Wednesday, October 7, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံကို ခြေဖြင့်နင်းကာ လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေသူကို အမှုဖွင့် ---------------

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံကို ခြေဖြင့်နင်းကာ လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေသူကို အမှုဖွင့်
---------------------------------------

လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သော ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုပ်ပုံကို ခြေဖြင့်နင်းထားသော ဓာတ်ပုံကို ဖြန့်ဝေပြီး ညစ်ညမ်းသောစာများ ရေးသားခဲ့သူကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ကာ စုံစမ်းနေကြောင်း မရမ်းကုန်း မြို့မရဲစခန်းထံမှ သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က Zaw Myo Nyunt Account အမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဓာတ်ပုံနှင့် စာသားများ ရေးသားဖော်ပြခဲ့သောကြောင့် ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုကာ အသရေပျက်အောင် ရေးသားခဲ့သော အကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာမှ မရမ်းကုန်းမြို့နယ်၊ (၇) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းတွင် နေထိုင်သော အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၅ ရက်နေ့က အမှုဖွင့် စုံစမ်း ဆောင်ရွက်နေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ကာချုပ်ပုံ ခြေနဲ့နင်းထားပြီး တပ်မတော်အပေါ် အကြည်အညို ပျက်စေမယ့် ညစ်ညမ်းစာသားတွေ ရေးသားခဲ့သူ မည်သူမည်ဝါဆိုတာ သိရှိရအောင် ရန်ကုန်တိုင်း စစ်ဌာနချုပ်က စုံစမ်းခဲ့ရာမှ ဒီအကောင့်ကို သုံးနေတဲ့ မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို တွေ့ခဲ့တယ်၊ ဒီအမှုမှန်ကို ဖော်ထုတ်နိုင်ဖို့ Cyber Crime အဖွဲ့ကို အကူအညီ တောင်းထားတယ်” ဟု ရန်ကုန် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးတွင် စက်တင်ဘာလ နောက်ဆုံးပတ်က ကျင်းပခဲ့သော ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆုပေးပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း စာသားပါ ဆုပေးစင်မြင့် ကြမ်းခင်းကို သုံးခဲ့သော ဓာတ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ရဲစခန်းအချို့တွင် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် မိမိ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ညစ်ညမ်းဓာတ်ပုံနှင့် ညစ်ညမ်းစာသားများ ရေးသား ဖော်ပြခံရသူတို့က အမှုဖွင့် တိုင်ကြားမှုများ ရှိခဲ့သော်လည်း ယနေ့တိုင် ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း မှုခင်း ဖြစ်ရပ်များအရ သိရှိရသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: