၂၀၁၅ ရွေးကောက်ပွဲ သန့်ရှင်းလွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည်ဟု မထင်ကြောင်း ဦးမင်းကို နိုင်ပြောကြား
ရန်ကုန် ၊အောက်တိုဘာ ၁၈
မဲဆန္ဒရှင်စာရင်းများမှားယွင်းမူ အမြောက်အမြားရှိနေပြီး ပြည်ပတွင်ပေးရသော ကြိုတင်မဲပေးခြင်း ကိစ္စများတွင် အမှား အယွင်း ဖြစ်နေသော ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ သန့်ရှင်းလွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မည် ဟု မထင်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
စင်ကာပူ အပါအဝင် ပြည်ပနိုင်ငံများ၌ ကြိုတင်မဲပေးခြင်းပေးရာတွင် အမှားအယွင်းများနေခြင်းမှာ ရိုးသားမူမရှိကြောင်း ၎င်းကဆိုသည်။
အောက်တိုဘာလ ၁၈ရက်နေ့ မြို့တော်ခန်းမရှေ့တွင်ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျောက်တံတားမြို့နယ် ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ခြင်းနှင့် မဲဆွယ်စည်းရုံးရေးဟောပြောပွဲတွင် ၎င်းက ယင်း သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ပြင်ပမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံအကောင်းစားဖို့အတွက်ကိုအတွက် ကြိုးစားကြ တဲ့အချိန်မှာ လမ်းဘေးမှာထိုင်စောင့်ပြီးတော့ ပလက်ဖောင်းမှာအိပ်နေရပြီး မဲပေးဖို့စောင့်နေကြရတယ်၊မဲပေးတော့ သံရုံးတွေကထွက်လာတဲ့မဲတွေက အလုံးလိုက်အရင်းလိုက် မှားယွင်းနေတာ၊ကျွန်တော်တို့ကတော့ ရိုးရိုးသားသား ဖြစ်တယ်လို့ကျွန်တော်တို့ မထင်ဘူး”ဟု၎င်းကဆိုသည်။
အောက်တိုဘာလ ၁၆ရက်နေ့မှ စတင်က စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲကို သက်ဆိုင် ရာသံရုံးတွင် စတင်ပေးနိုင်သော်လည်း မဲစားရင်းတွင် နာမည်မပါခြင်း၊ကိုယ်စားလှယ်လောင်းနာမည်များ မပါခြင်းနှင့် လွှတ်တော် သုံးရပ်စလုံးအတွက် မဲပေးခွင့် ကတ်သုံးခုစလုံး မဲပေးခွင့်မရရှိခြင်းတို့ဖြစ်ပေါ်နေ ကြောင်း ၎င်းကဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့ တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပမည့် ရွေးကောက်ပွဲနေ့တွင်လည်း ပြည်သူလူထုအနေနှင့် ကူညီစောင့်ကြည့်ပေးရန် လိုအပ်ကြောင်း၎င်းကဆိုသည်။
မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၃၀၇မြို့နယ်မှ ပြည်ပနိုင်ငံ၃၇ နိုင်ငံ၃၇နိုင်ငံသို့ရောက် ရှိနေပြီး မဲပေးခွင့်စာရင်း ရှိသူ ၃၀၀၀၀ကျော်ရှိကြောင်း၊ ၎င်းတို့အတွက် နိုင်ငံခြားရေးဝန်ကြီးဒေသမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံ သံရုံးများ သို့မဲလက်မှတ် များပေးပို့ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment