ရေခဲသဏ္ဌာန် ခရစ်စတယ်အလင်းပေါက်သည့် မီသာဖီတာ မင်းစိတ်ကြွဆေးများ ဖမ်းဆီးရမိမှုများလာ
မြန်မာနိုင်ငံသို့ ရေခဲသဏ္ဌာန် ခရစ်စတယ်အလင်းပေါက်သည့် မီ သာဖီတာမင်းစိတ်ကြွဆေးများ ယခု နှစ်အတွင်းဝင်ရောက်လာပြီး ဖမ်းဆီး ရမိမှုများ လာကြောင်း သိရသည်။
အဆိုပါဆေးသည် မြန်မာနိုင်ငံ အတွင်းဝင်လာသည့် နောက်ဆုံးပေါ် အဆင့်မြင့်စိတ်ကြွရူးသွပ်ဆေးအမျိုး အစားတစ်မျိုးဖြစ်သည်။
''ဒီစိတ်ကြွဆေးတွေက ရေခဲလို မျိုး ခရစ်စတယ်အလင်းပေါက်တယ်။ လှလဲလှတယ်။ Ice Crystal လို့ခေါ် တယ်။ Methamphetamine အမျိုး အစားပေါ့။ ဓာတုပစ္စည်းတွေနဲ့ပေါင်း စပ်ဖန်တီးထားတယ်။ ဘယ်လောက် ပြင်းလဲဆိုရင် ထုတ်လုပ်တဲ့ဖန်ပြွန်မှာ တောင် မီးတောက်တယ်လို့ ကြားဖူး တယ်။ အခု မြန်မာနိုင်ငံကို ဝင်လာ တယ်။ အရင်ကမရှိဘူး။ မြန်မာနိုင်ငံ မှာဖမ်းမိတာ တော်တော်များလာပြီ''ဟု မူးယစ်ဆေးဝါးပပျောက်ရေးအ ထိမ်းအမှတ်ပြတိုက်မှ ရဲမှူး ညီညီလင်း က ပြောသည်။
ယင်းဆေးများသည် ခရစ်စတယ် ပုံအစိုင်အခဲများဖြစ်ပြီး စိတ်ကြွဆေး မှန်းသိရှိသူနည်းပါးနေကြောင်း သိ ရသည်။
''ရေခဲပုံလေးဆိုတော့ စိတ်ကြွ ဆေးမှန်း မသိနိုင်တော့ဘူး။ မသိတဲ့ သူတွေကို ဆွဲဆောင်ရလွယ်သွားတယ်။ ဆေးသုံးပါများရင် ဦးနှောက်ပျက်တတ် တယ်။ ကင်ဆာဖြစ်မယ်''ဟု ယင်းက ဆက်ပြောသည်။
ရေခဲသဏ္ဌာန်စိတ်ကြွဆေးနှင့် အခြားစိတ်ကြွဆေးများကို မြန်မာနိုင်ငံ လောက်ကိုင်ဒေသတွင် ထုတ်လုပ်လျက် ရှိကြောင်းနှင့် အရင်းအနှီးနည်းပါးပြီး ဝယ်ယူသူများပြားသောကြောင့် မြန် မာနိုင်ငံ၏အထင်ကရမြို့များသို့ ရောက် ရှိကာ ရောင်းဝယ်သုံးစွဲနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှသိရသည်။
YangonMediaGroup
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment