လိင်ဆက်ဆံခြင်းမပြုပါက အသက် ၁၅၀ နှစ်ထိ အသက်ရှင်နိုင်ဟု သိရ
Wednesday, October 14, 2015
လူသားတွေ လိင်ဆက်ဆံခြင်း မပြုပါက အသက် ၁၅၀ နှစ်အထိ အသက်ရှိနိုင်ဟု Biogerontology Research Foundation ခေါ် UK ဥာဏ်ကြီးရှင်အဖွဲ့တစ်ဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ ဗြိတိသျှလူမျိုးပါမောက္ခ Alex Zhavo Ronkov က Daily Mirror သတင်းသို့ ပြောပြခဲ့ပါတယ်။
သူ့ရဲ့ စာအုပ်သစ် The Ageless Generation မှာ သူက ကာမဆက်ဆံခြင်း မရှိသောဘဝက ကျွန်ုပ်တို့ အသက် ပိုမိုရှည်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ လိင်ဆက်ဆံတာ အားအင်စုပ်ယူကုန်ခန်းစေတဲ့ အနှောင့်အယှက်တွေထဲက တစ်ခုဖြစ်ကြောင်း သူက ထပ်မံ သတိပေးထားပါတယ်။
နောက်ကျမှ အိမ်ထောင်ပြုခြင်းနဲ့ ကလေးမွေးဖွားခြင်းက မိမိတို့ရဲ့ ဘဝသက်တမ်း အပြောင်းအလဲဖြစ်စေတဲ့ အကျိုးဆက် ဖြစ်ကြောင်း သူက ထပ်ပြောပါတယ်။
အဲဒီအစား လေ့ကျင့်ခန်းပုံလုပ်ပြီး အစားလျော့စားဖို့ အကြံပြုထားပါတယ်။ သူကတော့ တစ်နေ့ ကယ်လိုရီ ၁၆၀၀ ကနေ ၁၇၀၀ ကြား စားသုံးတယ်။ အများစုမှာ သစ်သီး၊ ဒိန်ခဲနဲ့ ပရိုတိန်းဓာတ်တွေ ဖြစ်တယ်လို့ Zhavoonkov က ပြောပါတယ်။
အသက် ၁၅၀ ကျော် အသက်ရှင် နေထိုင်ဖို့ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ သေဖို့ စီမံချက်လုံးဝ မရှိတာပါ။ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာ သိမှတ်ပြီး အသက်ရှင်ဖို့သာ လိုအပ်ကြောင်း Zhavoronkov က နောက်ဆုံးစကား ပြောဆိုခဲ့တယ်။
မေးခွန်းကတော့… ကာမရသခံစားပြီး ခဏပဲ အသက်ရှင်မှာလား သို့မဟုတ် အသက်ရှည်ရှည်နေထိုင်သွားမလား ဆိုတာပဲဖြစ်ပါတယ်။
Ref: Indiatimes
Trend Myanmar
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment