#အတွင်းသိပုဂ္ဂိုလ်ကပြောပြတဲ့ #ဒေါ်စုအကြောင်း
အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌဦးသိန်းညွှန်ရဲ့NLDနဲ့ ဒေါ်စု အပေါ် သုံးသပ်ဝေဖန်ချက်များကို လည်း(၂၁-၈-၂ဝ၁၅) ထုတ် 'မြန်မာရီဗျူး'ဂျာနယ်မှ
ကောက်နုတ်ဖော်ပြပေး လိုက်ပါတယ်။
'ကျွန်တော်ပြောချင်တာက ဟိုတုန်းက (၁၉၉ဝ) ကနေ (၂ဝ၁ဝ) အထိက
ပေးဆပ်သူတို့ NLDရုံးကို လူတောင် မလာဘဲနဲ့၊ တစ်ခါတလေ NLDရုံးမှာ
ဆယ်ယောက်တောင် မပြည့်ဘူး။ NLDရုံးကို လှည့်တောင်မကြည့်တဲ့သူတွေက
ဒီနေ့ အမတ်ဖြစ်ချင်တော့ NLDရုံးမှာ အမတ်ဖြစ်ချင်လို့ တိုးဝှေ့နေတဲ့ ဒါနဲ့ပတ် သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲ။
NLDကို နှစ်ပေါင်းများစွာ ထုဆစ်လာတဲ့ပါတီက ယနေ့ အမတ်ရောဂါအတွက်
အလုအယက်တန်းစီနေအောင် ဘယ်သူလုပ်သွားတာလဲ။ ဘယ်သူတွေ တာ ဝန်ရှိသလဲဆိုတာ ပြန်ဆန်းစစ်ဖို့လိုတယ်'
'ကျွန်တော်တို့ရှိစဉ်တုန်းက NLDဆိုတာ အနစ်နာခံတဲ့ လူတွေရဲ့NLD နာမည်ထုတ်မပြောလိုပါဘူး။ မြို့နယ် တစ်ခုမှာ ဥက္ကဋ္ဌလုပ်နေတဲ့လူက ၈၈ က ကျွန်တော်တို့NLDမှာ လုပ်နေတဲ့ အချိန်မှာ မပါဝင်ခဲ့သလဲ မုန်တိုင်းထန် တဲ့ (၂ဝ၁ဝ) ကာလအထိ မပါခဲ့ဘူး။
အလှူခံရင်တောင် တစ်ပြားမှ မထည့်ခဲ့တဲ့လူက ခုNLDရဲ့ အမတ်လောင်းထဲမှာ ပါနေတယ်။ NLDဟာ တိုက်ပွဲဝင်ပါတီ ကနေ အမတ်လုပ်ချင်တဲ့လူတွေ စု ဝေးတဲ့ ပါတီဖြစ်နေပြီလို့ ပြောချင်ပါ တယ်။'
'နိုင်ငံရေးမှာ စံတင်ထားတဲ့ ရေချိန်မရှိဘဲနဲ့ ပါတီတစ်ခုမှာ အဲဒီလိုလူ တွေများလာရင် မြန်မာပြည်မှာ အ ချောင်သမားဝါဒ ထွန်းကားလာမှာပေါ့။ အဲဒီလိုပါတီသာ အနိုင်ရရင် တိုင်းပြည်က အခြေအနေဆိုးလိမ့်မယ်။
အမှန်တကယ်မှာ လူတွေထင်ထားသလို မဖြစ်ရင် အီဂျစ်ကိုပဲကြည့်လေ၊
အာဏာရှင်ကိုမုန်းလို့ ရွေးချယ်မိတာကလည်း အာဏာရှင်ဖြစ်နေတော့
့လူထုရဲ့ တိုက်ပွဲဝင်ပုံစံ ပြောင်းသွားပြီး ဒုက္ခ ရောက်တဲ့အခါကျတော့ "စစ်တပ်က" တစ်ကျော့ပြန်ပြီး နိုင်ငံရေးဇာတ်ခုံပေါ် တက်ခဲ့တာ တွေ့ရတယ်။
အဲဒီတော့ ကျွန်တော်တို့ဆီမှာလည်း ဒီမိုကရေစီ အရေးဆိုပြီး ယေဘုယျပြောပြီး နှစ်အစိတ်မှာ ဘာရလဒ်မှ မပြနိုင်တဲ့ ကိုယ်တိုင်ကလည်း အာဏာနဲ့ ပတ်သက်ရင် လူတွေကိုမကြည့်နဲ့ တံဆိပ်ကို ကြည့်လို့ပြောပြီး အာဏာလိုချင်တဲ့ လူတွေ တိုင်းပြည်တက်လာရင် လူထု မျှော်လင့်ချက်နဲ့ လွဲချော်လိမ့်မယ်လို့ ပြောချင်တယ်။'
'နောက် ၉ဝ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကရွေးကောက်ပွဲ ဝင်တဲ့ အခါမှာ အမျိုးသားရေးလိုအပ် ချက်အရ ဒီမိုကရေစီ စနစ်ကို ထူထောင်ဖို့
အဲဒီတုန်းက အတိအလင်း ကြေညာခဲ့တာပဲ။ အခုNLDကတော့ သမ္မတ လုပ်ချင်တယ်။ အာဏာလို ချင်တယ်၊ အစိုးရအဖွဲ့ဖွဲ့ဖို့ပဲအော် ပြီး ကိုယ့် ဒီမိုကရေစီ အင်အားစုအ ချင်းချင်းတိုင်းရင်းသားအင်အားစုတွေ
အကုန်လုံးကို လိုက်ပြိုင်လိုက်တိုက် နေရင် ငါစွဲကြီးတဲ့ ငါ့မှာ အင်အားကြီး တယ်။
ငါ့မှာ အရှိန်အဝါကြီးတဲ့ အယူ အဆနဲ့ (၂ဝ၁၅) အခင်းအကျင်းကို ပြင် ဆင်လာတဲ့အတွက်မြန်မာနိုင်ငံ လူထုရဲ့ နိုင်ငံရေးရေချိန်ပြဖို့ လိုပြီလို့ မြင်မိပါ တယ်။'
'ပြည်သူတွေ ခုအချိန်မှာ အရမ်း အားကိုးတဲ့ပါတီခေါင်းဆောင်ဟာ
နှစ် ပေါင်း (၂၅) မှာ ဘာရလဒ်ထွက်အောင် လုပ်နိုင်လို့လဲ။
လွှတ်တော်တက်တဲ့ ကာလအတွင်းမှာ
☆သူဥပဒေကြမ်းတစ်ခု တင်ခဲ့သလား???
☆အဆိုတစ်ခု တင်ခဲ့ သလား???
☆မေးခွန်းတစ်ခု တင်ခဲ့သလား???
☆တပ်မတော်ကို ဘယ်လောက် စည်းရုံးနိုင်ခဲ့သလဲ?? ဆိုတာ လူထုက လက် တွေ့အကဲဖြတ်ပေါ့။
ပွင့်ပွင့်လင်းလင်း ပြောရရင် (၉၅) ခုနှစ်ကတည်းက ကျွန်တော်တို့NLDမှာ လွှတ်တော်ကိုယ်စား လှယ်စာရင်းတွေ ပေးခဲ့တယ်။
(၂ဝ၁ဝ) မှာ အခြေခံဥပဒေ မပြင်လို့ သပိတ် မှောက်တယ်။ မပြင်ဘဲနဲ့ ကြားဖြတ်ရွေး ကောက်ပွဲဝင်ခဲ့တာကလွဲရင် သူ့ရဲ့နိုင်ငံ ရေးမှာ ရလဒ်ထွက်တာ မတွေ့ရ ဘူး။'
'ဆုတွေ လာဘ်တွေတော့ သူအများကြီးရခဲ့တယ်။ ရဲရဲကြီးမေးစမ်းပါ၊
ပြည်သူလူထုအတွက် လွှတ်တော်တွင်းမှာ လွှတ်တော်ပြင်ပမှာ ထူးထူးချွန်ချွန်
ဘာတွေလုပ်သလဲဆိုတာ လူထုက သတ္တိရှိရှိ မေးခွန်းထုတ်ပြီး
မဲပေးတဲ့အခါမှာ မှန်မှန်ကန်ကန်ပေးနိုင်ကြဖို့လို တယ်'
စနစ်ပြောင်းနိုင်တာ NLDပါတီပဲ ရှိပါတယ်လို့ အသံကောင်းဟစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီအ ပေါ် ဝေဖန်ချက်များကို ကြည့်လိုက်ရင်
NLD ပါတီကိုယ်တိုင် "ဒီမိုကရေစီကျင့်စဉ်ကို" မကျင့်သုံးဘူး၊
အာဏာရှင်ဆန် တယ်ဆိုတာ တညီတညွတ်တည်း ပြောကြတယ်။
ရွေးကောက်ပွဲမှာ မဲနိုင် ပြီး အစိုးရဖွဲ့နိုင်ရင် ဒီထက်ပိုဆိုးမယ်၊ လက်ထဲမှာ အာဏာကို မဆုပ်ကိုင်ရ သေးခင်မှာတောင် ဒီလောက် အခြေအ နေဆိုးနေပြီဆိုရင်
အာဏာဆိုတာကြီး များ ဆုပ်ကိုင်မိလိုက်ပါက တစ်တိုင်း ပြည်လုံး နစ်နာဆုံးရှုံးရမယ့် အနေအ ထားကို မုချရောက်သွားနိုင်တဲ့အတွက်
NLDကို မဲမပေးပါနဲ့၊
အခြားသော အမျိုးသားရေးပါတီများ၊ ဒီမိုကရေစီ အင်အားစုများ၊
တိုင်းရင်းသား ပါတီများကို မဲပေးကြပါလို့ နှိုးဆော်တိုက်တွန်း အပ်ပါတယ်
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment