ဖုန်းဆင်းမ်ကတ်ကို မှတ်ပုံတင်ကာ သုံးစွဲရသည့်စနစ် ကျင့်သုံးမည်ဟု ဆက်သွယ်ရေးနှင့် နည်းပညာဌာနမှ ရဲမှူးနေထွန်းနိုင် ပြောကြား
မြန်မာနိုင်ငံတွင် ဖုန်းဆင်းကတ်များကို မှတ်ပုံတင်ကာ သုံးစွဲရမည့်စနစ် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ ရဲမှူး နေထွန်းနိုင်က ပြောသည်။
အဆိုပါ စနစ်ကျင့်သုံးရန် စီစဉ်ရခြင်းမှာ အနာဂတ် ကာလတွင် နည်းပညာ အသုံးပြုကာ မှုခင်း ကျူးလွန်မှုများကို တားဆီးနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၄င်းက ဆက်လက် ပြောကြားသည်။
“ကျွန်တော်တို့ဆီမှာ ဆင်းကဒ် တော်တော်များများက Up to Date Register မရှိပါဘူး။ ဒီလို Register မလုပ်ထားတဲ့ အတွက် မိုဘိုင်းနဲ့ ဆက်စပ်နေတဲ့ အငြင်းပွားဖွယ် ပြဿနာတွေ ဖြစ်လာရင် တရားရုံးမှာ ဖြေရှင်းဖို့ ခက်ပါတယ်။ နောင်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ မိုင်ဘိုင်းနဲ့ ဆက်စပ်နေတဲ့ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့ ဆင်းကတ်တွေကို Register လုပ်ဖို့ အကောင်အထည် ဖော်သွားမှာပါ။ အဲဒီအတွက် ဆက်သွယ်ရေး ဥပဒေက ရှိပြီးသားပါ”ဟု MICT Parkတွင် အောက်တိုဘာ ၁၀ရက်က ပြုလုပ်သောပွဲတွင် ပြောကြားခဲ့သည်။
မကြာမီ ကာလအတွင်း၌ မြန်မာနိုင်ငံတွင် Online Shoping, Economicများ တွင်ကျယ်လာပါက ၄င်းနှင့် ဆက်စပ်၍ အွန်လိုင်းမှုခင်းများ ဖြစ်လာနိုင်သဖြင့် ယင်းစနစ်ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။
“ဆက်သွယ်ရေး ကုမ္ပဏီတွေ အနေနဲ့ ပြည်သူတွေဆီကို ရောင်းအားတက်အောင် လုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဆက်သွယ်ရေး Operatorတွေအတွက် ဥပဒေက ရှိပါတယ်။ ပြည်သူက လိုက်မလုပ်တာပါ။ နိုင်ငံခြားမှာဆို Register တိတိကျကျ ရှိတယ်။ မိုင်ဘိုင်းဖုန်း၊ ဆင်းကတ် အသုံးပြုသူ အားလုံး Register လုပ်ဆောင်သွားမှာပါ။ ဘယ်အချိန် အတိုင်းအတာမှာတော့ အကောင်အထည် ဖော်ဖြစ်မလဲ ဆိုတာတော့ မပြောနိုင်သေးပါဘူး”ဟု ရဲမှူးနေထွန်းနိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ ၃၂သန်းကျော် ရှိပြီး ၄င်းတို့၏ ၇၀ရာခိုင်နှုန်းမှာ မိုဘိုင်းဖုန်း အသုံးပြုကာ အင်တာနက် သုံးစွဲကြကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။
K မိုး
Tomorrow
https://m.facebook.com/tomorrow.com.mm
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment