တာဝန်သိပြည်သူ့မီးလင်းရေးက်ာမတီများကို ပြည်နယ်အစိုးရ ဖျက်သိမ်းခြင်းကြောင့်
ရပ်ကွက်ကျေးရွာအချို့တွင် ပြဿနာဖြစ်ပွားနေ
18.10.2015
မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်) မြစ်ကြီးနားမြို့နယ်နှင့် ဆင်ဘိုမြို့နယ်ခွဲအတွင်းရှိ တာဝန်သိ ပြည်သူ့မီးလင်းရေးကော်မတီများကို လဂျွန်ငန်ဆိုင်းဦးဆောင်သော ကချင်ပြည်နယ်အစိုးရအဖွဲ့က (၁၆.၇.၂၀၁၅)နေ့တွင် ၂၄/၂၀၁၅ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖျက်သိမ်းလိုက်တာကြောင့် ရပ်ကွက်ကျေးရွာအချို့တွင် တာဝန်သိပြည်သူများနှင့် တာဝန်မဲ့ပြည်သူများအကြား ပြဿနာ ဖြစ်ပွားနေတယ်လို့ သိရှိရသည်။
ကျွန်မတို့ဘေးအိမ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ မီးသွယ်ထားတယ်၊ မီးလင်းရေးကော်မတီက ရပ်ကွက်အုပ်ချုပ်ရေးကို သွားပြောတော့ ပြည်နယ်အစိုးရက မီးလင်းရေးကော်မတီများကို ဖျက်သိမ်းလိုက်တာကြောင့် ခွင့်ပြုလိုက်တာတို့ ပြောပါတယ်၊ ကျွန်မတို့က ကိုယ်ထူကိုယ်ထစနစ်နဲ့ ကိုယ့်ရပ်ကွက် ကိုယ့်လမ်းသွယ် မီးရရှိရေး ငွေကုန်ကြေးကျခံပြီး လုပ်ထားရတာပါ၊ အစိုးရရဲ့ထောက်ပံ့ငွေ တစ်ပြားမှ မပါပါဘူး၊ ကျွန်မတို့လမ်းသွယ်(၁၅)မှာ အိမ်ခြေ (၄၀)လောက်ရှိတယ်၊ တစ်အိမ်ကို (၁၂၀၀၀၀ိ)ထည့်ရပါတယ်၊ ပွဲပြီးမှ ဖျက်သိမ်းတာတွေ ခွင့်ပြုတာတွေ လာလုပ်နေတယ်၊ လုပ်နေတုန်းကတော့ ဘာမှ လုပ်မပေးဘဲနဲ့၊ အုပ်ချုပ်ရေးမှူးကတော့ ညှိကြည့်ပေးမယ်လို့တော့ ပြောပါတယ် လို့ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်တွင် နေထိုင်သူတစ်ဦးက ပြောဆိုပါသည်။
အလားတူ ပြဿနာမျိုးတွေ မြစ်ကြီးနားမြို့နယ်တွင်းက ရပ်ကွက်ကျေးရွာအချို့တွင် ကြားသိနေရပြီး ၂၀၁၅၊ သြဂုတ်လ(၆)ရက် ရက်စွဲဖြင့် မြစ်ကြီးနား ထွေအုပ်ရုံးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ရှင်းလင်းပြောကြားသွားရန် ညွှန်ကြားထားသော်လည်း တစ်ချို့ရပ်ကွက်တွေမှာ ခေါ်ယူရှင်းပြတာမျိုးတွေ မရှိဘူးလို့လည်း သိရပါသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment