Monday, October 12, 2015

ဥရုမြစ်နှင့်ချင်းတွင်းမြစ်ဖျားပိုင်းရှိ နန့်စကားချောင်းနှင့်နန့်တောရွာတို့၌ ပြဒါးပါဝင်မှု စိုးရိမ်ရသည့်အဆင့်ရှိနေ =================================================

ဥရုမြစ်နှင့်ချင်းတွင်းမြစ်ဖျားပိုင်းရှိ နန့်စကားချောင်းနှင့်နန့်တောရွာတို့၌ ပြဒါးပါဝင်မှု စိုးရိမ်ရသည့်အဆင့်ရှိနေ
=================================================

မုံရွာ အောက်တိုဘာ ၁၁

မြန်မာနှင့်ထိုင်းနိုင်ငံတို့ပူးပေါင်းပါဝင်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့(SEI) အနေဖြင့် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလက ချင်းတွင်း မြစ်ရေရှည်တည်တံ့ရေးများကို ချင်းတွင်းမြစ်တစ်လျှောက် ကွင်းဆင်းလေ့လာ တိုင်းတာခဲ့ကြရာ ချင်းတွင်းမြစ်သောက်ရေတွင် သတ္တုပါဝင်မှုနှုန်းကင်းစင် ကြောင်း တွေ့ရသော်လည်း ဥရုမြစ်နှင့် ချင်းတွင်းမြစ်နေရာများ မြစ်ဖျားပိုင်း ရှိ နန့်စကားချောင်းနှင့် နန့်တောရွာတို့တွင် ပြဒါးပါဝင်မှုမှာ စိုးရိမ်ဖွယ် အဆင့်တွင် ရှိနေကြောင်း သိရသည်။
''ပြီးခဲ့တဲ့လကချင်းတွင်းမြစ်တစ်လျှောက် ရေအရည်အသွေးစစ်ဆေးတာ တွေ ပြုလုပ်ခဲ့ပါတယ်။ နောင်ပိုအောင်မှာရှိတဲ့ အချို့ရေတွင်းတွေမှာ ဗက်တီးရီးယားပိုးတွေနဲ့ညစ်ညမ်းနိုင်တာကိုတွေ့ရသလို သတ္တုတူးဖော်မှု ကြောင့် ရေညစ်ညမ်းခြင်းနဲ့ နောက်ကျိတာဖြစ်လို့ ရေအရည်အသွေးကို ကျဆင်းစေတာဖြစ်ပါတယ်။ အလွယ်သယ်ဆောင်နိုင်သော စမ်းသပ်ကိရိယာ များနဲ့ မျက်မြင်မြစ်ရေအရောင်တွေကို လေ့လာရင် သတ္တု ပါဝင်ညစ်ညမ်းမှုကို လေ့လာတာဟာအကန့်အသတ်တွေရှိပါတယ်'' ဟု SEI မှ တာဝန်ရှိသူတစ်ဦး က ပြောပြသည်။
ပုံမှန်ရေအရည်အသွေး စောင့်ကြည့်လေ့လာခြင်းသည် ချင်းတွင်းမြစ်ဝှမ်း အတွက် အရေးကြီးနေပြီဖြစ်ရာ စောင့်ကြည့်လေ့လာခြင်းကို အနည်းဆုံး တစ်နှစ်လျှင်နှစ်ကြိမ်မှ လေးကြိမ်ဆောင်ရွက်ရန်လိုသလို ရေအရည်အသွေး စောင့်ကြည့်လေ့လာခြင်း မဟာဗျူဟာသည် လမ်းညွှန်ချက်ပေးရန် လိုအပ် သောစီမံချက်နှင့် ရေအရည်အသွေးတိုင်းတာခြင်းအတွက် ဦးစားပေး ဖြစ်ကြောင်း သိရသည်။ ရေနမူနာများဓာတ်ခွဲခန်းသို့ ပို့ဆောင်ရာတွင် သင့်လျော်သော နည်းစနစ်နှင့် ကိရိယာများလိုအပ်သလို ဝေးလံသောနေရာ များမှ ပို့ဆောင်လာခြင်းများကို အလေးထားလုပ်ဆောင်ဖြေရှင်းကြရမည် ဖြစ်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ဝှမ်း ရေရှည်တည်တံ့ရန်ဖွဲ့စည်းထားသော ချင်းတွင်းမြစ် ဝှမ်း အဖွဲ့အစည်းသည် ချင်းတွင်းမြစ်ဝှမ်းနှင့် သက်ဆိုင်သောအဖွဲ့အစည်း များအတွင်း ရေအရည်အသွေးအတွက် တည်နေရာသတ်မှတ်ကူညီပေးသွား ရန် စီစဉ်ထား ပြီး မုံရွာနည်းပညာတက္ကသိုလ်နှင့် မုံရွာတက္ကသိုလ်တို့ပူးပေါင်း ၍ ဇီဝဆိုင်ရာအညွှန်း(မျိုးစိတ်များကွဲပြားမှု)ဆိုင်ရာဖြစ်သည့် ရေအရည် အသွေးအတွက် အညွှန်းကိုအသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။ှSEI ပူးပေါင်းအဖွဲ့အနေဖြင့် ချင်းတွင်းမြစ်ဝှမ်းဒေသမှ လက်ရှိရေအရည်အသွေးကို သိရှိနားလည်ရန်နှင့် ချင်းတွင်းမြစ်တွင် ရေအရည်အသွေးစီမံခန့်ခွဲမှု စောင့်ကြည့်လေ့လာခြင်း မဟာဗျူဟာကို ဖော် ဆောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရ သည်။

မျိုးဝင်းထွန်း(မုံရွာ)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: