်လိုက်လဲဆိုတော့ ခရစ် ယာန်ဒီမိုကရက်တစ်ယူနီယံဆိုပြီး ဂျာမနီကထောင်လိုက် တယ်။ ဂျာမနီလဲ ကွန်မြူနစ်လွှမ်းမိုးခြင်းကို မခံလိုက်ရ ဘူး။ တစ်နိုင်ငံလုံးကိစ္စ တစ်မျိုးသားလုံးကိစ္စ၊ အမျိုးသား ရေးကိစ္စမှာ တပည့်တော်တို့ သံဃာတော်အရှင်မြတ်တွေ မျက်စိကျယ်ကျယ်၊ နားကျယ်ကျယ်ဖွင့်ပြီးတော့ အနာဂတ် ကို အရှည်မျှော်ပြီးတော့ သတိရှိရှိနဲ့ စောင့်ကြည့်တော် မူကြပါလို့ တပည့်တော်လျှောက်ပါတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

“ဆရာတော်ကြီး သြ၀ါဒက ရှင်းပါတယ်။ မဘသ အနေနဲ့ ရေရှည် ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီး ရှိနေတယ်။ မျိုးစောင့် ဥပဒေ လေးခုအပြင် နောက်ထပ် ဥပဒေတွေ ပြဌာန်းနိုင်ဖို့ လုပ်ဆောင်ရမယ်။ အမျိုးသားရေး ကိစ္စတွေမှာ အဓိကအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲမှာ မျက်စေ့ကျယ်ကျယ်ဖွင့်၊ နားကျယ်ကျယ်စွင့်ရမယ် ဆိုတာပါပဲ။ မဘသ ရှေ့ဆက်လက် လျှောက်လှမ်းရမယ့် လမ်းကြောင်းကို ပြသလိုက်တာပါပဲ။ ဘုန်းကြီးတို့ လောလောဆယ် ရွေးကောက်ပွဲမှာ လူရွေးမမှားဖို့ လုပ်ရပါမယ်။ ပြီးခဲ့တဲ့အပတ်ကထင်တယ်။ ဆဲဗင်းဒေးသတင်းစာမှာ ကာဒီနယ် ချားလ်စ်မောင်ဘိုက မဲဘယ်လိုပေးရမယ်၊ လူဘယ်လိုရွေးရမယ် ဆိုတာ ကြေညာချက် ထုတ်ထားတယ်။ မီဒီယာတွေမှာ ရေးသားဖော်ပြနေတယ်။ ပြီးတော့ NLD ပါတီရဲ့ ဥပဒေအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုနီက မူဆလင်တွေ ဘယ်လို မဲပေးရမလဲ ဆိုတာကို သတင်းမီဒီယာတွေ၊ လူမှုကွန်ရက်တွေက ထုတ်ပြန်ပေးနေတယ်။ ကဲ မီဒီယာတွေ၊ ထောက်ပြသူတွေကို မေးချင်တာက ဘုန်းကြီးတို့ကို ဘာဖြစ်လို့ ပစ်မှတ်ထားနေသလဲ ဆိုတာပါပဲ။ သူများဘာသာတွေ ဒီလို ပြောနေတာ၊ မီဒီယာတွေမှာ ရေးနေတာတွေကို ဒေါ်အောင်ဆန်းစုကြည်ရော NLD ရော မီဒီယာရော ဘာတစ်ခုမှ မကောင်း မပြောဘူး။ ဘယ်ပြောမလဲ။ ဒီတော့ ဘုန်းကြီးတို့ လက်ရှိအနေအထားထက် ပိုပြီး အရှိန်မြှင့်လုပ်ရတော့မယ်။ အများကြီး ကြိုးစားဖို့ လိုနေသေးတယ်။ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာအောင် ဆက်လုပ်သွားမယ်” ဟု မဘသ ဦးဆောင်ဆရာတော်တစ်ပါးက မိန့်သည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: