ဆေးဝါးဈေးကွက်တွင် ငှက်ဖျားဆေး(ထိုးဆေး)အတုများ တွေ့ရှိဟုဆို
ရန်ကုန်၊ အောက်တိုဘာ ၉
ဆေးဝါးဈေးကွက်တွင် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန(FDA) က အသိအမှတ်ပြု စစ်ဆေးထားသော Myanmar Registration Number နံပါတ်မပါသည့် ငှက်ဖျားဆေး(ထိုးဆေး)အတုများ တွေ့ရှိကြောင်း အင်းစိန်ပြည်သူ့ဆေးရုံကြီးက ပါမောက္ခ ဒေါက်တာ မာမာကြည်က ပြောကြားသည်။
"ဆေးအတုတွေက အန္တရာယ်အလွန်များတယ်။ ဆေးရဲ့ quality (အရည်အသွေး)မပြည့်ဘူး၊ ၁၀၀ ရာခိုင်နှုန်း သေနိုင်တယ် " ဟု ၎င်း ကဆိုသည်။
အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ငှက်ဖျားရောဂါကြောင့် ဆေးကုသမှုလာရောက်ခံယူသူများတွင် ဆေးကုသမှုခံယူသူ ၁၀ ရာခိုင်နှုန်းခန့်မှာ အာတီမီနင်ဆင်းဆေး ယဉ်ပါးနေကြောင်း ဒေါက်တာမာမာကြည် ကပြောဆိုသည်။
ဆေးဝါးဈေးကွက်တွင်းတွင် ဈေးနှုန်းပိုမိုသက်သာသည့် တရုတ်နှင့် အိန္ဒိယနိုင်ငံက ဆေးများကို အများဆုံးတွေ့နိုင်ပြီး၊ သက်တမ်းလွန်ဆေးဝါးဖြစ်လျှင်ပင် စွန့်ပစ်ခြင်းမပြုဘဲ သက်တမ်းရေးမှတ်ထားသည့် တံဆိပ်များနေရာတွင် အခြားတံဆိပ်ကို ကပ်၍ ရောင်းချတတ်ကြောင်း ရန်ကုန်မြို့၏ ဆေးဝါးဈေးကွက်ကြီးတစ်ခုဖြစ်သည့် ဗိုလ်ချုပ်ဈေးက ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောကြားသည်။
ပြည်နယ်နှင့်တိုင်းများရှိ ဆေးဆိုင်များကို ယခုနှစ်အတွင်း ဆေးဝါးနှင့်ပတ်သတ်သည့် အသိပညာများပေးသွားမည်ဖြစ်ကြောင်း၊ ဌက်ဖျားရောဂါဆေးနှင့်ပတ်သတ်၍ ဆေးယဉ်ပါး၍အသုံးမပြုရန် မှတ်ပုံတင်ရုပ်သိမ်းထားပြိးဖြစ်သည့်ဆေးများကို ဆက်လက်အသုံးမပြုရန် ထည့်သွင်းပညာပေးသွားမည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ငှက်ဖျားဖြစ်သူ နှစ်သိန်းကျော်ရှိကြောင်း ငှက်ဖျားရောဂါအများဆုံးဖြစ်ပွါးသည့်ဒေသမှာ ရခိုင် နှင့် စစ်ကိုင်းတိုင်းတို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှုး(ရပကန) ဒေါက်တာအေးမွန်မွန်ကျော်က ပြောကြားသည်။
The Voice Weekly
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment