Wednesday, October 7, 2015

ဒေါ်စုကြည် ပြောတဲ့.... ကျမတို့ပါတီက မြေမသိမ်းပါဘူး... အိမ်လေးပါ ပါကာမှ.....

ဒေါ်စုကြည် ပြောတဲ့....
ကျမတို့ပါတီက မြေမသိမ်းပါဘူး...
အိမ်လေးပါ ပါကာမှ.....

ကျမတို့ပါတီ အာဏရရင်...
ပြည်သူထုဆီက မြေတွေမသိမ်းပါဘူး...
ဆိုတဲ့ ဒေါ်စုကြည် ရဲ့ အာမခံချက်ကို...
ဒေါ်စုကြည် လိပ်ပြာသန့်ဖို့လိုပါတယ်....

NLDသည် ၄င်းတို့ပါတီ အောင်နိုင်ရေး မူဝါဒများကို ကြေငြာရာတွင်.......
တောင်သူလယ်သမားများ အပါအဝင်....
ပြည်သူလူထုထံမှ.......
မြေသိမ်းသည့်ကိစ္စကို သူတို့ပါတီအနေဖြင့် တိုက်ဖျက်သွားမည်......
ဖြစ်သည့်အကြောင်း ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်.....

ဤသည်မှာ ယခင် နယက .....
အစိုးရလက်ထက်က အထိုက်လျောက်... မြေသိမ်းယူမှုများရှိခဲ့သည်ကို ....
ယခုအစိုးရလက်ထက်တိုင်.....
ဆောင်ရွက်နေသကဲ့သို့အထင်ရောက်ခြင်းအားဖြင့် .....
အာဏာရပါတီနှင့် တပ်မတော်အပေါ်
အထင်အမြင်လွဲမှားအအောင် ......
စည်းရုံးခြင်း တစ်မျိုးလည်း ဖြစ်ပေသည်...

အမှန်တကယ်တွင်......
ပြည်သူလူထုပိုင် မြေယာကို...
သိမ်းယူသည့် လုပ်ရပ်မှာ......
NLD ခေါင်းဆောင် မိသားစုမှ.....
မူလဘူတစတင်ခဲ့သည်ဟုပင်....
ဆိုရမည်ဖြစ်သည်....

ဒေါ်စုကြည်၏မိခင် ဒေါ်ခင်ကြည်သည်....
ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးနောက်....
တာဝါလိန်းလမ်းတွင်ပင် ကလေးသုံးဦးနှင့် ဆက်လက်နေထိုင်နေရာမှ....
သားလတ် အောင်ဆန်းလင်း....
အသက် (၈)နှစ်အရွယ်တွင်...
ရေနစ်သေဆုံးပြီးနောက် ထိုအိမ်တွင်
ဆက်မနေလိုတော့ပေ....

ထို့ကြောင့် အစိုးရအား...
မိမိနေထိုင်ရန် အိမ်တစ်လုံးစီစဉ်ပေးရန်...
ဒေါ်ခင်ကြည်က တောင်းဆိုခဲ့သည်...
အသစ်ဆောက်ပေးရန် လိုအပ်သလားဟု
အစိုးရဘက်မှ အကြောင်းပြန်သောအခါ...
ဒေါ်ခင်ကြည်မှ သူမကြိုက်နှစ်သက်သော
အင်းယားကန်နားမှ အိမ်အသင့်ပါသော...
ခြံတစ်ခြံအား ပူဆာတော့သည်....

အိမ်နှင့်ခြံပိုင်ရှင်မှာ ထိုစဉ်က...
ဦးကျင်သောင်း ဆိုသူဖြစ်သည်...
အစိုးရနှင့်စစ်တပ်အကြီးအကဲများသည်...
ဗိုလ်ချုပ်အောင်ဆန်းနှင့်သွေးသောက်....
ညီအကိုများဖြစ်ကြ၍....
ဒေါ်ခင်ကြည် ၏ တောင်းဆိုချက်အား....
မငြင်းသာတော့ပဲ....
ယခုဒေါ်စုကြည်နေထိုင်သော....
ဦးကျင်သောင်းပိုင်ဆိုင်သည့်....
တက္ကသိုလ်ရိပ်သာလမ်းမှ...
အိမ်နှင့်ခြံအား နိုင်ငံတော်အာဏာဖြင့်....
သိမ်းယူကာ ဒေါ်ခင်ကြည်ထံ...
ပေးအပ်ခဲ့ရပါသည်.....

စဉ်းစားမိသည်မှာ....
NLD က ယခင်အစိုးရအဆက်ဆက်၏...
မြေသိမ်းယာသိမ်းကိစ္စများအား....
ချပြစည်းရုံးနေချိန်မှာ...
NLD ဥက္ကဋ္ဌ ဒေါ်စုကြည်အနေနဲ့...
သူမမိခင် က သူတပါးဆီမှ...
အာဏာဖြင့်သိမ်းယူထားသော...
အိမ်ကြီးပေါ်ဝယ် အခန့်သား....
နေယုံမက ခြံတံခါးတစ်ချပ်ပင်...
ရောင်းစားခဲ့သေးသည်....
ပိုင်ရှင်အစစ်မဟုတ်သော်လည်း...
လောဘ ဖက်ပြီး အကိုအရင်းနှင့်...
ရန်ဖြစ်ခဲ့ပါသည်....

မူလပိုင်ရှင်ဦးကျင်သောင်းမှာ...
ကွယ်လွန်ပြီ ဖြစ်သော်လည်း....
အမွေစား အမွေခံသမီးများဖြစ်သော....
ဒေါ် Andreyကျင်သောင်းနှင့်....
ဒေါ် Annie ကျင်သောင်း တို့၏....
စိတ်ထဲမှာတော့....
သူတို့မိဘပိုင်ခြံရှေ့ ဒေါင်းအလံစိုက်ပြီး...
အပိုင်စီးထားခြင်းအား.....
မချိတင်ကဲ ဖြစ်ချေတော့မည်။

ဟုတ်ကဲ့...
ကျမတို့ပါတီကမြေမသိမ်းပါဘူး.....
အိမ်ရောမြေရောပါမှ။




hotos from ဒေါက်တာဆိတ်ဖွား's post



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: